29 July 2016

ငှက်ပျောဖူးဟင်းချို

ငှက်ပျောဖူးကိုပုံစံအမျိုးမျိုးသုပ်စားချက်စားလေ့ရှိကြတဲ့အထဲကရိုးရှင်းတဲ့သတ်သတ်လွတ်ရှမ်းဟင်းချိုချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။ငှက်ပျောဖူးဟင်းတခွက်နဲ့နမ့်ဖစ်ထောင်းတွဲဖက်တည်ခင်းရင်ဖြင့်အသားဟင်းမပါဘဲထမင်းမြိန်စေမှာအမှန်ဘဲဖြစ်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ငှက်ပျောဖူး - တစ်ဖူး
ခရမ်းချဉ်သီး - တစ်လုံး
ကြက်သွန်နီ - တစ်လုံး
ကြက်သွန်ဖြူ - ၃မြောင်း
ရှမ်းပဲပုတ် - ၂ချပ်
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဦးစွာငှက်ပျောဖူးကိုဟင်းချက်ရန်ပြင်ဆင်တဲ့အခါမည်းမသွားအောင်အရင်ပြုလုပ်ရမှာဖြစ်ပါတယ်။
(၂)ဇလုံတခုတွင်ရေခဲရေထည့်ပြီးဆားတဇွန်းနှင့်သံပုရာသီးတလုံးညစ်ပြီးမွေထားပါ။
(၃)ငှက်ပျောဖူးအပြင်ဖက်မှအရင့်များကိုဖယ်ထုတ်ပြီးအတွင်းဘက်နုသည့်အပိုင်းကိုပါးပါးလှီးပြီးဖျော်ထားသောရေထဲတွင်မိနစ်၃၀ခန့်စိမ်ထားပါ။
(၄)ဟင်းချိုချက်မည့်အိုးတွင်ကြက်သွန်နီကြက်သွန်ဖြူပါးပါးစိတ်နှင့်ခရမ်းချဉ်သီးခပ်ကြမ်းကြမ်းလှီးထည့်ပါ။ပဲပုတ်နှစ်ချပ်ကိုမီးကင်ပြီးေ ထာင်းထည့်ပါ။
(၅)ပြီးလျှင်ရေသင့်ရုံထည့်ပြီးဆားထည့်ကာမီးဖိုပေါ်တွင်ဆူပွက်အောင်တည်ထားပါ။
(၆)ဆူပွက်ပါကရေခဲရည်စိမ်ထားသောငှက်ပျောဖူးကိုရေအနည်းငယ်ညစ်ကာဟင်းချိုအိုးတွင်ထည့်ပြီးတည်ပါ။
(၇)ငှက်ပျောဖူးနူးအိပါကအပျစ်အကြဲအပေါ့အငံမြည်းကာအထောင်းတမျိုးဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
.........
Sofia
http://sofiafoodparadise.blogspot.com

25 July 2016

ပြည်လုံးချမ်းသာ

ပြည်လုံးချမ်းသာလို့လူသိများတဲ့ဆိုင်ဟင်းတခွက်ဖြစ်ပါတယ်။ဒီဟင်းတခွက်အတွက်သီးနှံအရောင်စုံနှင့်အသားငါး အစုံအလင်ကိုအသုံးပြုပြီးကြော်ရမှာဖြစ်ပါတယ်။ချက်စားကြည့်ရေ အာင်နော်။
ပါဝင်ပစ္စည်း
********
မုန်ညင်းဖြူ -လက်တစ်ဆုပ်
ဘိုစားပဲ- ၃တောင့်
ပန်းမုန်လာ/စိမ်း - တခက်
ပြောင်းဖူး- ၃တောင့်
ရွှေပဲသီး- ၅တောင့်
မုန်လာဥနီ - အနည်းငယ်
ကောက်ရိုးမှို - ၅လုံး
ငုံးဥ- ၅လုံး
ငါးအသားလုံး/ငါးဖယ်- ၅လုံး
ပုဇွန် - ၅ကောင်
ပြည်ကြီးငါး - တစ်ကောင်
ကြက်သား-အနည်းငယ်
ကြက်သွန်ဖြူ - ၃မြောင်း
ကြက်ပြုတ်ရည်- အနည်းငယ်
ဆား - အနည်းငယ်
ဟင်းခပ်မှုန့်-တဇွန်း လ္ဘက်ဇွန်း
ပြောင်းဖူးမှုန့်/ကော်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ကြက်ဥ - ၂လုံး
ဆီ - ၃ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ပါဝင်သောသီးနှံများအားလုံးကိုရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ထားပါ။
မိမိနှစ်သက်ရာသီးနှံများကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။
(၂)ကြက်သားနှင့်ပြည်ကြီးငါးပုဇွန်တို့ကိုရေဆေးသန့်စင်ကာလှီးဖြတ်ထားပါ။
ငုံးဥကိုပြုတ်ပြီးအခွံသင်ထားပါ။ကြက်ဥနှစ်လုံးကိုခေါက်ထားပါ။
(၃)ပန်းကန်တခုတွင်ပါဝင်သောအသားပုဇွန်ငါးလုံးငုံးဥနှင့်သီးနှံတို့ကိုတစုထဲထားပါ။ပြောင်းဖူးမှုန့်ကိုရေနှစ်ဇွန်းထည့် ပြီးဖျော်ထားပါ။ကြက်သွန်ဖြူရိုက်ပြားထား ပါ။
(၄)အားလုံးအသင့်ဖြစ်ပါကဒယ်အိုးကိုအပူပေးပြီးဆီထည့်ကာကြက်သွန်ဖြူနှင့်ကြက်သားကိုဦးစွာချကြော်ပါ။
(၅)ကြက်သားအရောင်ပြောင်းပါကပြည်ကြီးငါးပုဇွန်နှင့်ငါးဖယ်လုံးတို့ထည့်ပါ။
(၆)ရေဆေးရေစစ်ထားသောသီးနှံတို့ကိုထည့်ကြော်ပေးပါ။မီးပြင်းဖြင့်ကြော်ပါ။
(၇)ငုံးဥပြုတ်ထည့်ပါ။ဆားဟင်းခပ်မှုန့်တို့ကိုထည့်ပြီးကြက်ပြုတ်ရည်အနည်းငယ်ထည့်ပါ။
(၈)ဆူပွက်ပါကအသင့်ဖျော်ထားသောပြောင်းဖူးမှုန့်ကိုထည့်ပြီးခပ်မြန်မြန်မွေပေး ကာအရသာအပေါ့အငန်မြည်းပြီးပန်းကန်တွင်ထည့်ပါ။
(၉)သီးနှံကျက်ခါနီးတွင်တဖက်အိုးဖြင့်ကြက်ဥကိုအပြန့်ကိုအသင့်ကြော်ထားပါ။
(၁၀)ကြော်ပြီးသားဟင်းရွက်စုံကြော်ပေါ်တွင်ကြက်ဥအပြန့်ကြော်တချပ်အုပ်ပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ပုံထဲတွင်သီးနှံနှင့်ပါဝင်ပစ္စည်းများမြင်သာစေရန်ကြက်ဥကြော်ကိုဖြန့်ပြီးအုပ်မထားပါ။
❀သီးနှံများကိုမိမိနှစ်သက်သလိုအသုံးပြုနိုင်ပါတယ်။ပဲပင်ပေါက်ပဲပြားနှင့်ကန်ဇွန်းရွက်မုန်ညင်းတို့ကိုလည်းသုံးနိုင်ပါတယ်။
..........
Sofia
http://sofiafoodparadise.blogspot.com

