အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
7 June 2015
ခါဂျာမုန့်
ငယ်ငယ်ကမကြာမကြာစားခဲ့ရတဲ့သားရေစာမုန့်လေးပါ။ ပါဝင်ပစ္စည်းအနည်းငယ်နဲ့လုပ်ရလွယ်ကူပြီးအထားခံတဲ့မုန့်လေးလည်းဖြစ်ပါတယ်။
ခါဂျာမုန့်အတွက်လိုအပ်သောပစ္စည်း
*******************
ဂျုံ - 250 gm
ဆား - 1 tsp
ရေ -150 ml
ဆီ - 2 Tbsp (အတွင်းတွင်လူးရန်)
ဂျုံမုန့် -2 Tbsp
သကြား - 200gm (သကြားရည်ဆမ်းရန်)
ပြုလုပ်နည်း
******
ဦးစွာဂျုံကို ဆားထည့်ပြီးနှယ်ပါ။ ရေ ကို ဖြည်းဖြည်းဆီထည့်နှယ်ပါ ။ ဂျုံသားချောမွတ်လာပါက ၁၅ မိနစ်ခန့် ဖုံးအုပ်ပြီးနှပ်ထားပါ။ဂျုံသားနှပ်ပါက စာပွဲပေါ်တွင်ဂျုံဖြူးပြီး နှပ်ထားသောဂျုံလုံးကို လိမ့်တုန်းဖြန့်ပါ ။ မိမိဖြန့်သည့်အပြားနေထားပေါ်မူတည်ပြီးမုန့်အထပ်အထူအပါးကွာပါမည်။ ပြန့်အောင်ဖြန့်ပြီးပါက ဆီနှစ်ဇွန်းကိုဖြန့်ထားသောဂျုံအပြားပေါ်တွင်နေရာနှံ့အောင်လူးပေးပါ ။လိုအပ်ပါကထပ်ထည့်ပါ။ပြီးလျှင်၎င်းဆီလူးထားသောအပေါ်မှဂျုံမုန့်ဖြူးပြီးနှံ့အောင်လူးပေးပါ ။မျက်နှာပြင်တခုလုံးဆီနှင့်ဂျုံလူးမိပြီဆိုပါက မိမိနင့်နီးရာဘက်အခြမ်းမှစပြီးကျစ်နေအောင်လိပ်ပေးပါ။ ပြီးလျှင် ၎င်းအလိပ်ကို တစ်လက်မခွဲခန့်ဖြတ်ပြီးထားပါ။ အားလုံးဖြတ်ပြီးပါက စားပွဲတွင်ဂျုံမုန့်ဖြူးကာ ဖြတ်ထားသောလိပ်အတိုင်းအရှည်ဖြစ်အောင်ဖြန့်ပေးပါ။ ဘေးနှစ်ဘက်သည်အထပ်များမြင်ရသောဘက်ဖြစ်ရမည်။အလိပ်ကို ကန့်လန့်အနေထားဖြင့်ရှည်အောင်ပြားရမည်။ အဝိုင်းလုပ်လိုပါက အလိပ်ကိုထောင်ပြီးဖိချကာအဝိုင်းလုပ်ယူနိုင်သည်။ပြီးလျှင်ဂျုံမုန့်ဖြူးပြီး တခုနှင်တခု မကပ်အောင်ထားပါ။ အားလုံးဖြန့်ပြီးပါက အိုးတခုတွင်ဆီထည့်ပြီးအပူပေးပါ။ဆီပူပါကမုန့်ကို တခုဆီချကြော်ပေးပါ။ ချချချင်းမုန့်ကို ယောက်မဖြင့်လှုပ်ခါပေးပြီးအထပ်များကွာအောင်လှုပ်ပေးပါ ။အထပ်များကွာပါကဟိုဘက်ဒီဘက်လှန်ကာအရောင်ရသည်ထိကြော်ပေးပါ။ အရောင်ရပြီးကြွပ်လာပါကဆယ်ယူဆီစစ်ထားပြီးအအေးခံထားပါ။ ပြီးလျှင်သကြားရေကျိုပါ့မယ် ။ သကြားကို အိုးတခုတွင်ထည့်ပြီး ရေ နှစ်ဇွန်ခန့်ထည့်ကာ သကြားပျော်အောင်မွေပေးပါ ။ သကြားအားလုံးပျော်ပါက အအေးခံထားသောမုန့်များအပေါ်မှ သကြားရည် ဆမ်းပေးပါ ။ ပြီးလျှင်သကြားရည်ခြောက်အောင်လေသလပ် ထားပြီး ခြောက်ပါကသုံးဆောင်နိုင်ပါပြီ။ လေလုံသောပုံးဖြင့်ထည့်ပြီးသိမ်းထားပါကနှစ်ပတ်ခန့်ထားလို့ရပါသည်။
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
ရှမ်းပြည်အစားအစာဖြစ်တဲ့ငှက်ပျောဖူးချဉ်လုပ်ကြည့်ဖို့အကြံပေးတဲ့တောင်ကြီးကညီမယွန်းဖူးဖူးကိုကျေးဇူးတင်ပါတယ်။သတ်သတ်လွတ်လည်းဖြစ်ပြီးဆန်နီလေးနဲ့ခ...
No comments:
Post a Comment