12 July 2015

ငါးခူမွကြော်သုပ်

ငါးခူမွကြော်သုပ်အတွက်ဦးစွာငါးခူကိုအရိအရွဲဆေးပြီးဗိုက်ဖောက်ကာရေဆေးသန့်စင်ထားပါ။ မျက်နှာပြင်နှစ်ဘက်ကိုဓားဖြင့်မွန်းထားပါ။ ကင်မည့်ဇကာညှပ်တွင်ညှပ်ပြီးမီးအေးအေးဖြင့်ခြောက်အောင်ကင်ပါ အချိန်ကြာကြာကင်ရပါတယ်။
ကင်ပြီးလျှင်အအေးခံကာအသားများကိုထွင်ထုတ်ပြီးမွထားပါ။အရေခွံကိုကပ်ကြေးဖြင့်ညှပ်ထည့်ပါ။

ငါးခူမွကြော်အတွက်လိုအပ်သောပစ္စည်း
*********************
ငါးခူမွပြီးသား - ၂ကောင်
ကြက်သွန်နီ - တစ်လုံး
သရက်သီးစိမ်း - အသေးတလုံး
မြေပဲဆန်ကြော် - ၂ဇွန်း
ဆလပ်ရွက် - တစ်ပင်
ဆော့အတွက်လိုအပ်သောပစ္စည်း
******************
ကြက်သွန်ဖြူ - ၂မြောင်း
ငရုပ်သီးစိမ်း - ၅တောင့်
ငံပြာရည် - တစ်ဇွန်း Tbsp
ထန်းလျက်ရည် - နှစ်ဇွန်း
သံပုရာရည် - နှစ်ဇွန်း
အချိုမှုန့် သကြား - တဇွန်း Tsp
ကြက်သွန်ဖြူ ၊ ငရုပ်သီးစိမ်းနုတ်နုတ်စင်းကာ ထန်းလျက်ရည်၊ငံပြာရည်၊သံပုရာရည်၊အချိုမှုန့်သကြားအရောတို့ကိုထည့်ပြီးဖျော်ထားပါ။ ဆော့များများနှစ်သက်ပါက ဆပွားထည့်နိုင်ပါတယ်။အရသာချိုချဉ်ငံစပ်ဖြစ်ပါတယ်။
ပြင်ဆင်ပြုလုပ်နည်း
**********
ဦးစွာကြက်သွန်နီကိုပါးပါးလှီးရေဆေးထားပါ။သရက်သီးစိမ်းကိုအချောင်းလေးများလှီးပြီးပန်းကန်တခုတွင်ထည့်ထားပါ။အိုးတခုတွင်ဆီလက်တစ်ဆစ်ခန့်ထည်ပြီးအပူပေးပါ။ဆီပူလာပါကမွထားသောငါးခူများကိုထည့်ကြော်ပါ။(ဆီပြင်းရပါမယ်။အပူချိန်မလောက်ပါကငါးခူသားမာမာဖြစ်တတ်ပါတယ်။မမွေရပါ။ဆီထဲတွင်ငါးခူမွများအချပ်လိုက်ဖြစ်နေရပါမယ်။)အရောင်ရပြီးကြွပ်လာပါကဆီစစ်ဇကာတွင်ဒယ်အိုးကိုစောင်း၍သွန်ချလိုက်ပါ။ဆီစစ်ပြီဆိုပါကပွဲပြင်မည့်ပန်းကန်တွင်ဆလပ်ရွက်ခင်းပြီးငါးခူမွကြော်ကိုအပုံလိုက်လေးပုံစံမပျက်သာသာသွန်ချလိုက်ပါ။ငါးခူကိုစကြော်သည့်အချိန်မှစပြီးပန်းကန်သို့ရောက်ချိန်ထိလုံးဝမမွေရပါ။ပါဝင်ပစ္စည်းအားလုံးအဆင်သင့်ပြီဆိုပါကသုံးဆောင်မည့်အချိန်မှသာငါးခူအပေါ်မှသရက်သီးစိမ်း၊ကြက်သွန်နီလှီးထားသည်ကိုတင်ပါ။ပြီးလျှင်ရောစပ်ထားသောဆော့ကိုစမ်းပါ။နောက်ဆုံးတွင်မြေပဲဆန်ကြော်ဖြူးကာချိုချဉ်ငံစပ်ငါးခူမွကြော်သုပ်ကိုတည်ခင်းသုံးဆောင် နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...