ဒုတ်ထိုး>>အသားပေါင်း

Steamed Beef
အမဲသားကလီစာနဲ့ပြုလုပ်ထားတဲ့ဒုတ်ထိုးဖြစ်ပါတယ်။အမဲသားမစားသူများမိမိနှစ်သက်ရာအသားဖြင့် အစားထိုးပြုလုပ်နိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
အမဲကလီစာ - တစ်ကီလို
ဂျင်း - တစ်တက်
ကြက်သွန်ဖြူ - ၅မြောင်း
နာနတ်ပွင့် - ၃ပွင့်
သစ်ဂျပိုးခေါက် - တစ်ချောင်း
ကရဝေးရွက် - ၂ရွက်
ပဲငံပြာရည်အပျစ်- ၃ဇွန်း စားပွဲဇွန်း
ဆား - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
သကြားညို - ၂ဇွန်း စားပွဲဇွန်း
ပန်းသီးရှာလကာရည်- ၃ဇွန်း
ဆီ - ၂ဇွန်း
ကြက်ဥပြုတ် - ၃လုံး
*တွဲဖက်စားရန်
ငရုတ်ချဉ်
ကြာဇံကြော်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကလီစာများအားလုံးကိုရေဆေးသန့်စင်ပြီးရေနွေးပွက်ပွက်ဆူတွင်ထည့်ပြီးရေနွေးဖျောကာဆယ်ယူရေစစ်ထားပါ။
(၂)ရေနွေးဖျောပြီးသားကလီစာများကိုဇလုံတခုတွင်ထည့်ပြီးဆီ၊ဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူ ၊ပဲငံပြာရည်နှင့်သကြားရှာလကာရည်တို့ကိုထည့်ပြီးသမအောင်မွေပေးကာမိနစ်၃၀ခန့်နှပ်ထားပါ။
(၃)အမျိုးအစားမတူသောကလီစာများထဲမှကြာရှည်ပြုတ်ရမည့်အူကြမ်းတို့ကိုဦးစွာရွေးထုတ်ပြီးသစ်ဂျပိုးနာနတ်ပွင့်နှင့်ကရဝေးရွက်ထည့်ပြီးပြုတ်ထားပါ။
(၄)အတော်အတင့်နူးသည့်အနေအထားရပါကချန်ထားသောကလီစာများကိုထည့်ပြုတ်ပေးပါ။
(၅)အားလုံးနူးပါကကြက်ဥပြုတ်ထားသည်ကိုထည့်ပြီးအရသာဝင်ရုံထည့်ပြုတ်ပါ။
(၆)အားလုံးနူးပြီးအရသာအနေတော်ပါကလိုသလိုလှီးဖြတ်ပြီးကြာဇံကြော်နှင့်အချဉ်တို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
အချဉ်ပြုလုပ်ပုံ
**********
ငရုတ်ဆီအချဉ် - တစ်ပန်ကန်လုံး
မန်ကျည်းမှည့်အနှစ် - ၅ဇွန်း စားပွဲဇွန်း
သကြား - ၂ဇွန်း
ဆား - ဇွန်းတဝက်
ဂျင်း - တစ်လက်မ
ငရုတ်သီးစိမ်း- ၅တောင့်
ငရုတ်ဆီအပျစ်တစ်ပန်းကန်ထဲတွင်မန်ကျည်းမှည့်၊ဆား၊သကြား၊ဂျင်းထောင်း၊ငရုတ်သီးထောင်းထည့်ပြီးသမအောင်မွေပေးပါ။
............
Sofia
http://sofiafoodparadise.blogspot.com

24 July 2016

ခရမ်းသီးပဲပုတ်ထောင်း

ရှမ်းအစားအစာတခုဖြစ်တဲ့ခရမ်းသီးပဲပုတ်ထောင်းလေးဖြစ်ပါတယ်။သတ်သတ်လွတ်ဖြစ်ပြီးထမင်းမြိန်စေမဲ့ဟင်းရံတခွက်ဖြစ်လို့ထောင်းစားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ခရမ်းသီး- ၂လုံး
ကြက်သွန်ဖြူ -၅မြောင်း
ငရုတ်သီး - ၅တောင့်
ရှမ်းပဲပုတ် - ၂ချပ်
ရှမ်းနံနံ- နှစ်ပင်
ဖက်ဖယ်ရွက် - တစ်ခက်
ဆား- အနည်းငယ်
ကြက်သွန်နီ - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဦးစွာခရမ်းသီးကိုရေဆေးသန့်စင်ပြီးထပ်ခြမ်းခြမ်းပြီးမီးကင်ပါ။
(၂)ငရုတ်သီးကြက်သွန်ဖြူ ကိုလည်းေ လှာ်ထားပေးပါ။ကြက်သွန်နီကိုပါးပါးလှီးရေဆေးထားပါ။ရှမ်းပဲပုတ်ကိုမီးကင်ထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကမီးကင်ထားသောခရမ်းသီးကိုခက်ရင်းဖြင့်ခြစ်ယူထား ပါ။
(၄)ငရုတ်ဆုံတွင်ရှမ်းပဲပုတ်ကိုမှုန့်အောင်ထောင်းပြီးဖယ်ထားပါ။
(၅)ငရုတ်သီးကြက်သွန်ဖြူထည့်ထောင်းပါ။ညက်ပါကခြစ်ယူထားသောခရမ်းသီး ထည့်ထောင်းပေးပါ။ဆားနှင့်ရှမ်းပဲပုတ်ထ ည့်ပြီးသမအောင်မွေကာအရသာအပေါ့အငံမြည်းပါ။
(၆)ပြီးလျှင်ပန်းကန်တွင်ထည့်ပြီးကြက်သွန်နီရှမ်းနံနံနှင့်ဖက်ဖယ်ရွက်တို့်ကိုပါးပါးလှီးထည့်ကာသမအောင်မွေပြီးထမင်းပူပူဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

ရန်ကုန်ထမင်းပေါင်း

ရန်ကုန်မှာထမင်းပေါင်းဆိုရင်သီးနှံနဲ့ကော်ရည်နဲ့ကြော်ထားတဲ့ထမင်းပေါင်းကိုရောင်းကြတာများပါတ ယ်။မန္တလေးနဲ့အချို့ဒေသများမှာတော့ထမင်းပေါင်းကိုရန်ကုန်ထမင်းပေါင်းမန္တလေးထမင်းပေါင်းဆိုပြီးခွဲပြီးရောင်းလေ့ရှိပါတယ်။ဆိုဖီယာတော့တခါတရံတယောက်တည်းဆိုင်မှာစားဖြစ်တဲ့အခါမျိုးမှာဆိုရင်အသီးအနှံလည်းကြိုက်အသားနဲ့ငုံးဥလည်းပါပြီးသားမို့လွယ်လွယ်ကူကူရန်ကုန်ထမင်းပေါင်းကိုဘဲရွေးချယ်ပြီးစားဖြစ်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း (၃ပွဲစာ)
********
မုန်ညင်းဖြူ -လက်တစ်ဆုပ်
ဘိုစားပဲ- ၃တောင့်
ပန်းမုန်လာ/စိမ်း - တခက်
ပြောင်းဖူး- ၃တောင့်
ရွှေပဲသီး- ၅တောင့်
မုန်လာဥနီ - အနည်းငယ်
ပဲပင်ပေါက် - အနည်းငယ် 
ကန်ဇွန်းရွက် - လက်တစ်ဆုပ်
ခရမ်းချဉ်သီး - တစ်လုံး
ငုံးဥ- ၁၀လုံး
ငါးဖယ်လုံး - ၅လုံး
ပုဇွန် - ၅ကောင်
ကြက်သား- ၅၀ဂရမ်
ကြက်သွန်ဖြူ - ၃မြောင်း
ကြက်ပြုတ်ရည်- တစ်ပန်းကန်လုံး
ဆား - အနည်းငယ်
ဟင်းခပ်မှုန့်-တဇွန်း လ္ဘက်ဇွန်း
ပြောင်းဖူးမှုန့်/ကော်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ဆီ - ၃ဇွန်း
ထမင်းဖြူ - ၃ပွဲ
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ပါဝင်သောသီးနှံများအားလုံးကိုရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ထားပါ။ကန်ဇွန်းရွက်ပဲပင်ပေါက်နှင့်ခရမ်းချဉ်သီးကိုဘေးဖယ်ထားပါ။
မိမိနှစ်သက်ရာသီးနှံများကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။
(၂)ကြက်သားနှင့်ပုဇွန်တို့ကိုရေဆေးသန့်စင်ကာလှီးဖြတ်ထားပါ။ငုံးဥကိုပြုတ်ပြီးအခွံသင်ထားပါ။
(၃)ပန်းကန်တခုတွင်ပါဝင်သောအသားပုဇွန်ငါးလုံးငုံးဥနှင့်သီးနှံတို့ကိုတစုထဲထားပါ။ပြောင်းဖူးမှုန့်ကိုရေနှစ်ဇွန်းထည့်ပြီးဖျော်ထားပါ။ကြက်သွန်ဖြူရိုက်ပြားထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကဒယ်အိုးကိုအပူပေးပြီးဆီထည့်ကာကြက်သွန်ဖြူနှင့်ကြက်သားကိုဦးစွာချကြော်ပါ။
(၅)ကြက်သားအရောင်ပြောင်းပါကပုဇွန်နှင့်ငါးဖယ်လုံးတို့ထည့်ပါ။
(၆)ရေဆေးရေစစ်ထားသောသီးနှံတို့ကိုထည့်ကြော်ပေးပါ။မီးပြင်းဖြင့်ကြော်ပါ။
(၇)ငုံးဥပြုတ်ထည့်ပါ။ကန်ဇွန်းရွက်နှင့်ပဲပင်ပေါက်ခရမ်းချဉ်သီးနောက်ဆုံးမှထည့်ပါ။ဆားဟင်းခပ်မှုန့် တို့ကိုထည့်ပြီးကြက်ြ ပုတ်ရည်ထည့်ပါ။
(၈)ဆူပွက်ပါကအသင့်ဖျော်ထားသောပြောင်းဖူးမှုန့်ကိုထည့်ပြီးခပ်မြန်မြန်မွေပေးကာအရသာအပေါ့အငန်မြည်းပြီးပန်းကန်တွင်အသင့်ထည့်ထားသောထမင်းဖြူပေါ်တွင်ခပ်ထည့်ပေးပါ။နှစ်သက်ရာဂေါ်ဖီချဉ်ကြက်သွန်ချဉ်တို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

အာလူးချဉ်စပ်

Hot & Spicy Potato
ထမင်းမြိန်စေမဲ့သတ်သတ်လွတ်အာလူးချဉ်စပ်ဟင်းလေးကချက်ရလွယ်ကူမြန်ဆန်တဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုနှစ်သက်ပါတယ်။ ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
******
အာလူး -  ၅လုံး အနေတော်
ကြက်သွန်နီ - အနေတော် ၂လုံး
ဂျင်းကြက်သွန်ဖြူ -တဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ငရုပ်ချဉ် - တစ်ဇွန်း စားပွဲဇွန်း
(ဈေးတွင်ရှမ်းချဉ်ဖြင့်တွဲရောင်းသောငရုတ်ချဉ်)
ခရမ်းချဉ်သီး -တစ်လုံး
ကြက်သွန်မိတ်/ရှမ်းနံနံ - နှစ်ပင်
ငရုပ်သီးစိမ်းနီ - ၃ တောင့်
သံပုရာသီး  - တစ်ခြမ်း
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်ပုံ
************
(၁)ဦးစွာပထမအာလူးကိုအခွံသင်ရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ပါ။
(၂)ကြက်သွန်နီမထူမပါးလှီးထားပါ။ခရမ်းချဉ်သီးအမြောင်းခပ်ထူထူစိတ်ထားပါ။ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။ကြက်သွန်မိတ်ရှမ်းနံနံတစ်လက္မအရှ ည်ဖြတ်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။)
(၂)ဆီပူလျှင်ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြင့်အရောင်ပြောင်းရုံကြော်ပါ။ငရုပ်ချဉ်နှင့်ဂျင်းကြက်သွန်ဖြူထည့်ကြော်ပါ။အာလူးလှီးထားသည်ကိုထည့်ပါ။
(၃)အာလူးအရောင်ပြောင်းရုံကြော်မိပြီးပါကဆားနှင့်ဟင်းခပ်မှုန့်ထည့်ပါ။
ကြက်ပြုတ်ရည်သို့မဟုတ်ရေအနည်းငယ်ထည့်ပေးပါ။အာလူးကျက်ရုံနည်းနည်ဆီထည့်ပါ။
(၄)အာလူးကျက်ပါကသံပုရာသီးညစ်ပြီးအရသာအပေါ့အငံမြည်းပါ။ငရုပ်သီးခြမ်း၊ခရမ်းချဉ်သီးကြက်သွန်မိတ်သို့မဟုတ်ရှမ်းနံနံထည့်ပြီးသမအောင်မွေကာမီးဖိုမှချတည်ခင်းသုံးဆောင်နိုင်ပါပြီ။(အရည်စပ်စပ်ဖြင့်ချပါ။တအားခြောက်ပြီးနွမ်းလျှင်စားမကောင်းပါ။)
......
Sofia
http://sofiafoodparadise.blogspot.com

