27 December 2016

အုန်းမှန်ကူ

 Coconut Candy
အုန်းမှန်ကူကိုငယ်စဉ်ကလေးဘဝကျောင်းမုန့်ဈေးတန်းတွေမှာရောင်းတာကိုဝယ်စားဖူးကြမယ်ထင်ပါတယ်။အခြားအိမ်နီးချင်းနိုင်ငံများတွင်လည်းပုံစံအမျိုးမျိုးပြုလုပ်ပြီးအချိုပွဲအဖြစ်တည်ခင်းတာတွေ့ရပါတယ်။
မိမိအိမ်မှာထမင်းစားပြီးအချိုတည်းစရာအဖြစ်ပြုလုပ်နိုင်သလိုဆေးသကြားကင်းတဲ့အချိုမုန့်ကိုသားငယ်သမီးငယ်များအတွက်ပြုလုပ်ပေးနိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
အုန်းသီး - ၃၀၀ ဂရမ်
သကြား - ၄၀၀ ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
************
1.အုန်းသီးကိုအပြင်အမဲများလှီးထုတ်ပြီးအမျှင်ခြစ်ထားပါ။(ဒီမှာတော့ခြစ်ပြီးသားဝယ်ပြီးပြုလုပ်လို့အမျှင်မရပါ)
2.ခြစ်ပြီးသားအုန်းသီးကိုမီးအေးအေးဖြင့်အရောင်မပြောင်းအောင်လှော်ပေးပါ။
3.အုန်းသီးအတော်လေးခြောက်လာပါကသကြားထည့်ပြီးအဆက်မပျက်မွေပေးပါ။
4.သကြားများအရည်ပျော်ပြီးခြောက်လာသည်ထိမွေပေးပါ။
5.ခြောက်ပြီးခဲလာပါကဆီလူးထားသောဘမ်းတွင်ဖိထည့်ပြီးအအေးခံထားပါ။
6.အတော်အသင့်အေးပါကလိုသလိုလှီးဖြတ်ကာဘမ်းတွင်ဖြန့်ထားပြီးလေသလပ်အခြောက်ခံထား ပါ။
7.အားလုံးခြောက်ပြီးမာခဲလာပါကလေလုံသောဘူးတွင်ထည့်ပြီးသိမ်းကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀နှစ်သက်ရာအရောင်ထည့်ပြီးလည်းပြုလုပ်နိုင်ပါတယ်။
❀အအေးခံထားစဉ်မာသွားသည်ထိမစောင့်ဘဲလှီးဖြတ်ပြီးမှသာလေသလပ်ထားပြီးအခြောက်ခံပါ။
...........
Sofia
http://sofiafoodparadise.blogspot.com

