အခါးနဲ့အစပ်ကြိုက်တဲ့သူဘဲစားနော် :)
ကြက်ဟင်းခါးသီးကိုအင်ဒိုနီးရှားကပုံစံလေးကြော်စားကြည့်ရအောင်နော်။ချက်နေကျနဲ့မတူတဲ့ပါဝင်ပစ္စည်းလေးတွေနဲ့ထူးကဲလှတဲ့အရသာလေးပါ။အစပ်ကြိုက်သူတွေအတွက်စွဲမက်စရာဟင်းတခွက်ပါ။ချက်နည်းလေးကြည်ရအောင်နော် ။
ပါဝင်ပစ္စည်း
******
ကြက်ဟင်းခါးသီး - အကြီး နှစ်လုံး
ကြက်သွန်နီသေးသေး - တလုံး
ကြက်သွန်ဖြူ အမြောင်းကြီး - ဆယ် မြောင်း
ငရုပ်သီးစိမ်း - ဆယ်တောင့်
ပဒဲကော - ၅ပြား
ရှောက်ခါးရွက် - တစ်ရွက်
ပုဇွန်ခြောက် - ၂ ဇွန်း
ဆီ - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
ဆား - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ကြက်ဟင်ခါးသီးကိုလှီးပြီးဆားနယ်ပြီးဆေးထားပါ။ခြောက်နေအောင်ညစ်ထားပါ။
(၂)ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ငရုပ်သီးစိမ်းတို့ကိုပါးပါးလှီးဖြတ်ထားပါ။ (၃)ရှောက်ခါးရွက်၊ပဒဲကောကိုပါးပါးလှီးထားပါ။
(၄)အိုးတခုတွင်ဆီအနည်းငယ်ထည့်ပြီးကြက်သွန်နီ၊ကြက်သွန်ဖြူ၊ငရုပ်သီး၊ပဒဲကော၊ရှောက်ရွက်၊ပုဇွန်ခြောက်အားလုံးထည့်ပြီးဆီသပ်ပါ။
(၅)အနံ့မွေးကြိုင်လာကာကြက်သွန်အနည်းငယ်အရောင်ရပါကကြက်ဟင်းခါးသီးကိုချကြော်ပါ။အရသာဖြည့်စွက်ပါ။ဆားနှယ်ထားသဖြင့် ဆားကု လိုအပ်မှသာထည့်ပါ။အနည်းငယ်ခြောက်သည်ထိ ကြော်ပေးပါ။ အရသာမြည်း၍ဖိုမှချကာပူပူနွေးနွေးသုံးဆောင် နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
ရှမ်းပြည်အစားအစာဖြစ်တဲ့ငှက်ပျောဖူးချဉ်လုပ်ကြည့်ဖို့အကြံပေးတဲ့တောင်ကြီးကညီမယွန်းဖူးဖူးကိုကျေးဇူးတင်ပါတယ်။သတ်သတ်လွတ်လည်းဖြစ်ပြီးဆန်နီလေးနဲ့ခ...
No comments:
Post a Comment