19 July 2015

သုံးမျိုးမှိုကြော် (အင်ဒိုနီးရှားစတိုင်)

Indo Style Trishroom

မှိုနဲ့သီးနှံလေးတွေကိုအင်ဒိုနီးရှားကပုံစံလေးကြော်စားကြည့်ရအောင်နော်။ချက်နေကျနဲ့မတူတဲ့ပါဝင်ပစ္စည်းလေးတွေနဲ့ထူးကဲလှတဲ့အရသာလေးပါ။အစပ်ကြိုက်သူတွေအတွက်စွဲမက်စရာဟင်းတခွက်ပါ။ချက်နည်းလေးကြည်ရအောင်နော် ။
ပါဝင်ပစ္စည်း
******
ရှီတာခီမှို - ၅ပွင့်
Shimeji မှို - တထုပ် ၁၅၀ ဂရမ်
Enokitake မှို - ၂ထုပ်
ကြက်သွန်နီသေးသေး - တလုံး
ကြက်သွန်ဖြူ အမြောင်းကြီး - ၅ မြောင်း
ငရုပ်သီးစိမ်း - ဆယ်တောင့်
ပဒဲကော - ၅ပြား
ရှောက်ခါးရွက် - တစ်ရွက်
ပုဇွန်ခြောက် - ၂ ဇွန်း
ကန်စွန်းရွက် - အစည်းသေးတစည်း
ဆီ - အနည်းငယ်
ဟင်းခပ်မှုန့် - နှစ်ဇွန်း
ဆား - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ရှီတာခီမှိုကိုရိုးတံဖြုတ်ပြီးခပ်ထူထူလေးလှီးဖြတ်ထားပါ။Shimejiနှင့်Enokiမှိုကိုအမြစ်ဖြတ်ထားပါ။ကန်စွန်းရွက်ကိုလှီးဖြတ်ရေဆေးထားပါ။
(၂)ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ငရုပ်သီးစိမ်းတို့ကိုပါးပါးလှီးဖြတ်ထားပါ၊((၃)ရှောက်ခါးရွက်၊ပဒဲကောကိုပါးပါးလှီးထားပါ။
(၄)အိုးတခုတွင်ဆီအနည်းငယ်ထည့်ပြီးကြက်သွန်နီ၊ကြက်သွန်ဖြူ၊ငရုပ်သီး၊ပဒဲကော၊ရှောက်ရွက်၊ပုဇွန်ခြောက်အားလုံးထည့်ပြီးဆီသပ်ပါ။
(၅)အနံ့မွေးကြိုင်လာကာကြက်သွန်အနည်းငယ်အရောင်ရပါကပထမမှိုနှစ်မျိုးကိုချကြော်ပါ။အရသာဖြည့်စွက်ပါ။ရေအနည်းငယ်ထည့်ပါ။ပြီးလျှင် Enokitake မှိုနှင့် ကန်စွန်းရွက်ထည့်ကာသမအောင်မွေပြီး အရသာမြည်း၍ဖိုမှချကာပူပူနွေးနွေးသုံးဆောင် နိုင်ပါပြီ။
မှတ်ချက် ။။မှိုအစားပဲပင်ပေါက်ကြော်၊ကြက်ဟင်းခါးသီး၊ကြော် မုန်ညင်းဖြူကြော်တို့ကိုခုလိုလေးကြော်စားရင်လည်းအလွန်စားကောင်းပါတယ်ရှင် ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...