16 February 2017

ဆွမ်းမွေးထမင်း

 Pandan Rice
အုန်းထမင်းထောပတ်ထမင်းနည်းတူချက်စားနိုင်တဲ့ဆွမ်းမွေးထမင်းလေးဖြစ်ပါတ ယ်။သင်းပျံ့တဲ့ဆွမ်းမွေးထမင်းလေးကိုငါးပိထောင်းစပ်စပ်နဲ့တွဲဖက်လို့
မိသားစုအတွက်အပြောင်းအလဲချက်စားနိုင်ဖို့ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်သောပစ္စည်း
************
ဆန် -  ၅ခွက် ပေါင်းအိုးဆန်ချိန်ခွက်
ဆား - တစ်ဇွန်း စားပွဲဇွန်း
သကြား - တစ်ဇွန်း
ဆွမ်းမွေးရွက် - ၃ပင်
ဆွမ်းမွေးအနှစ် - တစ်ဇွန်း လ္ဘက်ဇွန်း
ရေ - ၆ခွက်ခွဲ
ဆီ - ၅၀ ml
တွဲဖက်စားရန်
**********
မြေပဲဆန်ကြော်
ကြက်ကြော်
Sambal Chilli
သခွားသီး
ခရမ်းချဉ်သီး
ကြက်ဥပြုတ် / ကြက်ဥကြော်
ပြင်ဆင်ချက်ပြုတ်ပုံ
************
(၁)ဆန်ကိုရေဆေးပြီးဆွမ်းမွေးရွက်ကိုထုံးထည့်ပါ။ဆီဆားသကြားထည့်ပါ။
ရေနှင့်ဆွမ်းမွေးဆီထည့်ပြီးသမအောင်မွေပေးပြီးတည်ပါ။ (၂)ဆယ်မိနစ်ခန့်တွင်အထက်အောက်တချက်မွေပေးပါ။
(၃)ထမင်းကျက်ပါကငှက်ပျောဖက်သို့ပန်းကန်တွင်တည်ခင်းပြီးတွဲဖက်စားမည့်ကြက်ဥ၊ကြက်ကြော်၊သခွားသီး၊၊sambal chilliတို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
❀ဆွမ်းမွေးရွက်ကိုကြိတ်ပြီးအရည်စစ်ယူကာဆွမ်းမွေးအနှစ်အစားအသုံးပြုနိုင်ပါတယ်။
.........
Sofia
http://sofiafoodparadise.blogspot.com

ဘူးသီးဟာလဝါ

 Lauki Ka Halwa
Bottle Gourd Pudding
 ဘူးသီးကိုမြန်မာပြည်မှာတော့ကြော်စားချက်စားဟ င်းချိုစသဖြင့်သာစားလေ့ရှိကြတာမို့အိန္ဒိယအချိုပွဲဘူးသီးဟာလဝါလုပ်နည်းလေးမျှဝေပေးလိုက်ပါ တယ်။ ပြုလုပ်ရလွယ်ကူပြီးအရသာထူးခြားကောင်း မွန်တဲ့ဘူးသီးဟာလဝါလေးလုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ဘူးသီး - (တလုံး)ခြစ်ပြီးသား ၅၀၀ ဂရမ်
သကြား - ၅၀ ဂရမ်
နို့ဆီ - ၅၀ ဂရမ်
ဆေးရောင် - အစိမ်း (optional)
နွားနို့ - ၂၀၀ ml
ထောပတ် - ၂ဇွန်း စားပွဲဇွန်း
ဖာလာစေ့ - ၃စေ့
စပျစ်ခြောက် / သီဟိုဠ်စေ့ - ၅၀ ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဘူးသီးကိုရေဆေးသန့်စင်ပြီးအခွံသင်ကာအမျှင်လေးများခြစ်ထားပါ။(အစေ့နှင့်အတွင်းသားမပါ)
(၂)အောက်ခြေထူသောအိုးတခုတွင်ထောပတ်ကိုအပူပေးပြီးဖာလာစေ့ကိုဆီသပ်ပါ။
(၃)ဘူးသီးခြစ်ထားသည်ကိုထည့်ပါ။ဘူးသီးကိုထောပတ်ဖြင့်အရောင်ပြောင်းပြီးစိမ်းနံ့ပျောက်လာသည်ထိကြော်ပေးပါ။
(၄)ဘူးသီးစိမ်းနံ့ပျောက်ပါကသကြားနို့ဆီနှင့်နွားနို့ထည့်ပြီးခမ်းပြီးခြောက်ကာဆီပြန်လာသည်ထိမွေပေးပါ။အရောင်ထည့်လိုပါအနည်းငယ်ထည့်ပါ။
(၅)ဆီပြန်ပြီးလုံးလာပါကစပျစ်ခြောက်သစ်သီးခြောက်နှစ်သက်ရာထည့်ပြီးမီးဖိုမှချကာအပူဖြစ်စေအအေးဖြစ်စေတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ ပြုလုပ်ပြီးရေခဲသေတ္တာတွင်တပတ်ခန့်သိမ်းဆည်းထားနိုင်သည်။
.............
Sofia
http://sofiafoodparadise.blogspot.com

ပဲပုတ်ထောင်း

 နမ့်ဖစ်
 ရှမ်းရိုးရာအစားအစာပဲပုတ်ထောင်းပုံစံအမျိုးမျိုးထဲကတမျိုးဖြစ်ပါတယ်။အရေကြဲကြဲရှမ်းပဲပုတ်ထောင်းကိုထမင်းပူပူမှာစမ်းပြီးတို့စရာအသီးအရွက်သို့မဟုတ်အရွက်ကြော်တမျိုးနဲ့တင်အလွန်ထမင်းမြိန်စေတဲ့နမ့်ဖစ်လို့ခေါ်တဲ့ရှမ်းပဲပုတ်ထောင်းလေးဖြစ်ပါတယ်။ထောင်းစားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ရှမ်းပဲပုတ် - ဆယ်ချပ်
ငရုတ်သီးစိမ်း - ၅တောင့်
ကြက်သွန်ဖြူ - ၅မြောင်း
မြေပဲဆန်လှော် - လက်တစ်ဆုပ်
ရေနွေးပူပူ - တစ်ခွက်
ဆား - အနည်းငယ်
နံနံပင် - အနည်းငယ်
တွဲဖက်တို့စရာအသီးအရွက်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ရှမ်းပဲပုတ်ကိုမီးကင်ထားပါ။မြေပဲဆန်ကိုလှော်ထားပါ။
(၂)ငရုပ်ဆုံတွင်ငရုပ်သီးကြက်သွန်ဖြူထည့်ထောင်းပါ။ပဲပုတ်နှင့်မြေပဲဆန်လှော်ကိုလည်းထောင်းပါ။
(၃)အားလုံးကြေညက်ပါကပန်းကန်တခုတွင်ထည့်ပြီးရေနွေးပူလောင်းထည့်ပြီးလိုချင်သောအပျစ်အကြဲအနေအထားပြုလုပ်ပါ။
(၄)နံနံပင်သေးသေးစိတ်ထည့်ပြီးအရသာအပေါ့အငံမြည်းကာအသီးနှံတို့စရာအရွက်ကြော်တို့ဖြင့်တွဲဖက်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

15 February 2017

ကြက်သောက်ဆမ်း>>ဟင်းဝိုင်း

ဟင်းဝိုင်းလို့ခေါ်တဲ့ရှမ်းကယားဒေသစာလေးဖြစ်ပါတယ်။ဒေသအစားအစာများကို စိတ်ရှည်စွာသင်ပြပေးတဲ့လွိုင်ကော်မှမမကြီးကျေးဇူးပါနော်..နမ့်ဖစ်နဲ့လိုက်ဖက်ပြီးထမင်းမြိန်စေမဲ့သောက်ဆမ်းပုံစံဟင်းတခွက်ဖြစ်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ကြက်သား/ အမဲသား - ၅၀၀ ဂရမ်
ပဲပြင်းစေ့ - တဘူး
မျှစ်ပြုတ် - ၂၀၀ ဂရမ်
သခွားသီး - တစ်လုံး
ခရမ်းချဉ်သီး - တစ်လုံး
ကြက်သွန်နီ - တစ်လုံး
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း
အရောင်တင်မှုန့် - ဇွန်းတဝက်
ဆီ- ၂ဇွန်း စားပွဲဇွန်း
ဆား- တစ်ဇွန်း
ဟင်းခပ်မှုန့် - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
**************
(၁)အိုးတခုတွင်နှစ်သက်ရာအသားကိုအနေတော်အတုံးလှီးထည့်ပါ။ကြက်သွန်နီခရမ်းချဉ်သီးသေးသေးစိတ်ထည့်ပါ။
(၂)ဂျင်းကြက်သွန်ဖြူအရောင်တင်ဆီနှင့်ဆားအရသာမှုန့်တို့ကိုထည့်ပြီးလုံးချက်ချက်ပါ။
(၃)ရေအနည်းငယ်ဆီထည့်ပေးပါ။အသားနူးခါနည်းတွင်ပဲပင်းစေ့ထည့်ပါ။
(၄)ပဲပြင်းစေ့နှင့်အသားနူးပါကသခွားသီးအတုံးကြီးကြီးနှင့်မျှစ်တို့ကိုလှီးထည့်ပြီးအရသာအပေါ့အငံမြည်းပါ။
(၅)သခွားသီးမျှစ်တို့ကျက်ပါကဟင်းအပျစ်အကျဲအနေအထားလိုသလိုပြုပြင်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
.........
Sofia
http://sofiafoodparadise.blogspot.com

ကန်ဇွန်းဥယို

 Sweet Potato Pudding
ငယ်ငယ်တုန်းကကျောင်းမုန့်ဈေးတန်းမှာကန်ဇွန်းဥယိုဆိုပြီးရောင်းတာလေးတွေရှိခဲ့ဖူးပါတယ်။အခုခေတ်တော့နိုင်ငံခြားဖြစ်မုန့်မျိုးစုံပုံစံအမျိုးမျိုးတွေကခလေးငယ်တွေကိုစွဲဆောင်နေကြတာမို့ကျောင်းတွေမှာရောင်းရင်တောင်ဝယ်စားဖြစ်ကြပါတော့မလားမသေချာတော့ပါ..... ဆိုဖီယာတော့ကလေးဘဝကတည်းကနှစ်သက်ခဲ့တဲ့မုန့်လေးဖြစ်သလိုဘယ်အချိန်စားစားမရိုးနိုင်တဲ့မုန့်လေးပေါ့။အိမ်ကသားငယ်သမီးငယ်လေးတွေလုပ်ကျွေးနိုင်အောင်လုပ်နည်းလေးမျှဝေပေး လိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကန်ဇွန်းဥ - ၈၀၀ ဂရမ်/၅၀ကျပ်သား
ကြံသကာ/သကြားညို - ၁၀၀ဂရမ်
ဆား - လ္ဘက်ဇွန်းတဝက်
ထောပတ်/ဆီ - ၅၀ ဂရမ်
မြေပဲလှော် - ၅၀ ဂရမ်
နှမ်းလှော် - ၂၀ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဦးစွာကန်ဇွန်းဥကိုရေဆေးပြီးနူးအောင်ပြုတ်ထားပါ။
(၂)နူးအိပါကအခွံသင်ပြီးကျေအောင်ခြေပါ။ကြံသကာသုံးလိုပါကညောင်စေးကျေ အာင်ကျိုထားပါ။မြေပဲလှော်ပြီးလုံးခြမ်းကွဲကြိတ်ထားပါ။နှမ်းလှော်ထားပါ။
(၃)အိုးတခုတွင်ထောပတ်ထည့်ပြီးအပူပေးပါ။ကန်ဇွန်းဥချေထားသည်ကိုထည့်ပါ။သကြားညိုသို့မဟုတ်ကြံသကာဆားထည့်ပြီးသမအောင်မွေပေးပါ။
(၄)လုံးပြီးဆီပြန်လာသည်ထိမွေပေးပါ။ဆီပြန်လုံးလာပါကမြေပဲလှော်လုံးခြမ်းကွဲကြိတ်ထားသည်နှင့်နှမ်းလှော်ထည့်ကာသမအောင်မွေပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
(၅)ဘမ်းတွင်ပုံစံဖြင့်လှီးယူလိုပါကဆီလူးထားသောဘမ်းတခုတွင်ဖိထည့်ပေးပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ကာအအေးခံပြီးလိုသလိုလှီးဖြတ်တည်ခင်းနိုင်ပါပြီ။
...................
Sofia
http://sofiafoodparadise.blogspot.com

2 February 2017

ရှမ်းသင်္ဘောသီးသုပ်

 သင်္ဘောသီးသုပ်ကိုမြန်မာသုပ်ရခိုင်သုပ်ဆိုပြီးအစားများကြပါတယ်။ဒီတခါရိုးရှင်းပြီးအရသာထူးတဲ့ရှမ်းသင်္ဘောသီးသုပ်လေးကိုမျှဝေပေးချင်ပါတယ်။ဆိုဖီယာလည်းရှမ်းပြည်သူဖြစ်ပေမဲ့လို့မြန်မာသုပ်ကိုသာစားဖူးခဲ့တာပါ။ပြီးခဲ့တဲ့တခေါက်တောင်ပိုင်းအလည်သွားရင်းနောင်မွန်ကယောင်းမကရှမ်းသင်္ဘောသီးသုပ်ရောင်းတဲ့ဆိုင်ခေါ်သွားပြီးသေချာပြောပြသင်ပေးခဲ့တဲ့ရှမ်းရိုးရာသင်္ဘောသီးသုပ်လေးပါ။ထူးထူးခြားခြားလေးမို့သုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
သင်္ဘောသီးစိမ်း - အနေတော် တလုံး
အာလူးပြုတ် - ၃၀၀ ဂရမ်
ပဲကြား - ဆန်ချိန်ခွက် တခွက်
မြေပဲထောင်း - တစ်ပန်းကန်
ရှမ်းနှမ်းမဲလုံးထောင်း - တစ်ပန်းကန်
ပဲမှုန့်အကျက် - တစ်ပန်းကန်
ရှမ်းပဲပုတ်အမှုန့် - ၃ချပ်
ကြက်သွန်ဖြူ နီအရောင်တင်ဆီ - တစ်ပန်းကန်
မန်ကျည်းမှည့်ရည် - တစ်ပန်းကန်
ငရုတ်သီးအလှော်မှုန့် - လိုသလောက်
ဆား - လိုသလောက်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဦးစွာသင်္ဘောသီးစိမ်းကိုခြစ်ပြီးရေဆေးကာရေညစ်ထားပါ။အာလူးပြုတ်ထားပါ။ပဲကြားကိုပြုတ်ထားပါ။
(၂)ကြက်သွန်နီဖြူကိုပါးပါးလှီးပြီးအရောင်တင်နနွင်းဆီချက်ထားပါ။မြေပဲ၊နှမ်းတို့ကိုလှော်ပြီးထောင်း ထားပါ။မန်ကျည်းမှည့်အနှစ်တိုက်ထားပါ။ရှမ်းပဲပုတ်ကိုမီးကင်ပြီးထောင်းထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကပန်းကန်တခုတွင်သေ ဘာင်္ာသီးတပွဲစာထည့်ပါ။အာလူးပြုတ်တလုံးအခွံ သင်ထည့်ပါ။ပဲကြားပြုတ်ထားသည်ကို၂ဇွန်းခန့် ထည့်ပါ။
(၄)ပြီးလျှင်ဆားမန်ကျည်းမှည့်ရည်ပဲမှုန့်အရောင်ဆီမြေပဲထောင်းနှမ်းထောင်းငရုတ်သီးမှုန့်တို့ကိုတဇွန်းဆီထည့်ပြီးအာလူးနှင့်ပဲအနည်းငယ်ကြေအောင်ဖိချေပြီးနယ်ပေးပါ။အရသာအပေါ့အငံမြည်းပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။
.........
Sofia
http://sofiafoodparadise.blogspot.com

ရှမ်းပဲပုတ်ချက်

ရှမ်းပဲပုတ်ချက်နဲ့အရွက်ကြော်လေးနဲ့ဆိုရင်တခြား ဘာဟင်းမှမလိုတော့တာအသေချာပေါ့။ဘယ်ချိန်စားစားမရိုးနိုင်တဲ့အရိုးရှင်းဆုံးသောပဲပုတ်ချက်ပါ။
ပါဝင်ပစ္စည်း
********
ခရမ်းချဉ်သီး - ၄၀၀ ဂရမ်
ကြက်သွန်နီ - ၁လုံး
ရှမ်းပဲပုတ် - ၃ချပ်
ဂျင်းကြက်သွန်ဖြူ -တဇွန်း လ္ဘက်ဇွန်း
အရောင်တင် - တစ်ဇွန်း
နနွင်း - အနည်းငယ်
ဆား - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
နံနံပင် - အနည်းငယ်
ငရုပ်သီးစိမ်း - ၃ တောင့်
ဆီ - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
************
(၁)ဦးစွာခရမ်းချဉ်သီးကိုရေဆေးသန့်စင်ပြီးသေးသေးစိတ်ထားပါ။
(၂)ကြက်သွန်နီပါးပါးလှီးထားပါ။ငရုပ်သီးထပ်ခြမ်ြး ခမ်းထားပါ။ပဲပုတ်ကိုမီးကင်ပြီးထောင်းထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။ဆီပူလျှင်ကြက်သွန်ထည့်ပြီးဆီ သပ်ပါ။ဂျင်းကြက်သွန်ဖြူထည့်ပါ။ကြက်သွန်အရော င်အနည်းငယ်ဝင်းလာပါကနနွင်းအရောင်တင်ထည့်ပါ။
(၄)ပြီးလျှင်ခရမ်းချဉ်သီးသေးသေးစိတ်ထည့်ပြီး ဆားနှင့်ဟင်းခပ်မှုန့်ထည့်ကာခရမ်းချဉ်သီးကြေပြီး အနှစ်ကျလာသည်ထိချက်ပေးပါ။
(၅)အနှစ်ကျပါကထောင်းထားသောပဲပုတ်ကိုထ ည့်ပါ။ရေနွေးအနည်းငယ်ထည့်ပေးပြီးအပျစ်အကျဲလို သလိုပြုပြင်ကာအရသာအပေါ့အငံမြည်းပါ။(၆)အရသာအနေတော်ပါကငရုပ်သီးနံနံပင်ထည့် ပါ။သမအောင်မွေပြီးနှစ်သက်ရာအသီးအရွက်တို့စ ရာအရွက်စုံဟင်းချိုသို့မဟုတ်မုန်ညင်းဟင်းချိုတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
...........
Sofia
http://sofiafoodparadise.blogspot.com

ကြက်ကင်

Roast Chicken
ကြက်ကင်ကိုပုံစံအမျိုးမျိုးအရသာအမျိုးမျိုးကင်ကြတဲ့အထဲကကြက်ဆီထမင်းနဲ့တွဲရောင်းလေ့ရှိတဲ့ကြက်ကင်ပုံစံလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကြက် - ၁.၅ ကီလို
ဂျင်းထောင်းအရည် - တဇွန်း စားပွဲဇွန်း
ပဲငံပြာရည် - တစ်ဇွန်း
ပျားရည် - ၂ဇွန်း
ဆား - ဇွန်းတဝက်
ငရုတ်ကောင်းဖြူ - တစ်ဇွန်း လ္ဘက်ဇွန်း
တရုတ်ငါးမျိုးမဆလာ - တဇွန်း လ္ဘက်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကြက်တစ်ကောင်ကိုရေဆေးသန့်စင်ရေစစ်ထားပြီးသောကြက်ကိုမီးဖိုချောင်သုံးတစ်ရှူးစက္ကူဖြင့်ရေခြောက်အောင်သုတ်ပေးပါ။
(၂)ကျန်ပါဝင်ပစ္စည်းများအားလုံးကိုပန်းကန်တခုတွင်ထည့်ပြီးသမအောင်မွေထားပါ။
(၃)ရေခြောက်အောင်သုတ်ထားသောကြက်ကိုရောစပ်ထားသောဆော့စ်ဖြင့်အတွင်းအပြင်တကိုယ်လုံးအနှံ့လူးပေးပါ။
(၄)ဆော့စ်ဖြင့်လူးပြီးသောကြက်ကိုပလပ်စတစ်ဖြင့်ဖုံးအုပ်ကာရေခဲသေတ္တာတွင်တညသို့မဟုတ်၃နာရီခန့်နှပ်ထားပါ။
(၅)ovenကို၂၀၀ဒီဂရီဖြင့်အပူပေးထားပါ။အသင့်ဖြစ်ပါကနှပ်ထားပြီးသောကြက်ကိုဘမ်းတခုတွင်ထည့်ပြီးမိနစ်၂၀ခန့်ကင်ပေးပါ။
(၆)မိနစ်၂၀ပြည့်ပါကovenအပူရှိန်ကို၁၇၀ဒီဂရီထိလျော့ချပြီးမိနစ်၃၀မှ၄၀ထိကင်ပေးပါ။
(၇)ကင်နေစဉ်တွင်မကြာခဏလက်ကျန်ဆော့ဖြင့်လူးပေးနိုင်သည်။
(၈)ကြက်သားကျက်မကျက်ကိုကြက်၏ပေါင်အရင်းပိုင်းကိုအချွန်တခုဖြင့်ထိုးကြည့်ပါ။ထွက်လာသောအရည်ကြည်နေလျှင်ကြက်သားကျက်ပါပြီ။
(၉)အပြင်ဘက်အရေခွံမှာလည်းအရောင်ရပြီးကြွပ်သည့်အနေအထားဖြစ်လျှင်ထုတ်ယူအအေးခံပြီးလိုသလိုလှီးဖြတ်ပြီးနှစ်သက်ရာထမင်း၊ဆော့စ်ဖြင့်တွဲဖက်တည်ခင်း သုံးဆောင်နိုင်ပါပြီ။
❀ကြက်အကောင်ကြီးလွန်းပါကြက်ကိုကျောဘက်မှခွဲပေးပြီးဖြန့်ပြီးကင်ပေးနိုင်ပါသည်
.........
Sofia
http://sofiafoodparadise.blogspot.com

မှိုချဉ်

Pickled Mushroom
ခုလိုမှိုပေါတဲ့ရာသီရှမ်းပြည်မှာတော့သဘာဝမှိုတွေနဲ့အထားခံအောင်ပုံစံအမျိုးမျိုးဖြင့်မှိုချဉ်မှိုဆီစိမ်စသဖြင့်ပြုလုပ်လေ့ရှိပါတယ်။သဘာဝမှိုမရနိုင်တဲ့နေရာမှာတော့ရှိတဲ့မှိုလေးနဲ့အချဉ်တည်ပြီးအလွမ်းပြေလုပ်စားနိုင်ပါတယ်။မှိုချဉ်လေးကိုနှစ်သက်ရာအသားနှင့်တွဲပြီးကြော်စားနိုင်သလိုသတ်သတ်လွတ်လည်းကြော်စားနိုင်ပါတယ်။လုပ်စားကြ ည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
မှို (ရှီမေဂျီ) - ၃၀၀ ဂရမ်
ဆား - အနည်းငယ်
ငရုတ်သီးစိမ်း - ၃တောင့်
ဆန်မှုန့်အစိမ်း - ၂ဇွန်း စားပွဲဇွန်း
ရေ - ၅ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
*********
၁•သန့်စင်ပြီးသားမှိုကိုအရင်းပိုင်းများဖြတ်ထားပါ။
၂•သန့်ရှင်း၍ဆီကင်းသောဇလုံတခုတွင်ထည့်ပြီးဆားအနည်းငယ်ထည့်ပြီးဖွဖွနယ်ထားပါ။(ဆားအရသာပါသည်ဆိုရုံသာများလျှင်မြန်မြန်မချဉ်ပါ)ကြာရှည်ထားလိုပါကပိုထည့်ပေးနိုင်ပါတယ်။
၃•ဆန်မှုန့်၂ဇွန်းကိုရေထည့်ပြီးသမအောင်မွေပေးကာမီးဖိုပေါ်တွင်အပူပေးပါ။ပျစ်လာလျှင်မီးဖိုမှချပြီးအအေးခံထားပါ။
၎•ဆားနယ်ထားသောမှိုထဲသို့အအေးခံထားသောဆန်မှုန့်ကျိုထားသည်ကိုထည့်ပါ။ငရုတ်သီးထည့်လိုကအခြမ်းလိုက်ဖြစ်စေသေးသေးစိတ်ဖြစ်စေထည့်ပါ။
၅•သန့်စင်ခြောက်သွေ့သောပုလင်းတွင်ထည့်ပြီးမှိုအပေါ်မျက်နှာပြင်တွင်ပလပ်စတစ်တထပ်ခင်းပေးပါပြီးလျှင်အဖုံးလုံအောင်ပိတ်ကာပူနွေးသောနေရာတွင်ထားပါ။ (မီးဖိုနားနီး)
၆•ရာသီဥတုနှင့်အခန်းအပူချိန်ပေါ်မူတည်ပြီး၂ရက်မှ၃ရက်တွင်မှိုချဉ်ရပါပြီ။ချဉ်ပြီဆိုပါကရေခဲသေတ္တာတွင်သိမ်းဆည်းထားနိုင်ပြီးနှစ်သက်သလိုကြော်စားချက်စားနိုင်ပါပြီ။
❀ကြာရှည်ထားလိုပါကရေပါဝင်မှုနည်းအောင်ထမင်းမာမာကိုအသုံးပြုပြီးလေလုံအောင်ထားပါ။
.........
Sofia
http://sofiafoodparadise.blogspot.com

အသားတုကုန်းဘောင်

ထမင်းမြိန်စေမဲ့သတ်သတ်လွတ်အသားတုကုန်းဘောင်ကြီးကြော်လေးဖြစ်ပါတယ်။ချက်ရလွယ်ကူမြန်ဆန်တဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။ ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်စားကြည့်ရေ အာင်နော်။
ပါဝင်ပစ္စည်း
******
အသားတု(fresh) - ၃၀၀ဂရမ်
ကြက်သွန်နီ - အနေတော် ၂လုံး
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ခရမ်းချဉ်သီး -တစ်လုံး
ရွှေပဲ/ငရုပ်ပွ - ၅တောင့်/တစ်လုံး
ငရုပ်သီးခြောက် - ၅ တောင့်
ရှောက်ကော တရုပ်မဆလာ - အနည်းငယ်
Sweet Soya Sauce - တစ်ဇွန်း
(အနောက်ရည်)
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်နည်း
************
၁•ဦးစွာအသားတုကိုအနေတော်အတုံးလှီးထားပါ။
၂•ကြက်သွန်နီအတုံးကြီးလှီးထားပါ။ခရမ်းချဉ်သီးအတုံးကြီးစိတ်ထားပါ။ငရုပ်သီးခြောက်ချွေထားပါ။ရွှေပဲကိုတဝက်စိ တ်ထားပါ။ငရုပ်ပွအနေတော်စိတ်ထားပါ။
၃•အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။)
၎•ဆီပူလျှင်ငရုပ်ခြောက်ကိုကျွမ်းအောင်ကြော်ပြီးဖယ်ထုတ်ထားပါ။
၅•ကြက်သွန်ထည့်ပြီးကြော်ပါ။ မီးပြင်းဖြင့်အရောင်ပြောင်းရုံကြော်ပါ။အသားတု၊ရွှေပဲ၊ငရုပ်ပွ၊ခရမ်းချဉ်သီး တို့ကိုထည့်ကြော်ပါ။ဆားဟင်းခပ်မှုန့်ထည့်ပါ။
၆•သီးရွက်ပြုတ်ရည်သို့မဟုတ်ရေအနည်းငယ်ထည့်ပေးပါ။အနောက်ရည်ထည့်ပြီးမွေပေးပါ။နောက်ဆုံးတွင်ရှောက်ကောမှုန့်ထည့်ပြီးငရုပ်သီးခြောက်ကြော်ထည့်ကာသမအောင်မွေပေးပြီးပန်းကန်တွင်တည်းခင်းသုံးဆောင်နိုင်ပါပြီ။
(မီးပြင်းဖြင့်ကြော်ပါကြက်သွန်တအားခြောက်ပြီးနွမ်းလျှင်စားမကောင်းပါ။)
...........
Sofia
http://sofiafoodparadise.blogspot.com

အသားတု

Vegetarian Meat
အသားတုကိုတော့နေရာအတော်များများမှာအခြောက်ဘဲအများဆုံးဝယ်လို့ရပါတယ်။လတ်ဆပ်တဲ့အသားတုအစို ကိုတော့အချို့ဒေသများမှာသာရောင်းလေ့ရှိပါတယ်။သတ်သတ်လွတ်သုံးဆောင်သူများအတွက်အဆင်ပြေသလိုသာမန်သူတွေအတွက်လည်းအရသာသစ်တမျိုးနဲ့စားလို့ကောင်းတဲ့အသားတုဘဲဖြစ်ပါတယ်။ဒီနည်းလေးကိုတော့ဆိုဖီယာ့အန်တီလေးဆီကသင်ပါတယ်။အလွယ်တကူဝယ်ယူ၍မရနိုင်သောသူ များနှင့်စမ်းပြီးပြုလုပ်လိုသူများအတွက်လုပ်နည်းလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။လုပ်စားကြ ည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း
*********
ဂျုံ (All Purpose Flour)- တစ်ကီလို
ရေ - ၅၀၀ ml
ပြင်ဆင်ပြုလုပ်ပုံ
************
၁•ဦးစွာဇလုံတခုတွင်ဂျုံနှင့်ရေထည့်ပြီးသမအောင်နယ်ပေးပါ။ဂျုံသားများလုံးလာပါကပလပ်စတစ်အု ပ်ပြီးဆယ်မိနစ်ခန့်ထားပါ။
၂•ဆယ်မိနစ်ခန့်နှပ်ထားပြီးပါကနောက်ထပ်တစ်ကြိမ်၂မိနစ်၃မိနစ်ခန့်နယ်ပေးပါ။ဂျုံသားပြောင်ချောလာပါကဇလုံတွင်ပြန်ထည့်ပြီးရေအပြည့်ထည့်ကာမိနစ်၂၀ခန့်စိမ်ထားပါ။
၃•မိနစ်နှစ်ဆယ်ခန့်စိမ်ထားသောဂျုံလုံးကိုရေထဲ တွင်ဖိခြေပြီးနယ်ဆေးပေးပါ။
၎•ဂျုံအနှစ်များထွက်လာပါကဇကာခံပြီးသွန်ပစ်ကာရေအသစ်ထည့်၍ထပ်ခါထပ်ခါပွတ်ချေပြီးဆေးပေးပါ။
၅•အထက်ပါနည်းအတိုင်းအကြိမ်ကြိမ်ဆေးပေးပြီးရေမှာမဖြူတော့ဘဲကြည်လာပါကရလာသောဂျုံကိုကျစ်လာအောင်လုံးပေးပါ။
၆•ရေစစ်ပြီးလုံးသွားသောဂျုံလုံးကိုပလပ်စတစ်ဖြင့်ထုပ်ပြီးအပေါ်မှအလေးဖြင့်ဆယ်မိနစ်ခန့်ဖိပေးထားပါ။
၇•ပြီးလျှင်ရလာသောအသားတုကိုသလိုလှီးဖြ တ်ထားပါ။ရေနွေးအိုးတည်ထားပါ။
၈•တည်ထားသောရေနွေးအတော်ပူလာပါကအသင့်လှီးဖြတ်ထားသောအသားတုအတုံးလေးများကိုထည့်ပြုတ်ပါ၊
၉•အသားလုံးများအပေါ်သို့ပေါ်လာပါကဆယ်ယူပြီးရေအေးစိမ်ထားပေးပါ။
၁၀•အေးသွားပါကဆယ်ယူရေစစ်ပြီးလိုအပ်သလိုကြော်စားချက်စားနိုင်ပါပြီ။
❀အလိပ်လေးများပြုလုပ်ရန်အတွက်မပြုတ်ခင်ခပ်ရှည်ရှည်လှီးဖြတ်ကာတူတွင်ပတ်ပြီးရေနွေးအိုးတွင်ထည့်ပြုတ်နိုင်ပါတယ်။
❀ပြုတ်အိုးရည်ကိုအရသာရှိပြီးသားသတ်သတ်လွတ်ပြုတ်ရည်ကိုအသုံးပြုနိုင်သလိုရိုးရိုးရေကိုလည်းအသုံးပြုနိုင်ပါတယ်။
❀ဂျုံတကီလိုပြုလုပ်လျှင်မပြုတ်ရသေးသောအသားတု၃၂၀ဂရမ်ရရှိပါတယ်။ပုံပါအသားတုမှာဂျုံမှုန့်တစ်ကီလိုအချိုးဖြစ်ပါတယ်။
..........
Sofia
http://sofiafoodparadise.blogspot.com

