ထမင်းမြိန်စေတဲ့ရိုးရာဟင်းအမဲနှင်းခြောက်ခရမ်းချဉ်သီးချက်ကဇာတိမြေကိုသတိရစေတဲ့ဟင်းတခွက်ဖြစ်ပါတယ်အရွက်ကြော်မုန်ညင်းဟင်းချိုလေးနဲ့တွဲဖက်လိုက်ရင်ဖြင့်ဘယ်တော့စားစားမရိုးနိုင်တဲ့ဟင်းဘဲဖြစ်ပါတယ်။ချက်စားကြည့်ရအောင်နော်။
❀အမဲနှင်းခြောက်မရှိပါကရိုးရိုးအမဲခြောက်ဆိတ်သားခြောက်အစားထိုးချက်နိုင်ပါတယ်။အနံ့အရသာကွဲပြားမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
*********
အမဲနှင်းခြောက် - တစ်ပန်းကန်
ခရမ်းချဉ်သီး - ၃လုံး
ကြက်သွန်နီ - တစ်လုံး
ဂျင်းကြက်သွန်ဖြူ - ဇွန်းတဝက် စားပွဲဇွန်း
ဆား - အနည်းငယ်
ငရုတ်သီးစိမ်း- ၃တောင့်
နံနံပင် - အနည်းငယ်
ဆီ - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
*************
1.ဦးစွာအမဲနှင်းခြောက်ကိုပါးပါးလှီးထားပါ။ခရမ်းချဉ်သီးကြက်သွန်သေးသေးစိတ်ထားပါ။
2.အားလုံးအသင့်ဖြစ်ပါကချက်မည့်အိုးတွင်ဆီထည့်ပြီးအမဲနှင်းခြောက်ကိုမွေးလာသည်ထိကြော်ပေးပြီးဆယ်ယူထားပါ။
3.လက်ကျန်ဆီဖြင့်ကြက်သွန်နီဂျင်းကြက်သွန်ဖြူဆီသပ်ပါ။ခရမ်းချဉ်သီးထည့်ပြီးကြေအောင်ချက်ပေး ပါ။❀ငရုတ်သီးအရောင်တင်ထည့်လိုပါကထည့်နို င်ပါတယ်။
4.ခရမ်းချဉ်သီးကြေပါကကြော်ထားသောအမဲနှင်းခြောက်ကိုထည့်ပါ။ရေအနည်းငယ်ထည့်ပေးပြီးေ မွပေးပါ။
5.ဆားနှင့်ဟင်းခပ်မှုန့်ထည့်ပါ။အမဲနှင်းခြောက်အေ ပါ့အငံပေါ်မူတည်ပြီးဆားကိုလျော့ထည့်ပေးပါ။
6.ဟင်းအနှစ်ကျပါကအရသာအပေါ့အငံမြည်းပါ။အပျစ်အကျဲလိုသလိုပြုပြင်ပြီးငရုတ်သီးစိမ်းနံနံပင်အုပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ရိုရိုးဆိတ်သားခြောက်အမဲခြောက်ကိုပါးပါးလှီး၍မရနိုင်ပါသဖြင့်မကြော်ဘဲရေစိမ်ထုပြီးသေးသေးစိတ်ပြီးမှသာချက်ပါ။
......
Sofia
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihmjgKeKziYFWJBOUUCBMNzrBGpkdVGWsOdY1Q4m74C5N5CwBKrZzrUgRcH4y92k4flGIi0YFw4X6L0oHdk_3GQcUoYrA-E_chxX_V7-icv4nXM4X1bHgmN9OeD3460qKmBsNgmFUd5FUC/s400/20161116_160813_mh1479284208999_wm.jpg)
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment