30 May 2015

သင်္ကြန်​ထမင်း

သင်္ကြန်ထ္မင်းကိုမစားဖူးတော့မေးလာတဲ့သူအတွက်တဆင့်ပြန်မေးပြီးချက်ထားတာလေးပါ။မမြင်၇ဘဲနှုတ်မေးနဲ့ချက်ထားတာမို့ကွဲပြားမှုလေးတွေရှိနေနိုင်ပါတယ်။
(၁)ထမင်းထဲထည့်စားမည့်ရေအတွက်မြေအိုးတွင်ပျားဖယောင်းနှင့်ေ၇ကျက်အေးထည့်ကာဖယောင်းနံ့ယူထားသည့်ေ၇ကိုအဆင်သင့်လုပ်ထားပါ။(ပျားဖယောင်းတုံးကိုမြေစလောင်းဖုံးထဲထည့်ပြီးမီးရှို့ပြီးမြေအိုးအသစ်နဲ့အုပ်ပြီးထားပြီးမြေအိုးထဲကိုရေသန့်ရေကျက်အေးထဲ့တာနဲ့စားဘို့ရေရပြီ။)
(၂)ဆန်ကိုရေဆေးထားပြီးေ၇ဆူတွင်ထည့်ကာကျက်ခါနီးထိပြုတ်ပေးပြီးေ၇လောင်းဆေးပြီးေ၇စစ်ထားပါ။
(၃)ငါးခြောက်ကြော်ရန်ငါးကွင်းရှပ်ကိုထောင်းထားပါ။ကြက်သွန်အတုံးကြီးကြီးစိတ်ထားပါ။သရက်သီးကိုခြစ်ထားပါ။ဆိုဖီယာကစိတ်ထားပါတယ်။အိုးတခုတွင်ဆီထည့်ပြီးကြက်သွန်ကိုနွမ်း၇ုံကြော်ပါ။ဆယ်ယူုပြီးငါးခြောက်နှင့်သ၇က်သီးကိုထည့်ကြော်ပါ။ပြီးလျှင်ကြက်သွန်ကြော်နှင့်ပြန်ရောကြော်ပေးထားပါ။
(၄)ပန်းကန်တွင်ပြုတ်ပြီးသားထမင်းကိုထည့်ပါ။ဖယောင်းနှင့်မြေသင်းနံ့သွင်းပြီးသောေ၇ကိုထည့်ပါ။ငါးခြောက်သ၇က်သီးကြော်ထည့်ပြီးသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...