အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
25 May 2016
ဆေးခါးဟင်း
ဒေသအလိုက်ဟင်းချက်နည်းနဲ့စားသောက်ကြပုံဓလေ့များမတူကွဲပြားမှုတွေအများကြီးရှိပါတယ်။ဒီတခေါက်ခရီးသွားရင်းရှမ်းပြည်တောင်ပိုင်းကဆွေမျိုးများရှိရာဆီကိုအရောက်သွားလို့သေချာသင်ယူဖြစ်ခဲ့ပါတယ်။ခရီးစဉ်တလျောက်အစစအကူညီပေးခဲ့ကြသောညီမလေးယွန်းဖူးဖူးနှင့်တကွရှမ်းအစားအစာများအင်းသားအစားအစများနှင့်ဒေသအစားအစာသိလိုသည်များကိုစိတ်ရှည်စွာရှင်းပြချက်ပြပြောပြပေးကြတဲ့သောမမကြီးနှင့်ညီအစ်မများတူမလေးများအားလုံးကိုကျေးဇူးတင်ကြောင်းပြောပါရစေရှင်...
အင်းသားဟင်းတမျိုးဖြစ်တဲ့ဆေးခါးဟင်းကဆေးဖက်ဝင်ပြီးတခါစားပြီးထပ်စားချင်တဲ့အဆီမပါကျန်းမာရေးနဲ့ညီတဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။
ချက်စားကြည့်ရအောင်နော်....
ပါဝင်ပစ္စည်း
*********
ပဲပြင်းစေ့ - နှစ်ဘူး
ပဲတောင့်ရှည် - တစ်စည်း
ရှမ်းပဲပုတ် - ၁ချပ်
ဂျင်း - လက်နှစ်ဆစ်
ကြက်သွန်ဖြူ - ဆယ်မြောင်း
ကစော့ခါးသီး - လက်တစ်ဆုပ်
ဆား - ၁ဇွန်း စားပွဲဇွန်း
ဆေးခါးမုန့် - တစ်ဇွန်း
လုံးပွေရွက် - လက်တစ်ဆုပ်
ငါးစဖွဲခြောက် - လက်တစ်ဆုပ်
ငါးရံ့ခေါင်း/ငါးဖယ်အကောင်လိုက်ကိုလည်း အစားထိုးနိုင်ပါတယ်။
တွဲဖက်ဟင်း
**********
နှမ်းထူမုန့်ကြွပ်
ဆန်လုံးစီ
မျှစ်သုပ်/ပိန္နဲကွင်းသုပ်
ငါးပိကောင်ကြော်
ပြင်ဆင်ချက်ပြုတ်ပုံ
*************
(၁)ဦးစွာပဲပြင်းစေ့ကိုရေဆေးသန့်စင်ပြီးရေမြုတ်အောင်ထည့်ပြီးပြုတ်ထားပါ။
(၂)ဂျင်းများများနှင့်ကြက်သွန်ဖြူကိုထောင်းထားပါ။ကစော့ခါးသီးကိုလည်းထောင်းထားပါ။
(၃)ပဲပုတ်ကိုမီးကင်ထားပါ။ငါးစဖွဲခြောက်ကိုရေဆေးပြီးလှော်ထားပါ။
(၄)ပဲတောင့်ရှည်ကိုလည်းလက်တစ်ဆစ်ခန့်လှီးဖြတ်ထားပါ။
(၅)အားလုံးအသင့်ဖြစ်ပြီးပဲပြင်းစေ့နူးပါက ဆယ်ယူပြီးလုံးခြမ်းကွဲထောင်းပြီးပဲပြုတ်ရည်အိုးတွင်ပြန်ထည့်ပါ။
(၆)အသင့်ပြင်ဆင်ထားသောပဲတောင့်ရှည်၊ဂျင်းကြက်သွန်ဖြူထောင်း၊ကစော့ခါးသီးထောင်း၊ဆားထည့်ပြီးမီးဖိုပေါ်တွင်တည်ထားပါ။
(၇)ပဲပုတ်ဖုတ်ထားသည်ကိုခြွေထည့်ပါ။လုံးပွေရွက်ခပ်ပါ။အသင့်လှော်ထားသောငါးစဖွဲခြောက်ထည့်ပြီးဆေးခါးမှုန့်ခပ်ပါ။
(၈)ဆူပွက်ပါကအရသာအပေါ့အငံမြည်းပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ နှမ်းထူမုန့်ကြွပ်၊မျှစ်သုပ်၊ပိန္နဲကွင်းသုပ်၊ငါးပိကောင်ကြော်တို့ဖြင့်လိုက်ဖက်သောဟင်းတခွက်ဖြစ်ပါတယ်။
❀❀ပဲပြင်းစေ့အခြောက်ကိုသုံးပါကတညရေစိမ်ထားပါ။
❀❀လုံးပွေရွက်ကိုမြောက်ပိုင်းဒေသတွင်ချုန်းဟုခေါ်ပြီးဆောင်းတွင်းတွင်သာပေါများ တတ်၍အခြောက်ခံထားသည်ကိုသုံးနိုင်ပါတယ်။
❀❀ငါးစဖွဲခြောက်မရပါကငါးဖယ်သို့မဟုတ်ငါးရံ့ခေါင်းကိုသုံးနိုင်ပါတယ်။
❀❀ဆေးဖက်ဝင်ဆေးခါးမှုန့်ကိုတောင်ကြီးနှင့်လမ်းတလျောက်တွင်ဝယ်ယူရရှိနိုင်ပါတယ်။
❀❀ဆေးခါးဟင်းကိုပဲကြားဖြင့်ချက်ပါကပဲတောင့်ရှည်အစားပိန်းဥသို့မဟုတ်ဖရုံသီးကိုထည့်ပါ။
..........
Sofia
http://sofiafoodparadise.blogspot.com
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihmjgKeKziYFWJBOUUCBMNzrBGpkdVGWsOdY1Q4m74C5N5CwBKrZzrUgRcH4y92k4flGIi0YFw4X6L0oHdk_3GQcUoYrA-E_chxX_V7-icv4nXM4X1bHgmN9OeD3460qKmBsNgmFUd5FUC/s400/20161116_160813_mh1479284208999_wm.jpg)
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment