6 June 2015

မြူစွမ်​ကိတ်


Deep Fried Mee Suah Cake
မြန်မာလိုမြူစွမ်ခေါ်တဲ့အမည်လေးကိုလူမမာစာလို့လူသိများမယ်ထင်ပါတယ်။
ခုလိုလုပ်ရလွယ်ကူပြီးအာဟာရလည်းဖြစ်အရသာရှိစားချင်စဖွယ်လေးဖြစ်အောင်လုပ်စားကြည့်ရအောင်
ပါ ဝင်ပစ္စည်းများ
*********
မြူစွမ် -300gm တစ်ဘူး
ရေ -1.2 Lit
မုန်လာဥနီ သေး သေး နုတ် နုတ်စိပ် - တစ်တောင့်
ကြက်သွန် မိတ် ပါးပါး လှီး - ၅ပင်
ကြက်သားမုန့် - တစ်ဇွန်းစားပွဲတင်ဇွန်း
ဆား - တစ်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**********
()ပထမရေကိုဆူအောင်တည်ပြီးမုန်လာဥကြက်သွန်မိတ်လှီးထားသည်ကိုထည့်ပါ။
(၂)ကြက်သားမုန့်ဆားတို့ဖြင့်အရသာဖြည့်စွက်ပါ။
(၃)ပြီးလျှင်မြူစွမ်ခြောက်ကိုချပြီးမီးအေးဖြင့်ရေခမ်းသည်အထိတည်ပါ။မြူစွမ်သားမပျော့ရပါ။ပျော့လျှင်ကိတ်လှီးသောအခါအမျှင်မမြင်ရပါ။
(၄)ရေခမ်းလျှင်ဘမ်းထည်းသို့သွန်ထည့်ပြီးအအေးခံပါ။
(၅)အေးလျှင်အတုံးလေးများလှီးဖြတ်နိုင်ပါပြီ။
(၆)ရလာသောမြူစွမ်ကိတ်ကြော်ရန်အတွက်ဂျုံမုန်နဲ့ကြက်ဥနှင့်ရေမပျစ်မကြဲဖျော်ပါ။
(၇)ဆားအနည်းငယ်ထည့်ပါ။
(၈)လှီးထားသောမြူစွမ်ကိတ်လေးများကိုမုန့်နှစ်ရည်တွင်နှစ်ပြီးဆီပူတွင်ရွှေရောင်ရအောင်ကြော်ပြီးနှစ်သက်ရာဆော့နှင့်တွဲ ဖက်သုံးဆောင်နိုင်ပါပြီရှင်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...