အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
2 March 2016
ဘွန်ဒီးလဒူး
Boondi Ladoo
❀ ❀ ❀
အိန္ဒိယအချိုပွဲတမျိုးဖြစ်တဲ့ဘွန်ဒီးလဒူးကိုအတော်များများနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ဆိုဖီယာတော့အချို့မုန့်ဆိုင်ရောက်တိုင်းအခြားမုန့်များထက်ဘွန်ဒီးလဒူးကို အရင်ရွေးဝယ်ဖြစ်နေကျပေါ့။
ပြုလုပ်ရအနည်းငယ်လက်ဝင်လှပေမဲ့မုန့်နှစ်အပျစ်အကျဲအနေအထားမှန်ရင်တော့ပြုလုပ်ရတာပျော်စရာကောင်းလှပါတယ်။ဆိုဖီယာလည်းပထမအကြိမ်စမ်းလုပ်ထားတာမို့အချိုနှစ်သက်သူများနဲ့ဝါသနာရှင်များအတွက်လုပ်နည်းအဆင့်ဆင့်ဖြင့်မျှဝေပေးလိုက်ပါတယ်။သန့်ရှင်းလတ်ဆပ်တဲ့အချိုမုန့်ဘွန်ဒီးလဒူးလေးကိုလုပ်ကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း(၂၂ လုံး )
********
ပဲမုန့်အစိမ်း - ၂၅၀ ဂရမ်
ဆန်မှုန့် - ၁၅ ဂရမ် တစ်ဇွန်းခွဲစားပွဲဇွန်း
ဆော်ဒါ - ⅛ လ္ဘက်ဇွန်း
ရေ - ၂၇၀ ml
စားဆေးအရောင် - အဝါ / အစိမ်း/ အနီ
စပျစ်ခြောက် သီဟိုဠ်စေ့
သကြားရေတွင်ပါဝင်ပစ္စည်း
*******************
သကြား - ၃၇၅ ဂရမ်
ရေ - ၂၅၀ ml
နွားနို့ - ၃ဇွန်း စားပွဲဇွန်း
ဖာလာစေ့အမှုန့် - အနည်းငယ်
ကျောက်ချဉ်မှုန့် - အနည်းငယ်
(သံပုရာသီး/ cream of tar tar အစားထိုးနိုင်ပါတယ်)
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ပဲမှုန့်နှင့်ဆန်မှုန့်ကိုဇကာချထားပါ။
(၂)ဇလုံတခုတွင်ပဲမှုန့်ဆန်မှုန့်နှင့်ဆော်ဒါထည့်ပြီးသမအောင်မွေပါ။
(၃)ရေ၂၇၀ml ချိန်ထားပြီးဖြေးဖြေးဆီထ ည့်ပြီးမွှေပေးပါ။ပဲမှုန့်အမျိုးအစားလိုက်ရေအချိုးအနည်းငယ်ကွာနိုင်ပါတယ်။
(၄)သမအောင်မွေပြီးပါကဆေးအရောင်အဝါတစက်ခန့်ထည့်ပြီးသမအောင်မွေပါ။
(၅)မုန့်နှစ်အပျစ်အကျဲစမ်းသပ်ရန်ဆီပူအိုးတွင်မွေတံမှမုန့်နှစ်အနည်းငယ်ချကြော်ကြည့်ပါ။
(၆)ဘွန်သီးကြော်အလုံးလေးများဆီပေါ်တက်လာပါကမုန့်နှစ်အပျစ်အကြဲအမှန်ရပြီမို့ဘွန်သီးကြော်ရန်အသင့်ဖြစ်ပါပြီ။
(၇)မုန့်နှစ်အသင့်ဖြစ်ပါကမကြော်သေး ခင်သကြားရည်ကိုပြင်ဆင်ရမှာဖြစ်ပါတယ်။
(၈)အောက်ခြေထူအိုးခပ်ကျယ်ကျယ်တခုတွင်သကြားနှင့်ရေထည့်ပြီးတည်ပါ။
(၉)သကြားပျော်အောင်မွေပေးပြီးဆူပွက်ပါကနွားနို့သုံးဇွန်းထည့်ပါ။တက်လာသော အမြုတ်များသကြားတွင်းမှအညစ်အကြေးများကိုခပ်ထုတ်ပေးပါ။
(၁၀)မီးလျော့ပြီး၅မိနစ်ခန့်တည်ထားပါ။သကြားရည်ကိုလက်ဖြင့်ကိုင်ပြီးစမ်းကြည့်ပါကစေးပိုင်သောအနေအထားရပါကဖာလာစေ့အမှုန့်နှင့်ကျောက်ချဉ်မှုန့်ထည့်ပြီးသ မအောင်မွေကာမီးပိတ်ထားပါ။