ငါးခူငါးပိကောင်ကြော်

ငါးခူငါးပိကောင်ကြော်ပြုလုပ်ရန်အတွက်ငါးပိကောင်အရင်ပြုလုပ်ရပါမယ်။ငါးခူကိုရေဆေးသန့်စင်ပြီးဆားများများဖြင့်ထည့်ပြီးတညသိပ်ထားပါ။ဒုတိယရက်တွင်ငါးခူငါးပိကောင်ကြော်ရန်အသင့်ဖြစ်ပါပြီ။မိမိလိုသလောက်သာရေဆေးအသုံးပြုကာကျန်ငါးပိကောင်များကိုရေစစ်ပြီးရေခဲသေတ္တာတွင်သိမ်းဆည်းထားနိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
ငါးခူငါးပိကောင် - ၃ကောင်
ကြက်သွန်နီ - ၂၀၀ ဂရမ်
ကြက်သွန်ဖြူ  - ဆယ်မြောင်း
ငရုပ်သီးမှုန့်(အကြမ်းမှုန့်) - ၃ဇွန်း စားပွဲဇွန်း
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ကြက်သွန်နီကြက်သွန်ဖြူကို အခွံသင်ပြီးရေေ ဆးသန့်စင်ကာပါးပါးစိတ်ထားပါ။အထူအပါးညီေ အာင္စိတ္ပါ။(ကြော်ပြီးသားအသုံးပြုနိုင်ပါတယ် )
2.ငါးခူငါးပိကောင်ကိုရေဆေးသန့်စင်ပြီးအကွင်းလှီးဖြတ်ထားပါ။
3.အားလုံးအဆင်သင့်ဖြစ်ပါကဆီအိုးတည်ထားပါ။
4.ဆီပူလျှင်ကြက်သွန်နီစိတ်ထားသည်ကိုထည့်ကြော်ပါကြက်သွန်မြုတ်ရုံခန့်ဆီထည့်ထားဖို့လိုပါတယ်။
5.အဆက်မပျက်မွေပေးပြီးအရောင်အနည်းငယ်ဝါရောင်သမ်းလာပါကဆယ်ယူရန်အသင့်ပြုလုပ်ပြီးမီးပိတ်ထားပြီးဆယ်ယူဆီစစ်ကာဘမ်းထဲတွင်ဖြန့်ထည့်ထားပါ။(အပူရှိန်ဖြင့်အတွင်းဘက်တွင်ကြွမ်းတတ်သည်)
6.ပြီးလျှင်ကြက်သွန်ဖြူကိုလည်းထိုနည်းအတူပင်ကြော်ပြီးဆယ်ယူဆီစစ်ထားပါ။
7.အားလုံးကြော်ပြီးပါကအိုးထဲမှဆီကိုအနည်းငယ်ဖယ်ထုတ်ပြီးငါးပိကောင်လှီးဖြတ်ထားသည်ကိုထည့်ကြော်ပါ။
8.ငါးပိကောင်ကြွပ်ပြီးအနံ့မွေးလာပါကငရုပ်သီးအ ကြမ်းမှုန့်ထည့်မွေပေးပါ။
9.ပြီးလျှင်မီးပိတ်ကာအသင့်ကြော်ထားသောကြက်သွန်နီကြက်သွန်ဖြူတို့ကိုထည့်ပြီးသမအောင်မွေပေးပါကငါးခူငါးပိကောင်ကြော်ကိုသုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။
10.ကြော်ထားသောငါးပိကောင်ကြော်ကိုအအေးခံပြီးလေလုံသောဘူး၊ပုလင်းတို့ဖြင့်ထည့်ကာကြာရှ ည်သိမ်းပြီးသုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

6 December 2016

ကိုးရီးယားအသားကင်


Barbecued Beef
အသားကင်ကိုပုံစံအမျိုးမျိုးပြုလုပ်ကြတဲ့အထဲကလွယ်ကူမြန်ဆန်တဲ့ကိုးရီးယားအသားကင်နည်းလေးမျှဝေပေးလိုက်ပါတယ်။အသားကင်ပြုလုပ်လိုပါအနည်းဆုံးအချိန်၂နာရီခန့်ကြိုတင်ပြီးနှပ်ထားခြင်းဖြင့်အရသာပိုမိုကောင်းမွန်တဲ့အသားကင်ကိုရရှိမှာဖြစ်ပါတယ်။နူးညံ့တဲ့အသားကိုအသုံးပြုထားပြီးအရသာရှိတဲ့အသားကင်ကိုလူကြီးခလေးအားလုံးနှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်။အမဲသားအစားမိမိနှစ်သက်ရာအသားနုနုကိုအစားထိုးပြီးပြုလုပ်နိုင်ပါတယ်။လုပ်စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း
********
အမဲသား(မိုးခိုသား) - ၃၀၀ ဂရမ်
နှမ်းလှော် - ၃ဇွန်း စားပွဲဇွန်း
ပဲငံပြာရည် - ၃ဇွန်း
ကြက်သွန်ဖြူ - နှစ်မြောင်း
ကြက်သွန်မိတ်အရင်းပိုင်း - ၃ချောင်း
နှမ်းဆီမွေး - နှစ်ဇွန်း
ဆီ - တစ်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
1.အမဲသားမိုးခိုသားကိုအကြောများသန့်ရှင်းပြီးရေခဲသေတ္တာတွင်မိနစ်၃၀ခန့်ထားပါ။(လှီးရလွယ်ကူစေရန်)
2.နှမ်းကိုလှော်ပြီးထောင်းထားပါ။ကြက်သွန်ဖြူထောင်းထားပါ။ကြက်သွန်မိတ်အရင်းပိုင်းကိုနုတ်နုတ်စင်းထားပါ။
3.အားလုံးအသင့်ဖြစ်ပါကအသားမြောင်းကိုယူပြီးမထူမပါးအနေအထားလှီးဖြတ်ပါ။
4.လှီးဖြတ်ပြီးသောအသားကိုပန်းကန်တခုတွင်ထည့်ပါ။ပြီးလျှင်ပဲငံပြာရည်၊နှမ်းဆီမွေး၊နှမ်းထောင်း၊ကြက်သွန်ဖြူ၊ကြက်သွန်မိတ်လှီးထားသည်တို့ကိုထည့်ပြီးသမအောင်မွေပေးကာရေခဲသေတ္တာတွင်၂နာရီခန့်အရသာဝင်အောင်နှပ်ထားပေးပါ။
5.တည်ခင်းခါနီးအချိန်မှသာအသားကင်ရန်ပြင်ဆင်ပါ။အသားကင်ရန်လျှပ်စစ်အိုးသို့မဟုတ်သံအောက်ခြေထူအိုးကိုအပူပေးပြီးဆီလူထားပါ။
6.အိုးပူလာပါကအသားကင်ရန်အသင့်ဖြစ်ပါပြီ။ရေခဲသေတ္တာတွင်နှပ်ထားသောအသားကိုတချပ်ဆီယူပြီးအိုးအပူပေါ်တွင်တဖက်ကိုတမိနစ်ခန့်ကင်ပြီးပန်းကန်တွင်ထဲ့ပါ။ပြီးလျှင်အိုးကိုဆီအနည်းငယ်လူးပေးပြီးကုန်သည်ထိဆက်ကင်သွားပါ။
7.အားလုံးပြီးလျှင်အပေါ်မှနှမ်းအနည်းငယ်ဖြူးပေးကာကင်မ်ချီဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀အသားကင်ကိုအကျက်လွန်အောင်မကင်ရပါ။အကျက်လွန်ပါကခြောက်သွေ့ပြီးအသား၏အချိုအရသာများမကျန်ဖြစ်ပြီးနူးညံ့မှုမရှိဘဲသားရေကဲ့သို့ဖြစ်နေတတ်ပါတယ်။
.........
Sofia
http://sofiafoodparadise.blogspot.com

ကိုးရီးယားထမင်းသုပ်

Bibimbap
(Korean Mixed Rice with Meat and Assorted Vegetables)
ကိုးရီးယားအစားအစာတွေကဆိုဖီယာနဲ့သိပ်မနီးစပ်လှပါဘူးမြန်မာပြည်မှာတော့ကိုးရီးယားကားတွေကြည့်ဖြစ်ကြတော့သူတို့စားနေကျရိုးရာစာလေးတွေနဲ့မိတ်ဆက်ပေးတော့အတော်များများကမြည်းစမ်းကြည့်ချင်ကြမယ်ထင်ပါတယ်။ကိုးရီး ယားစားသောက်ဆိုင်များလည်းဒေသတိုင်းမှာမရှိကြသေးတော့တချို့သောသူများအတွက်မြည်းစမ်းဖို့အခွင့်မရကြဘူးပေါ့။စင်္ကာပူမှာတော့ food courtတိုင်းလိုမှာကိုးရီးယားဆိုင်လေးတွေရှိတတ်လို့အချိန်မရွေးစားဖို့လွယ်ကူလှပါတယ်။မေးလာတဲ့ညီမငယ်များအတွက်လေ့လာပြီးတင်ပေးလိုက်ပါတယ်။အသီးအနှံအသားတစုံကိုငရုတ်သီးအနှစ်နဲ့နယ်ပြီးစားရတဲ့ထမင်းသုပ်လေးကတကယ်လည်းစားလို့အရသာရှိထမင်းသုပ်လေးဘဲဖြစ်ပါတယ်။နိုင်ငံတကာကမက်မက်မောမောစားနေကြတဲ့အစားအစာတခုဟာဖြင့်ကျန်စုကြော်တို့ဟင်းပေါင်းတို့ကနေအစပြုခဲ့တဲ့သူတို့ရိုးရာစာလေးဖြစ်ပါတယ်။ကဲလုပ်စားကြည့်ရအောင်နော်...
ပါဝင်ပစ္စည်း (၅ပွဲစာ)
မုန်လာဥနီ - တစ်တောင့်
ရှိတာခီမှို - ၂၀၀ ဂရမ်တစ်ထုပ်
ပဲပင်ပေါက် - ၂၀၀ ဂရမ်
ဖရုံသခွား - တခြမ်း
သခွားသီး - တစ်လုံး
ဟင်းနုနွယ်ရွက် -
နှစ်သက်ရာအသား -၂၀၀ ဂရမ်
ပဲငံပြာရည် အကြည်-၂ဇွန်း စားပွဲဇွန်း
ဆား - ၂ဇွန်း လ္ဘက်ဇွန်း
နှမ်းလှော် - တစ်ပန်းကန်
နှမ်းဆီမွေး - တစ်ပန်းကန်
ဆီ - အနည်းငယ်
ကြက်ဥ - ၅လုံး
ငရုတ်သီးဆော့စ် - တစ်ပန်းကန်
ထမင်းဖြူ - ၅ပွဲ
ရေညှိခြောက် - တစ်ထုပ်
ပြင်ဆင်ပြုလုပ်ပုံ
1.ဦးစွာအသုံးပြုမည့်အသားကိုပါးပါးလှီးပြီးပဲငံပြာရည်ဆားဆီမွေးငရုတ်ကောင်းထည့်ပြီးနယ်ထားပါ။အမဲသားကိုအသုံးများကြပြီးမိမိနှစ်သက်ရာအသားအစားထိုးပါ။အခုလုပ်ထားတာအသားတုနဲ့လုပ်ထားခြင်းဖြစ်ပါတယ်။
2.ပါဝင်သီးနှံများအားလုံးကိုရေဆေးသန့်စင်ပြီးအမျှင်အချောင်းလေးများလှီးဖြတ်ကာသီးသန့်ဆီတပန်းကန်စီထည့်ထားပါ။
3.သခွားသီးအချောင်းလေးများကိုဆားနယ်ပြီးခဏထားကာရေဆေးကာရေညစ်ထားပြီးပန်းကန်ပြားအကြီးတွင်ထည့်ပါ။
4.ဟင်းနုနွယ်ရွက်ကိုသင်ပြီးရေနွေးဖျောကာရေစစ်ပြီးရေညစ်ထားပါ။မုန်ညင်းနုနုအသုံးပြုထားပါတယ်။
5.အားလုံးအသင့်ဖြစ်ပါကဒယ်အိုးတခုကိုအပူပေးကာဆီထည့်ပြီးမုန်လာဥအမျှင်လှီးထားသည်ကိုထည့်ကြော်ပါ။ဆားအနည်းငယ်ဖြူးပြီးကြော်မိပါပန်းကန်ပြားအကြီးတချပ်တွင်တစ်ပုံထားပါ။
6.ကျန်ပဲပင်ပေါက်၊ရှိတာခီမှို၊ဖရုံသခွားတို့အားလုံး ကိုလည်းထိုနည်းတူကြော်ပြီးပန်းကန်တွင်ထည့်ပါ။
7.ဟင်းနုနွယ်ရွက်ကိုပဲငံပြာရည်၊ဆီမွေးနှင့်နှမ်းေ လှာ်ထည့်ပြီးသမအောင်မွေကာကြော်ပေးပါ။
8.နောက်ဆုံးတွင်အရသာနယ်ထားသောအသားကိုကြော်ပါ။ပန်းကန်းသို့မဟုတ်ဘမ်းတွင်အားလုံးသောအသီးအရွက်ကြော်တို့ကိုတပုံစီစီထည့်ထားပြီးနှမ်းဆီနှင့်နှမ်းတို့ကိုဖြူးပေးပါ။
9.အချို့ကကျောက်ဖြင့်ပြုလုပ်သောပန်းကန်အပူကိုအသုံးပြုပြီးတည်ခင်းပါတယ်။ပုံမှန်ပန်းကန်ဖြင့်လ ည်းတည်ခင်းနိုင်ပါတယ်။
9.အားလုံးအသင့်ဖြစ်ပါကကြွေပန်းကန်လုံးသို့မဟုတ်ကျောက်ပန်းကန်အပူတွင်ထမင်းထည့်ပါ။ကျောက်ပန်းကန်အပူသုံးပါကနှမ်းဆီလူးပြီးမှထမင်းထည့်ပါ။
10.အပေါ်မှကြော်ထားသောသီးနှံအသားတို့ကိုအစီအရီထည့်ပေးပါ။ရေညိအမျှင်လေးများထည့်ပါ။နှမ်းဖြူးပါ။
11.ကြက်ဥအစိမ်းသို့မဟုတ်မကျက်တကျက်ကြော်ပြီးအပေါ်မှတင်ပေးကာပဲငံပြာရည်၊ငရုတ်သီးဆော့ စ်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀နှစ်သက်ရာအသားတမျိုးနှင့်အသီးအရွက်၆မျိုး၇မျိုးကိုသုံးနိုင်ပါတယ်။
❀ငရုတ်သီးအနှစ်ပြုလုပ်ရန်readymade ကိုရီး ယားငရုတ်နှစ်ကိုနှမ်းဆီ၊နှမ်းလှော်၊သကြား၊ရှာလ ကာရည်ကြက်သွန်ဖြူနုတ်နုတ်စင်းတို့ကိုထည့်ပြီးလိုချင်သောချဉ်ငံစပ်အရသာကိုပြုလုပ်ပါ။
❀အသင့်သုံးငရုတ်သီးအနှစ်တွင်ပဲငါးပိအရသာပါ ဝင်ပြီးဖြစ်ပါတယ်။
❀ငရုတ်သီးအနှစ်ဝယ်ယူရန်အခက်အခဲရှိပါကရှမ်းချဉ်ဆိုင်မှပဲငါးပိအနှစ်ကိုပင်ကြိတ်ပြီးအထက်ပါနည်းအတိုင်းရောစပ်ကာမြန်မာမှုပြီးအသုံးပြုနိုင်ပါတယ်။
..........
Sofia

http://sofiafoodparadise.blogspot.com

ပဲပုတ်ထမင်းကြော်


ပဲပုတ်ပြုလုပ်နည်း

မြို့ကြီးတွေမှာပဲပုတ်ဆိုရင်တော်တော်များများကရှမ်းပဲပုပ်ကိုဘဲသိကြပါတယ်။တရုပ်ပဲပုတ်ကိုတော့ရှမ်းပြည်နယ်ဖက်တရုပ်လူမျိုးအများစုနေတဲ့ဖက်မှာတော့လုပ်ရောင်းလေ့ရှိကြပါတယ်။လွယ်လွယ်ခွဲပြောလို့ရအောင်တရုတ်ပဲပု တ်လို့ဘဲခေါ်လိုက်တယ်။ရှမ်းပဲပုတ်နဲ့တရုပ်ပဲပုတ်လုပ်နည်းနည်းကွဲပါတယ်။ရှမ်းပဲပုတ်မှာဟင်းခပ်အမွေးအကြိုင်နဲ့အရသာမထည့်ထားဘဲတရုပ်ပဲပုတ်မှာကျဒီတိုင်းစားလို့ရအောင်အမွေးအကြိုင်အနံ့အရသာပါပြီးသားဖြစ်ပါတယ်။လုပ်စားပုံလုပ်စားနည်းနဲ့အရသာကွဲပြားပါတယ်။တရုပ်ပဲပုတ်ကိုဆိုဖီယာကလေးဘဝကတည်းကအဖွားကိုကူလုပ်ပေးရင်းလုပ်တတ်ခဲ့တာလေးပါ။ပဲပုတ်ဆိုတာအလွယ်တကူဝယ်လို့ရနေပြီးအချိန်ပေးပြီးလုပ်ရတော့စိတ်ဝင်စားသူလည်းနည်းပါတယ်။ဆိုဖီယာတော့ခုချိန်မှာအိမ်နဲ့ဝေးလို့ကိုယ်စားချင်တာမရနိုင်တဲ့အခါမှာပြန်ပြီးလုပ်စားဖို့သတိရလို့လုပ်စားဖြစ်ရင်းလုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။ပဲပုတ်ပြုလုပ်ရန်ကြာချိန်အစအဆုံးတပတ်ခ န့်အချိန်ပေးရမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
*********
ပဲပိစပ် - ဆန်ချိန်ခွက် ၃ခွက်
ဆော်ဒါ - လ္ဘက်ဇွန်း တစ်ဇွန်း ပဲပြုတ်ရန်
ဂျင်းထောင်း - တစ်ဇွန်း စားပွဲဇွန်း
ငရုပ်သီးအကြမ်းမှုန့် -နှစ်ဇွန်း
ဆား - တစ်ဇွန်း
ဟွားကျောက် - တစ်ဇွန်း
စမုံစပါးစေ့အမှုန့် - တစ်ဇွန်း
ရှောက်ကော -တစ်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
1.ပဲကိုရေဆေးပြီးပွလာသည်ထိစိမ်ထားပါ။
2.ပွလာပါကဆော်ဒါထည့်ပြီးနူးအိလာသည်ထိပြုတ်ပါ။
3.နူးအိပါကဆယ်ယူရေစစ်ထားပြီးသန့်ရှင်းသော ပိတ်စတွင်ထည့်ကာခြင်းတောင်းဇကာသို့ဘူးတခုတွင်ထည့်ပြီးပဲပုတ်နံ့ထွက်လာသည်ထိပူနွေးသောနေရာတွင်းပါ။ရှမ်းပြည်တွင်နေပူထည်းထုတ်လှမ်းလေ့ရှိပါတယ်။
4.ပဲပုတ်နံ့ထွက်လာပါကထောင်းဆုံရှိလျှင်ဆုံဖြင့်စေးလာအောင်ထောင်းပေးပါ။မရှိကကြိတ်စက်ဖြင့်စေးလာအောင်ကြိတ်ပေးပါ။
ပဲပုတ်အစိုကိုကြော်စားချက်စားနိုင်ပါတယ်။
5.ဟွားကျောက်စမုံစပါးစေ့နှင့်ရှောက်ကောကိုလှော်ပြီးအမှုန့်ထောင်းထားပါ။
6.ပြီးလျှင်ထောင်းထားသည့်ပဲပုတ်ထဲသို့ဂျင်းထောင်း၊ငရုပ်သီးမှုန့်၊ဆား၊ထောင်းထားသောဟွားေ ကျာက်ရှောက်ကောနှင့်စမုံစပါးမှုန့်တို့ကိုထည့်ပြီးသမအောင်မွေပေးပါ။အရသာအပေါ့အငံမြည်းပါ။
7.အရသာအနေတော်ပါကလက်နှင့်ပြုလုပ်မည့်ပုံစံခွက်ကိုရေစွတ်ပြီးနှစ်သက်ရာပုံစံပြုလုပ်ကာနေပူတွင်အခြောက်လှမ်းပါ။8.လုံးဝခြောက်သွားပါကလေလုံသောဘူးတွင်ထည့်ပြီးလချီနှစ်ချီသိမ်းထားကာမိမိစားလိုသည့်ပုံစံပြုလုပ်သုံးဆောင်နိုင်ပါပြီ။9.မနက်ခင်းစာပဲပုတ်ဖုတ်ပြီးဆီဆမ်း၍သော်၎င်းသေးသေးစိတ်ပြီးထမင်းနှင့်ကြော်၍သော်၎င်းဟင်းအဖြစ်ချက်၍သော်၎င်းနှစ်သက်သလိုသုံးဆောင်နိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

စပါကတီ (Bolonaise )


ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...