18 July 2015

ငါးကောင်လုံးချိုချဉ်


Sweet & Sour Fish

ငါးဟင်းတွေစားနေရတာရိုးနေလို့အပြောင်းအလဲအဖြစ်ချက်စားနိုင်အောင်ငါးကောင်လုံးချိုချဉ်ပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။ငါးကောင်လုံးချိုချဉ်အစားငါးအသားချိုချဉ်လည်းချက်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
*******
ကကတစ် -တစ်ကောင် (၃၀ကျပ်သားခန့်)
ကြက်သွန်နီ - တစ်လုံး
မုန်လာဥနီ - အနည်းငယ်
င၇ုပ်ချို - တစ်ခြမ်း
ခရမ်းချဉ်သီး - တစ်ခြမ်း
ကြက်သွန်မိတ် - ၂ပင်
သခွားသီး - အနည်းငယ်
နာနတ်သီး - အနည်းငယ်
ဆား - လိုသလောက်
သကြား - ၂ဇွန်း စားပွဲတင်ဇွန်း
င၇ုပ်ဆီ သို့ chilli Sauce - ၅ဇွန်း
ရေ သို့ ကြက်ပြုတ်၇ည် - တစ်ပန်းကန်လုံး
ကော်မှုန့် - ၂ဇွန်း
ဆီ - ကြော်ရန်
ပြင်ဆင်ချက်ပြုတ်နည်း
*************
(၁)ငါးကိုေ၇ဆေးသန့်စင်ပြီးရေစစ်ထားကာဆားအနည်းငယ်နှင့်လူးပေးပါ။ပြီးလျှင်ကော်မှုန့်တစ်ဇွန်းကိုငါး၏တစ်ကိုယ်လုံးနှံအောင်လူးပေးပြီးဆီပူပူတွင်ချကြော်ပေးပါ။အရောင်ရပါကဆယ်ယူဆီစစ်ပြီးပန်းကန်တွင်တည်ခင်းထားပါ။
(၂)ကြက်သွန်နီကိုအမြောင်းကြီးတုံးပြီးအလွှာခွာထားပါ။မုန်လာဥနီ၊သခွားသီး၊င၇ုပ်ချို၊နာနတ်သီးတို့ကိုခပ်ကြီးကြီးစိတ်ထားပါ။
ခရမ်းချဉ်သီး အမြောင်းကြီးစိတ်ထားပါ။ကြက်သွန်မိတ် လက်တဆစ်ခန့်ဖြတ်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကအိုးထဲတွင်ဆီအနည်းငယ်ထည့်ပြီးပါဝင်ပစ္စည်းများမှခရမ်းချဉ်သီးကြက်သွန်မိတ်မှအပအားလုံး ထည့်ကြော်ပါ။အကြာကြီးမကြော်၇ပါ။
(၄)ကြက်သွန်အေ၇ာင်ပြောင်းပါကကြက်ပြုတ်ရည် သို့မဟုတ်ေ၇တစ်ပန်းကန်လုံးစာထည့်ပါ။
(၅)အရသာဖြည့်စွက်ပါ။စိတ်ကြိုက်ချိုချဉ်အရသာရပါကကော်မှုန့်တစ်ဇွန်းကိုေ၇နှစ်ဇွန်းဖြင့်ဖျော်ပြီးဟင်းအိုးထည်းဖြည်းဖြည်းလောင်း ထည့်ကာခပ်မြန်မြန်မွေပေးပါ။
(၆)အရသာအပေါ့အငံမြည်းပြီးကြက်သွန်မိတ်နှင့်ခရမ်းချဉ်သီးထည့်ကာကြော်ပြီးသားငါးကြော်ပေါ်သို့ဆမ်းပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
***သီးနှံများကိုပျော့အောင်မကြော်ရပါ။
ငါးအသားဖြင့်ကြော်လိုပါကငါးကိုအသားနွင်ပြီးဆားနှင့်ကော်မှုန့်လူးကာဆီပူတွင်ချကြော်ပါ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...