(၁၁)သကြားရည်ကိုအေးမသွားအောင်ပြုလုပ်ထားပါ။
ပူနွေးနေသောသကြားရည်အသင့်ဖြစ်ပါကဘွန်သီးစတင်ကြော်နိုင်ပါပြီ။
(၁၂)ဆီပူအိုးတွင်အပေါက်ကာသောဇ ကာခံပြီးဖျော်ထားသောမုန့်နှစ်ကိုတဇွန်းဆီခပ်ထည့်ပါ။ဇကာပေါက်မှအဆက်မပျက်ကျလာသောမုန့်နှစ်ကိုကြော်ပါ။
(၁၃)ဆီအိုးထဲမှဘွန်သီးလုံးလေးများငြိမ်သွားသည်နှင့်ဆယ်ယူပြီးအသင့်ပြုလုပ်ထားသောသကြားရည်နွေးနွေးအိုးထဲသို့ထ ည့်ပါ။ကြွပ်နေအောင်မထားရပါ။ကျက်လျှင်ချက်ချင်ဆယ်ယူပါ။
(၁၄)ဇကာပေါက်ဂေါ်ပြားကိုတခါသုံးပြီး တခါသုတ်ပေးပြီးအားလုံးကုန်သည်ထိကြော်ပေးပါ။ကြော်ပြီးချက်ချင်းသကြားရည်တွင်ထည့်ကာသမအောင်မွေပေးပါ။
(၁၅)အားလုံးကြော်ပြီးပါကသီဟိုဠ်စေ့လုံးခြမ်းကွဲကြော်စပျစ်ခြောက်တို့ကိုထည့်ပြီးသမအောင်မွေကာအလုံးလေးများညီ တူညီမျှရအောင်လုံးဆုပ်ပေးပါ။
(၁၆)ပြီးလျှင်လေသလပ်ခြောက်စေပြီးလေလုံသောဘူးတွင်ထည့်ပြီးတပတ်ခန့်ထားပြီးသုံးဆောင်နိုင်ပါပြီ။
❀❀မုန့်နှစ်ကြဲနေလျှင်ဘွန်သီးကြော်မှာအ လုံးလိုက်မရဘဲပြားနေတတ်ပါတယ်။ကြဲနေပါကပဲမှုန့်တဇွန်းခန့်ထည့်ပြီးထပ်စမ်းကြော်ကြည့်ပါ။
❀❀ကြော်စဉ်ကြွက်မြီးတန်းအမျှင်ထွက်လာပါကမုန့်နှစ်ရည်ပျစ်နေသဖြင့်ရေတဇွန်းဆီရောပေးပြီးထပ်တကြိမ်စမ်းကြည့်ပါ။
❀❀ သကြားရည်ကျိုစဉ်နွားနို့ထည့်ပေးခြင်းဖြင့်အမြုတ်ခပ်ထုတ်ပါကသကြားရည်ကိုကြည်လင်သန့်ရှင်းစေပါတယ်။
❀❀ကျိုပြီးသားသကြားကိုအခဲလေးများသကြားပြန်မပွင့်စေရန်ကျောက်ချဉ်/သံပုရာ သီး/cream of tar tar တို့ကိုအသုံးပြုခြင်းဖြစ်ပါတယ်။
❀❀ကြော်ပြီးသားဘွန်သီးကိုသကြားရည်ထည့်စဉ်သကြားရည်နွေးနေရပါမယ်။မနွေးလျှင်ဘွန်သီးသည်သကြားရည်စုပ်မည်မဟုတ်။
❀❀ဘွန်သီးကြော်စဉ်ကျက်ရုံသာကြော်ပါ။ကြွပ်သွားလျှင်လည်းသကြားရည်စုပ်မည်မဟုတ်ပါ။
❀❀အစိမ်းနှင့်အနီအနည်းငယ်ရောလိုပါကပန်းကန်တခုဖြင့်အရောင်ရောစပ်ပြီးကြော်ပေးပါ။
.........
Sofia
http://sofiafoodparadise.blogspot.com
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihmjgKeKziYFWJBOUUCBMNzrBGpkdVGWsOdY1Q4m74C5N5CwBKrZzrUgRcH4y92k4flGIi0YFw4X6L0oHdk_3GQcUoYrA-E_chxX_V7-icv4nXM4X1bHgmN9OeD3460qKmBsNgmFUd5FUC/s400/20161116_160813_mh1479284208999_wm.jpg)
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment