အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
26 January 2016
အီကွေ့
Chinese New Year Ti Kuih
(Nian Gao>>>Sweet Sticky Rice Cake)
မြန်မာပြည်မှာတော့အီကွေ့လိုလူသိများတဲ့တရုပ်နှစ်ကူးမုန့်ဖြစ်ပါတယ်။တရုပ်နှစ်ကူးအစားအစာဖြစ်ပေမဲ့အရသာကတော့ငှက်ပျောဖက်နံ့သင်းသင်းရှမ်းမုန့်ဖက်ထုပ်နဲ့ဆင်တူပြီးပြုလုပ်ပုံအနည်းငယ်သာကွဲပြားမှုရှိပါတယ်။အမှန်တကယ်အီကွေ့အစစ်အမှန်ပြုလုပ်ရန်အချိန်ဆယ်နာရီမှဆယ့်နှစ်နာရီကြာမြင့်မှာဖြစ်ပါတယ်။ဒါကြောင့်အချိန်အနည်းငယ်သက်သာစေရန်ပစ္စည်းအစားထိုးပြု လုပ်ထားပါတယ်။အရသာနှင့်မုန့်သားအတူတူပင်ဖြစ်ပါတယ်။
ပါဝင်ပစ္စည်း (၄ခုစာ)
********
ကောက်ညင်းမုန့် - ၅၀၀ ဂရမ်
သကြားဖြူ -၂၅၀ဂရမ်
သကြားညို - ၂၅၀ဂရမ်
ရေ - ၃၅၀ ml
ငှက်ပျောဖက် - ခင်းရန်
ဆီ -အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဇလုံတခုတွင်ကောက်ညင်းမှုန့်သကြားညိုသကြားဖြူတို့ကိုရေထည့်ပြီးဖျော်ထားပါ။
(အီကွေ့ပြုလုပ်ရာတွင်သကြားဖြူကိုသာသုံးပြီးအညိုရောင်ရင့်ရင့်ရသည်ထိ၁၂နာရီကြာအောင်ပေါင်းထားခြင်းဖြစ်ပါတယ်။)
(၂)ပေါင်းမည့်ခွက်ကိုဆီလူးပြီးငှက်ပျောဖက်ကိုမီးအနည်းငယ်ပြကာပျော့အောင်ပြုလုပ်၍ခွက်၏အောက်ခြေနှင့်ဘေးပတ်လည်ကိုခင်းထားပါ။
(၃)အသင့်ပြုလုပ်ပြီးသားမုန့်နှစ်ရည်ကိုလောင်းထည့်ကာပေါင်းအိုးတွင်ရေထည့်ပြီး ၂နာရီခန့်ပေါင်းပါ။
(၄)၂နာရီခန့်ပေါင်းပြီးပါကထုတ်ယူအအေးခံပြီးလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။အချို့ဒေသများတွင်ကြော်ပြီးသုံးဆောင်ကြပါတယ်။
(၅)အီကွေ့ကိုကြော်ရန်ကန်စွန်းဥပိန်းဥတို့ကိုအရွယ်တူလှီးဖြတ်ပါ။ဂျုံကြက်ဥဆားတို့ကိုခပ်ပျစ်ပျစ်ဖျော်ကာအီကွေ့ကိုကန်စွန်းဥပိန်းဥအလယ်တွင်ညပ်ပြီးမုန့်နှစ်ကပ်ကာဆီပူတွင်အရောင်ရအောင်ကြော်ပါ။ရွှေဝါရောင်ရပါကဆယ်ယူဆီစစ်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihmjgKeKziYFWJBOUUCBMNzrBGpkdVGWsOdY1Q4m74C5N5CwBKrZzrUgRcH4y92k4flGIi0YFw4X6L0oHdk_3GQcUoYrA-E_chxX_V7-icv4nXM4X1bHgmN9OeD3460qKmBsNgmFUd5FUC/s400/20161116_160813_mh1479284208999_wm.jpg)
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment