13 July 2015

ယိုးဒယားငါးကောင်လုံးကြော်

ပါဝင်ပစ္စည်း
******
ကကတစ် - တစ်ကောင်
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
ပြောင်းဖူးမှုန့် - တစ်ဇွန်း စားပွဲတင်ဇွန်း
Red Curry Paste  - တစ်ဇွန်း
ထိုင်းချီလီဆော့စ် - ၁၅၀ ml
ငံပြာရည် - တစ်ဇွန်း
သံပုရာသီး - တစ်ခြမ်း
ကြက်ပြုတ်ရည် သို့ ရေ - ၅၀ ml
သခွားသီး - တစ်ခြမ်း
နံနံပင် - အနည်းငယ်
ငါးကြော်ရန်ဆီ - လိုသလောက်
(၁)ငါးကိုဗိုက်ဖောက်၊ကြေးထိုးရေဆေးသန့်စင်ပြီးဓားဖြင့်မွန်းပြီးရေစစ်ထားပါ။
(၂)ဆားနှင့်ဟင်းခပ်မှုန့်အနည်းငယ်ဖြင့်ငါးကိုတစ်ကိုယ်လုံးနှံ့အောင်လူးပါ။ပြောင်းမှုန့် ကော်မှုန့်ဖြင့်လည်းနှံ့အောင်လူးပါ။
(၃)ကြော်ရန်ဆီပူပါကငါးကိုအရောင်ရသည်ထိကြော်ပြီးဆယ်ယူဆီစစ်ကာတည်ခင်းမည့်ပန်းကန်တွင်ခင်းပါ။
(၄)အိုးထည်းမှဆီကိုသွန်ထုတ်ပြီးလက်ကျန်ဆီအနည်းငယ်ဖြင့်အနီရောင်ဟင်းခပ်အနှစ်ကိုဆီသပ်ပါ။
(၅) အနှံ့မွေးလာပါကထိုင်းချီလီဆော့(ကြက်ဖတံဆိပ်)ကိုထည့်ပါ။
(၆)ငံပြာရည်၊သံပုရာရည်နှင့်ရေအနည်းငယ်ထည့်ပြီးအနည်းငယ်ပျစ်အောင်ချက်ပြီးတည်းခင်းထားသောငါးကြော်အပေါ်မှဆမ်းကာသခွား သီးနှင့်နံနံပင်တို့ဖြင့်အလှဆင်ကာသုံးဆောင်နိုင်ပါပြီ။အရသာမှာချိုချဉ်စပ်မွေးဖြစ်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...