Cold Chicken with Spicy Sichuan Sauce
ကြက်ပေါင်းကိုအထိမ်းအမှတ်မိတ်ဆုံစားဝိုင်းကြီးတွေမှာအကောင်လိုက်တည်ခင်းတတ်ကြသလိုဒင်းမ်ဆမ်းတွေမှာလည်းပွဲသေးအနေနဲ့တည်ခင်းလေ့ရှိကြပါတယ်။ဒီကြက်ပေါင်းလေးပြင်ဆင်ပြုလုပ်ချိန်မှာဆိုဖီယာ့အဖွားကိုအမှတ်ရလွမ်းမိပါ တယ်။ငယ်ငယ်ကနယ်မြို့တွေမှာအခုလိုကြက်သားတွေကိုသန့်ရှင်းပြီးအဆင်သင့်တွေမရှိသေးတော့အိမ်မှာဧည့်ဖိတ်ရှိရင်ကြက်ပေါင်းတပွဲအမြဲပါတော့ကြက်အမွေးနုတ်တာကစလုပ်ရတာပေါ့ ။အိမ်မှာအဖွားတို့ရဲ့ကြက်ကိုင်နည်းပြောပြချင်တာပါ။
အမွေးနုတ်ဖို့ရေနွေးဖျောတာကစလုပ်ခိုင်းတယ်။အမွေးမနုတ်ခင်ကိုဗိုက်ခွဲအူထုတ်သန့်ရှင်းပြီးရင်ဗိုက်ကိုအပ်နဲ့ပြန်ချုပ်(ရေညစ်ပတ်တွေဗိုက်ထဲမဝင်အောင်)ပြီးမှရေနွေးဖျောအမွေးနုတ်တယ်ပြီးရင်ကြက်တကောင်လုံးကိုရေနွေးနဲ့ဂျီးချွတ်ဖြူဖွေးနေအောင်ခြစ်ပေးရေချိုးပေးရတယ်။ငယ်ငယ်တုန်းကတော့အဲ့လိုလုပ်ရတာအကြာကြီးပျင်းတော့အဖွားကဆူတယ်မိန်းခလေးမို့မလုပ်တတ်လို့မရဘူးဆိုတော့အဖွားကိုပြန်ပြောခဲ့တာလေးအမှတ်ရမိတယ်။အဖွားရယ်အခုခေတ်လေမြို့ပေါ်မှာကြက်တွေအကောင်လိုက်အမွေးနုတ်သန့်ရှင်းပြီးသားကိုယ်တိုင်နုတ်စရာမလိုဘူးလို့အကွန့်တက်ခဲ့တာပေါ့ :-D :-D
ဘာဘဲပြောပြောဒီလိုအချိန်မှာကြက်အကောင်လိုက်ချပေးလည်းလုပ်တတ်ကိုင်တတ်သွားခဲ့တာအဖွားကျေးဇူးတွေကြောင့်ပါ :-) ကြက်ပေါင်းပြုလုပ်ရန်ကြက်ကိုအကောင်လိုက်ရေဆေးသန့်စင်ပြီးရေစစ်ထားပါ။မွေးမြူရေးကြက်ကတော့အရသာအရှိဆုံးပေါ့...မလွယ်ရင်CPလည်းသုံးနိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
ကြက်တကောင် - တကီလိုခွဲခန့်
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဂျင်း - တတက်
ကြက်သွန်ဖြူ -တဥ
ရှောက်ကော - ၃လုံး
နာနတ်ပွင့် - ၂ပွင့်
ဆော့စ်ပြုလုပ်ရန်ပါဝင်ပစ္စည်း
********************
ပဲငံပြာရည်အကြည်
ကြက်သွန်မိတ်အရင်း
နှမ်းဆီမွေး
ကြက်သွန်ဖြူဆီချက်
ဟွားကျောက်ဆီ(#sichuanpepper )
နှမ်းလှော်
အချဉ်ရည်
သကြား
ငရုပ်သီးဆီချက်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ရေစစ်ထားသောကြက်ကိုဆားဖြင့်တကောင်လုံးအနှံ့လူးပြီးနယ်ထားကာဆားဝင်အောင်တနာရီခန့်နှပ်ထားပါ။ဂျင်းအတက်လိုက်ထုပြီးထည့်ပါ။ရှောက်ကောကိုလည်းထုထားပါ။ကြက်သွန်ဖြူထပ်ခြမ်းခြမ်းထားပါ။
2.မွေးမြူရေးကြက်သုံးပါကကြက်နှင့်ရေတခါထဲထည့်ပြီးပြုတ်နိုင်ပါတယ်ကြက်တကောင်လုံးမြုတ်သည်ထိရေထည့်ကာနူးအိသည်ထိပြုတ်ပါ။
CPကြက်ကိုသုံးပါကရေဆူပွက်မှသာကြက်သားကိုချပြီးဆယ်မိနစ်ပြုတ်ပါ။
3.အသားနူးအိပါကလိုသလိုလှီးဖြတ်ပြီးကြက်ပေါင်းကြက်စွတ်ပြုတ်ကိုကြက်သွန်မိတ်ဖြူးကာတည်ခင်းနိုင်ပါပြီ။
4.CPကြက်ဖြင့်ပြုလုပ်ပါကဆယ်မိနစ်ပြုတ်ပြီးမီးပိတ်ကာမိနစ်၃၀အဖုံးအုပ်ထားပါ။
5.မိနစ်၃၀ပြည့်ပါကဇလုံကြီးကြီးတခုတွင်ရေခဲရေထည့်ပြီးပြုတ်ထားသည့်ကြက်ကိုစိမ်ပေးပါ။အထက်အောက်လှန်ပေးပါ။မိနစ်၃၀ခန့်လုံးဝအေးသွားလျှင်ဆယ်ယူရေစစ်ထားပါ။
❀❀ရေခဲရေစိမ်ခြင်းဖြင့်ကြက်၏အရေပြားများကိုကျုံသွားစေပြီးအထဲမှကြက်သား၏အာဟာရများကိုမထွက်သွားစေရန်ထိန်းထားပေးသဖြင့်ကြက်ပေါင်းစားတဲ့အချိန်မှာထူးခြားတဲ့အသားရဲ့နူးညံ့ချိုမြိန်တဲ့အရသာကိုသိသာစွာခံစားရမှာဖြစ်ပါတယ်။
(၄)ရေစစ်ပြီးသားကြက်ပေါင်းကိုလိုသလိုလှီးဖြတ်ပြီးဆော့စ်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀❀❀ဆော့စ်ပြုလုပ်ရန်ပါဝင်ပစ္စည်းအားလုံးကိုပန်းကန်တခုတွင်ထည့်ပြီးချိုချဉ်စပ်လိုသလိုပြင်ဆင်နိုင်ပါတယ်။
❀❀❀ ကြက်ပေါင်းကိုအပူတည်ခင်းလိုပါ ကပုံစံမပျက်လှီးဖြတ်ပြီးမှသာအပူပေးပြီးတည်ခင်းနိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
20 June 2017
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
No comments:
Post a Comment