Chocolate Walnut Brownies
(1)ထောပတ် - ၃၀၀ဂရမ်
(2)သကြား - ၄၀၀ဂရမ်
ဆား - ၁ ဂရမ်
(3) ကြက်ဥ - လေးလုံး
(4) ဂျုံ - ၄၀၀ ဂရမ်
Baking powder - ၃ ဂရမ်
ကိုကိုးမှုန့် - ၈၀ ဂရမ်
(၃မျိုးပေါင်းဇကာချထားပါ)
(5)သစ်ကြားသီး - ၁၅၀ ဂရမ် လုံးခြမ်းကွဲခြေထားပါ
(6) Chocolate Paste - ၃၀၀ ဂရမ်
ပြုလုပ်နည်း
******
အမှတ်စဉ်(1)မှbutter ကို အပူပေးပြီး (70'C လောက် မဆူပွက်ရ )မီးဖိုမှချပြီးအမှတ်စဉ်(2)ကိုထည့်ပြီးမွေပါ နာနတ်သီးအနှစ်ကဲ့သို့ပျစ်လာပါက (3)မှ ကြက်ဥကို တလုံးစီထည့်ပြီးအဆက်မပျက်မွေပေးပါ။ ချောမွေ့လာပါက အမှတ်စဉ်(4)မှ ဇကာချထားသောပစ္စည်း များကိုထည့်မွေပေးပါ။ နောက်ဆုံးတွင် အမှတ်စဉ်(5)ကို ထည့်ကာ သာသာလေးနှံ့ရုံမွေပြီးအသင့်လုပ်ထားသောဆီသုတ်စက္ကူခင်းထားသောဘမ်းတွင်လောင်းထည့်ပြီး 180ံ C မိနစ် 40- 45 Mins ထည့်ပါ။ နာရီဝက်တွင်တချက်ကြည့်ပါ ။ မုန့်သားကျက်မကျက် တုတ်ချောင်းသေးသေးဖြင့်ထိုး၍စစ်ကြည့်ပြီး မုန့်သားကျက်ပါက အပြင်ထုတ်အအေးခံကာ အပေါ်မှ ချောကလတ်သုတ်ပြီး အလှဆင်ကာသုံးဆောင် နိုင်ပါပြီ ။
No comments:
Post a Comment