အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
30 May 2015
Nasi Lemak
အုန်းထမင်း
နေ၇ာဒေသအသစ်တခုေ၇ာက်တိုင်းကြုံတွေ့၇မှာကမတူညီတဲ့ဒေသအစားအစာပါဘဲ။တချို့အစားအစာတွေကိုချက်ချင်းလက်ခံနိုင်ပေမဲ့အချို့ကိုကျမစားတတ်တာတွေကြုံတွေ့၇တတ်ပါတယ်။ဒီထမင်းပွဲလေးကိုတော့မြန်မာအစားအစာအုန်းထမင်းနဲ့တူတာတာမို့အလွယ်တကူဘဲလက်ခံနိုင်ပါတယ်။မလေးရှားအစားအစာအတော်များများဟာမြန်မာအစားစာတွေနဲ့နည်းစပ်မှုရှိပါတယ်။ချက်ပုံချက်နည်းနှင့်အ၇သာအနည်းငယ်ကွဲပြားတတ်ပါတယ်။ Nasi Lemak မလေးအုန်းထမင်း လေးကိုတော့ စင်္ကာပူရဲ့နေရာတိုင်းမှာ အလွယ် တကူရရှိနိုင်ပါ တယ်။ Nasi Lemak မှာတော့တွဲဖက်စားဖို့ အဓိက Sambal chilli sauce လေးဖြစ်ပါတယ်။ Sambal လုပ်နည်းလေးတင် ထားပေးပြီးသားပါ။ချက်ကြည့်၇အောင်နော်။
Nasi Lemak ချက်၇န်လိုအပ်သောပစ္စည်း
************************
ဆန် - ဆန်ချိန်ခွက် ၆ခွက်
အုန်းနို့ - ၅၀၀ml
ဆား - တစ်ဇွန်း
ဂျင်း -လက်တစ်ဆစ်
စပါးလင် - တစ်ချောင်း
ဆွမ်းမွေးရွက် - နှစ်ချောင်း
ေ၇ - လိုသလောက်
တွဲဖက်စားရန်
*******
မြေပဲဆန်ကြော်
ငါးနီတူးခြောက်ကြော် ( ikan Bilis)
Sambal Chilli Sauce
သခွားသီးစိတ်
ကြက်ဥပြုတ် / ကြက်ဥကြော်
ကြက်တောင်ပံကြော်
Otak
ပြင်ဆင်ချက်ပြုတ်နည်း
************
ဆန်ကိုေ၇ဆေးပြီးဂျင်း၊ပါးပါးလှီးထည့်ပါ။စပါးလင်ကိုအနည်းငယ်ထုထည့်ပါ။ဆွမ်းမွေး၇ွက်ကိုထုံးထည့်ပါ။ဆားနှင့်အုန်းနို့ထည့်ပါ။အုန်းနိ့ထည့်ပြီးလိုအပ်သောေ၇ပမာဏကိုထပ်ထည့်ပြီးခလုတ်နှိပ်၍တည်ပါ။ဆယ်မိနစ်ခန့်တွင်အထက်အောက်တချက်မွေပေးပြီးခလုတ်ပြုတ်ပါကငှက်ပျောဖက်သို့ပန်းကန်တွင်တည်ခင်းပြီးတွဲဖက်စားမည့်ကြက်ဥ၊ကြက်တောင်ပံကြော်၊သခွားသီး၊မြေပဲ၊ငါးခြောက်ကြော်၊
sambal chilli တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
ဆိုဖီယာရေ..
ReplyDeleteဖဘမှာတော့အကုန်နီးပါးမလွတ်ဘူးထင်တယ်ဖတ်ခဲ့တာ။
ဒီမှာလည်း ကော်ပီရိုက် ကို တင်ထားရင်ကောင်းမယ်။
ကိုယ့်ဘလော့ က ပုံတွေလည်း ဘလော့မှာ ရော ဖဘ မှာပါ ခိုးယူပြီး ပြောင်တင်ထားကြတယ်။ သူတို့ ကိုယ်တိုင်ချက်ထားသလိုမျိုး။
မမအိုင်အိုရာ
ဟုတ်စမ်းလုပ်ကြည့်မယ် sis .ကျေးဇူးပါ
Delete