စင်္ကာပူကြက်ဆီထမင်း

 Hainanese Roast Chicken Rice
စင်္ကာပူနာမည်ကြီးအစားအစာတခုဖြစ်တဲ့ဟိုင်နန်ကြက်ဆီထမင်းဖြစ်ပါတယ်။မူလဟိုင်နန်ကျွန်းဒေသအစားအစာဖြစ်သော်လည်းစင်္ကာပူမလေးရှားဗီယက်နမ်ထိုင်းနိုင်ငံများမှာလူကြိုက်များတဲ့ကြက်ဆီထမင်းလည်းဖြစ်ပါတယ်။
ဂျင်း၊ကြက်သွန်ဖြူ ၊ ကြက်ပြုတ်ရည်နဲ့ဆီအနည်းငယ်ကိုသာအသုံးပြုချက်ထားခြင်းကြောင့်အဆီရှောင်လိုသူများအတွက်လည်းအဆင်ပြေအကြိုက်တွေ့စေမဲ့လွယ်ကူတဲ့နည်းလည်းဖြစ်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ကြက်ကင်ပြုလုပ်ရန်
**************
ကြက် - ၁.၅ ကီလို
ဂျင်းထောင်းအရည် - တဇွန်း စားပွဲဇွန်း
ပဲငံပြာရည် - တစ်ဇွန်း
ပျားရည် - ၂ဇွန်း
ဆား - ဇွန်းတဝက်
ငရုတ်ကောင်းဖြူ - တစ်ဇွန်း လ္ဘက်ဇွန်း
တရုတ်ငါးမျိုးမဆလာ - တဇွန်း လ္ဘက်ဇွန်း
ကြက်ကင်ပြုလုပ်ပုံ
*************
၁•ကြက်တစ်ကောင်ကိုရေဆေးသန့်စင်ရေစစ်ထားပြီးသောကြက်ကိုမီးဖိုချောင်သုံးတစ်ရှူးစက္ကူဖြင့်ရေခြောက်အောင်သုတ်ပေးပါ။
၂•ကျန်ပါဝင်ပစ္စည်းများအားလုံးကိုပန်းကန်တခုတွင်ထည့်ပြီးသမအောင်မွေထားပါ။
၃•ရေခြောက်အောင်သုတ်ထားသောကြက်ကိုရောစပ်ထားသောဆော့စ်ဖြင့်အတွင်းအပြင်တကိုယ်လုံးအနှံ့လူးပေးပါ။
၎•ဆော့စ်ဖြင့်လူးပြီးသောကြက်ကိုပလပ်စတစ်ဖြင့်ဖုံးအုပ်ကာရေခဲသေတ္တာတွင်တညသို့မဟုတ်၃နာရီခန့်နှပ်ထားပါ။
၅•ovenကို၂၀၀ဒီဂရီဖြင့်အပူပေးထားပါ။အသင့်ဖြစ်ပါကနှပ်ထားပြီးသောကြက်ကိုဘမ်းတခုတွင်ထည့်ပြီးမိနစ်၂၀ခန့်ကင်ပေးပါ။
၆•မိနစ်၂၀ပြည့်ပါကovenအပူရှိန်ကို၁၇၀ဒီဂရီထိလျော့ချပြီးမိနစ်၃၀မှ၄၀ထိကင်ပေးပါ။
၇•ကင်နေစဉ်တွင်မကြာခဏလက်ကျန်ဆော့ဖြင့်လူးပေးနိုင်သည်။
၈•ကြက်သားကျက်မကျက်ကိုကြက်၏ပေါင်အရင်းပိုင်းကိုအချွန်တခုဖြင့်ထိုးကြည့်ပါ။ထွက်လာသောအရည်ကြည်နေလျှင်ကြက်သားကျက်ပါပြီ။
၉•အပြင်ဘက်အရေခွံမှာလည်းအရောင်ရပြီးကြွပ်သည့်အနေအထားဖြစ်လျှင်ထုတ်ယူအအေးခံထားပါ။
❀ကြက်အကောင်ကြီးလွန်းပါကြက်ကိုကျောဘက်မှခွဲပေးပြီးဖြန့်ပြီးကင်ပေးနိုင်ပါသည်။
ကြက်ဆီထမင်းချက်ရန်
*****************
ဆန် - ၅ခွက် (ပေါင်းအိုးဆန်ချိန်ခွက်)
ဂျင်း - နှစ်လက်မ
ကြက်သွန်ဖြူ - ၅မြောင်း
ဆီ - ၅ဇွန်း စားပွဲဇွန်း
ဆား - ဇွန်းတဝက်
ကြက်ပြုတ်ရည် - ၆ခွက်ခွဲ
ပြင်ဆင်ချက်ပြုတ်ပုံ
**************
၁•ဦးစွာချက်မည့်ဆန်ကိုရေဆေးရေစစ်ထားပါ။၂•ချက်မည့်အိုးသို့မဟုတ်ပေါင်းအိုးကိုအပူပေးပြီးဆီထည့်ပါ။
၃•ဂျင်းပါးပါးလှီးထားသည်နှင့်ကြက်သွန်ဖြူကိုရိုက်ပြားပြီးဆီသပ်ပါ။
၎•ဆီသပ်နံ့မွေးလာပါကရေစစ်ထားသည့်ဆန်ကိုထည့်ကြော်ပါ။
၅•ဆန်စေ့လေးများအရောင်ပြောင်းလာပါကကြက်ပြုတ်ရည်ထည့်ပါ။၆•ဆားထည့်ပြီးသမအောင်မွေပေးကာအဖုံးအုပ်ပြီးထမင်းကျက်သည်ထိတည်ထားပါ။
ကြက်ဆီထမင်းဆော့စ်
****************
ငရုတ်သီး - ၅တောင့်
ငရုတ်ပွရှည် - ၃တောင့်
ဂျင်း - လက်တစ်ဆစ်
ကြက်သွန်ဖြူ - ၂မြောင်း
သံပုရာသီး - တစ်လုံး
ဆား - ဇွန်းတဝက် စားပွဲဇွန်း
သကြား- ၂ဇွန်း
ကြက်ပြုတ်ရည် - ၅ဇွန်း
ပါဝင်ပစ္စည်းအားလုံးကိုရောကြိတ်ပြီးအရသာအပေါ့အငံမြည်းပါ။
တွဲဖက်စားရန်
**********
ဆော့စ်
သခွားသီး
နံနံပင်
ခရမ်းချဉ်သီး
ကြက်ပြုတ်ဟင်းချို
ပွဲပြင်ဆင်ပုံ
********
အားလုံးအသင့်ဖြစ်ပါကပန်းကန်တွင်ကြက်ဆီထ မင်းထည့်ပြီးအပေါ်မှကြက်ကင်လှီးဖြတ်ပြီးတင်ပေး ပါ။သခွားသီးခရမ်းချဉ်သီးနံနံပင်နှင့်ဟင်းချိုတို့ဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀ကြက်ကင်အစားကြက်ပေါင်းကြက်ပြုတ်ဖြင့်လည်းတွဲဖက်တည်ခင်းနိုင်ပါတယ်။
............
Sofia
http://sofiafoodparadise.blogspot.com

မှိုဆီစိမ်


မှိုဆီစိမ်လို့ခေါ်တဲ့မှိုကြော်လေးကကြက်သားဟင်းနဲ့မလဲနိုင်တဲ့ဟင်းတခွက်ပါ။ခုလိုမှိုပေါတဲ့ရာသီမှာပြုလုပ်ထားပြီးလချီအထားခံအောင်ပြုလုပ်သိမ်းဆည်းထားနိုင်ပါတယ်။ဆိုဖီယာတော့များသောအားဖြင့်မြန်မာပြည်ကငွေနှင်းမှိုကိုအခြောက်ဖြစ်စေအစိုဖြစ်စေပြုလုပ်လေ့ရှိပါတယ်။အခြားသောသဘာဝစိုက်ပျိုးမှိုများကိုလည်း အသုံးပြုနိုင်ပါတယ်။ခုကြော်ထားတဲ့မှိုလေးကတော့ (shimeijji)ရှီမေဂျီမှိုဖြစ်ပါတယ်။ကြော်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
Shimeijji မှို - ၅၀၀ဂရမ်
ဂျင်း - လက်တစ်ဆစ်
ကြက်သွန်ဖြူ - ၅မြောင်း
ဆား - အနည်းငယ်
ငရုတ်သီးခြောက် - ၅တောင့်
တရုတ်မဆလာ - ဇွန်းတဝက် စားပွဲဇွန်း
ဆီ -ကြော်ရန်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာမှိုအစိုကိုဆားအနည်းငယ်ထည့်ပြီးသမအောင်မွေကာ၅မိနစ်ခန့်ထားပါ။မှိုအခြောက်ဖြင့်ပြုလုပ်ပါကဆားထည့်ရန်မလိုဘဲရေဆေးပြီးရေခြောက်အောင်ညစ်ထားပါ။မှိုအပွင့်အရိုးကြီးပါကထပ်ခြမ်းခွဲပေးပါ။
2.ဆားနယ်ထားသောမှိုကိုရေဆေးပြီးရေခြောက်အောင်ညစ်ပါ။ဂျင်းပါးပါးစိတ်ထားပါ။ကြက်သွန်ဖြူရိုက်ပြားထားပါ။
3.ရေခြောက်အောင်ညစ်ထားသောမှိုကိုဆား၊ဂျင်း ကြက်သွန်ဖြူ ၊တရုတ်မဆာတို့ကိုထည့်ပြီးသမအော င်နယ်ပေးပါ။မှိုအစိုဆားနယ်ပြီးသားဖြစ်ပါကလို အပ်မှသာလျှင်ဆားထည့်ပါ။
4.ကြော်မည့်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။ဆီပူပါကငရုတ်သီးခြောက်နှင့်အရသာနယ်ပြီးသားမှိုတို့ကိုထည့်ပြီးအနေတော်မီးဖြင့်ခြောက်အောင်ကြော်ပေးပါ။
5.မှိုများရေခြောက်ပြီးနီရောင်သမ်းလာပါကဆယ်ယူဆီစစ်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
6.ကြာရှည်ထားလိုပါကအအေးခံထားသောမှိုကြော်ကိုသန့်ရှင်းခြောက်သွေ့သောပုလင်းတွင်ထည့်ပြီးကြော်ထားသောဆီကိုရောထည့်စိမ်ထားကာဇွန်းသန့်သန့်ဖြင့်လိုအပ်သလောက်ထုတ်ယူသုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

ရဲယိုရွက်ငါးခူစင်းကော

ရဲယိုရွက်ငါးခူစင်းကောဟင်းလေးကငါးဟင်းနှစ်သက်သူများအဖို့အလွန်ထမင်းမြိန်စေမဲ့ဟင်းတခွက်ဖြစ်ပါတယ်။ပုံမှန်အားဖြင့်ငါးခူကိုသိပ်စားလေ့မရှိပေမဲ့ခုလိုလေးစင်းကောကိုဟင်းခပ်အမွေးအကြိုင်နိုင်နိုင်နဲ့ချက်စားတာတော့နှစ်သက်မိပါတယ်။အသားနွင်ပြီးသားမို့အရိုးလည်းမနွင်ရဘူးပေါ့နော်..ရဲယိုရွက်မထည့်ဘဲငါးခူစင်းကောသီးသန့်လည်းချက်နိုင်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ငါးခူ - ၂၀၀ ဂရမ် တကောင် ၁၅ကျပ်သားခန့်
ကြက်သွန်နီ - ၂လုံး
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း စားပွဲဇွန်း
နနွင်းအနည်းငယ်
ဆား - ဇွန်းတစ်ဝက် လ္ဘက်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ရဲယိုရွက်နုနု - ၃ရွက်
ရှမ်းနံနံ - နှစ်ပင်
နံနံပင် - အနည်းငယ်
ပင်စိမ်း - အနည်းငယ်
ငရုတ်သီးစိမ်း - ၅တောင့်
ဆီ -အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာငါးခူကိုရေဆေးသန့်စင်ပြီးကျောမှခွဲပီးအသားလွှာထားပါ။ဈေးတွင်ဝယ်ယူပြီးလည်းအသားနွင်ခိုင်းနိုင်ပါတယ်။
2.ငါးခူအသားလွှာကိုပါးပါးလှီးပြီးဆားဟင်းခပ်မှုန့်ဖြင့်နယ်ထားပါ။
3.ကြက်သွန်နီပါးပါးစိတ်ထားပါ။ဂျင်းကြက်သွန်ဖြူထောင်းထားပါ။
4.ချက်မည့်အိုးတွင်ဆီထည့်အပူပေးပြီးကြက်သွန်နီဆီသပ်ပါ။နနွင်းထည့်ပါ။ကြက်သွန်အရောင်ပြောင်းပြီးနွမ်းလာပါကဂျင်းကြက်သွန်ဖြူထည့်ပါ။
5.ဆီသပ်နံ့မွေးလာပါကအရသာနယ်ထားသောငါးခူအသားကိုထည့်ပါ။ရေအနည်းငယ်ထည့်ပြီးဟင်းအနှစ်ကျအောက်ချက်ပါ။အရသာအပေါ့အငံမြည်းပြီးလိုအပ်ပါကဖြည့်စွက်ပါ။
6.ရဲယိုရွက်သေးသေးစိတ်ထည့်ပါ။လိုအပ်ပါကရေအနည်းငယ်ထည့်ပေးပါ။ငရုတ်သီးစိမ်းကိုရိုက်ပြီးထည့်ပါ။
7.မီးဖိုမှချခါနီးတွင်ရှမ်းနံနံပင်စိမ်းနံနံပင်ထည့်ပြီးသမအောင်မွေပေးကာအရည်စပ်စပ်ဖြင့်ဖိုမှချကာတည်ခင်းနိုင်ပါပြီ။
...........
Sofia

  • http://sofiafoodparadise.blogspot.com

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...