ဝေါစွန်း 莴笋 wōsuň လို့ခေါ်တဲ့ဆလပ်ရိုးကိုသုပ်ထားတာပါ။ ပုံစံအမျိုးမျိုးသုပ်စားကြပါတယ်။တချို့လည်းကြာဇံနဲ့သုပ်ဆေးဘဲဥနဲ့သုပ်ကြပါတယ်။ခုတော့ဘာနဲ့မှမရောဘဲသီးသန့်သုပ်ထားပါတယ်။
ပါဝင်ပစ္စည်း
******
ဝေါစွန်း - တစ်ပင်
မုန်လာဥ - တစ်ပိုင်း
ကြက်သွန်ဖြူ - နှစ်မြောင်း ထောင်းထားပါ။
ကြက်သွန်ဖြူဆီချက် - နှစ်ဇွန်း စားပွဲတင်ဇွန်း
နှမ်းဆီချက် - နှစ်ဇွန်း
ငရုပ်သီးဆီချက် - တစ်ဇွန်း
သကြား - နှစ်ဇွန်း
ပဲငံပြာရည်အကြည် - ၃ဇွန်း
ဟင်းခပ်မှုန့် - အနည်းငယ်
ရှာလကာရည် - ၃ဇွန်း
(ဖြစ်နိုင်ပါကသဘာဝသစ်သီးမှထုတ်သောဗီနီကာသုံးပါ။အနှံ့အရသာထူးခြားစေပါတယ်)
မြေပဲထောင်း - နှစ်ဇွန်း
နံနံပင် - အနည်းငယ်
(၁)ဝေါစွန်းကိုအခွံသင်ပြီးရေစိမ်ထားပါ။မုန်လာဥကိုလည်းလိုသ လို လှီးဖြတ်ပြီးရေစိမ်ထားပါ။
(၂)ပဲကြာဇံ၊ကြက်ခြေထောက်များရောသုပ်လိုပါကပဲကြာဇံရေစိမ်ပြီးပြုတ်ထားပြီးဇလုံတခုတွင်အဆင်သင့်ထည့်ထားပါ။
(၃)ရေစိမ်ထားသောဝေါစွန်းကြွပ်ဆပ်လာပါကမိမိနှစ်သက်သလိုအ ထူအပါးလှီးဖြတ်ထားပါ။
(၄)ပန်းကန်လုံးတခုတွင်ဆော့စ်အတွက်ပါဝင်ပစ္စည်းများအားလုံး မြေပဲနှင့်နံနံပင်မှအပအားလုံးကိုရောပြီးဖျော်စပ်ထားပါ။အရသာအပေါ့ အငံလိုအပ်ပါကဖြည့်စွက်ပါ။
(၅)တည်ခင်းမည့်အချိန်မှသာမြေပဲ၊နံနံပင်၊ဝေါစွန်း၊မုန်လာဥတို့ကိုသမအောင်ရောမွေကာ ဆော့စ်ကိုဆမ်းပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
မှတ်ချက် ။ အားလုံးရောသုပ်လိုပါကဇလုံထည်းတွင်ရောသုပ်နိုင်သလို ဧည့်ဖိတ်များအတွက်တော့ရောသုပ်ထားလေ့မရှိဘဲပန်းကန်တွင်လှလှပပပြင်ဆင်ထားပြီးမှသာအပေါ်မှဖျော်စပ်ထားသောဆော့စ်ကိုဆမ်းပေးလေ့ရှိပါတယ်။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
13 July 2015
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
ရှမ်းပြည်အစားအစာဖြစ်တဲ့ငှက်ပျောဖူးချဉ်လုပ်ကြည့်ဖို့အကြံပေးတဲ့တောင်ကြီးကညီမယွန်းဖူးဖူးကိုကျေးဇူးတင်ပါတယ်။သတ်သတ်လွတ်လည်းဖြစ်ပြီးဆန်နီလေးနဲ့ခ...
No comments:
Post a Comment