မြေပဲခရမ်းချဉ်သီးချက်

 သတ်သတ်လွတ်ဟင်းလေးဖြစ်ပြီးစိမ့်စိမ့်လေးနဲ့အရသာရှိကာထမင်းမြိန်စေမဲ့ဟင်းတခွက်ဖြစ်ပါတယ်။ရှမ်းဟင်းရွက်စုံဟင်းချိုလေးနဲ့လိုက်ဖက်လှပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ခရမ်းချဉ်သီး - ၄၀၀ ဂရမ်
ကြက်သွန်နီ - ၁လုံး
မြေပဲ - ၁၀၀ ဂရမ်
ဂျင်းကြက်သွန်ဖြူ -တဇွန်း လ္ဘက်ဇွန်း
အရောင်တင် - တစ်ဇွန်း
နနွင်း - အနည်းငယ်
ဆား - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
နံနံပင် - အနည်းငယ်
ငရုပ်သီးစိမ်း - ၃ တောင့်
ဆီ - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
************
(၁)ဦးစွာခရမ်းချဉ်သီးကိုရေဆေးသန့်စင်ပြီးသေးသေးစိတ်ထားပါ။
(၂)ကြက်သွန်နီပါးပါးလှီးထားပါ။ငရုပ်သီးထပ်ခြမ်ြး ခမ်းထားပါ။မြေပဲဆန်ကိုလှော်ပြီးလုံးခြမ်းကွဲထော င်းထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။ဆီပူလျှင်ကြက်သွန်ထည့်ပြီးဆီ သပ်ပါ။ဂျင်းကြက်သွန်ဖြူထည့်ပါ။ကြက်သွန်အရော င်အနည်းငယ်ဝင်းလာပါကနနွင်းအရောင်တင်ထည့်ပါ။
(၄)ပြီးလျှင်ခရမ်းချဉ်သီးသေးသေးစိတ်ထည့်ပြီး ဆားနှင့်ဟင်းခပ်မှုန့်ထည့်ကာခရမ်းချဉ်သီးကြေပြီး အနှစ်ကျလာသည်ထိချက်ပေးပါ။
(၅)အနှစ်ကျပါကထောင်းထားသောမြေပဲကိုထည့်ပါ။ရေနွေးအနည်းငယ်ထည့်ပေးပြီးအပျစ်အကျဲလို သလိုပြုပြင်ကာအရသာအပေါ့အငံမြည်းပါ။(၆)အရသာအနေတော်ပါကငရုပ်သီးနံနံပင်ထည့် ပါ။သမအောင်မွေပြီးနှစ်သက်ရာအသီးအရွက်တို့စ ရာအရွက်စုံဟင်းချိုသို့မဟုတ်မုန်ညင်းဟင်းချိုတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
...........
Sofia
http://sofiafoodparadise.blogspot.com

12 July 2016

အုန်းသီး​ခေါက်​မုန့်

Crispy Crepe
ရိုးရိုးcrepeနဲ့မုန့်နှစ်စပ်တာမတူဘဲကွဲပါတယ်။ဒီမုန့်အချိုးလေးနဲ့ဘဲကြက်ဥခေါက်မုန့်ပြုလုပ်နိုင်ပါတယ်။ပြုလုပ်တဲ့အိုးပေါ်မူတည်ပြီးအထူအပါးနှင့်ကြွပ်တဲ့အနေအထားကိုရ ရှိမှာဖြစ်ပါတယ်။စင်္ကာပူမလေးရှားမှာတော့ဒီမုန်လေးကိုဘဲမိမိနှစ်သက်ရာသစ်သီးချောကလတ်တို့ကိုရွေးချယ်လို့မှာယူသုံးဆောင်နိုင်ပါတယ်။သားသားမီးမီးတို့နဲ့အတူပျော်ပျော်ပါးပါးလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကိတ်ဂျုံ - ၅၀၀ ဂရမ်
အုန်းနို့ - တစ်လီတာ
ကြက်ဥ - ၁၅လုံး
သကြား- ၅၀၀ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ကိတ်ဂျုံကိုဇကာချပြီးသကြားကြက်ဥအုန်းနို့တို့ကိုထည့်ပြီးသမအောင်မွေထားပါ။ဖျော်ရည်စက်တွင်ထည့်ပြီးကြိတ်ပေးပြီးမိနစ်၂၀ခန့်နှပ်ထားပြီးကြက်ဥခေါက်မုန့်နှင့်crispy crepe ပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။
(၂)crispy crepeပြုလုပ်ရန်အိုးမကပ်သည့်ဒ ယ်သို့မဟုတ်crepeပြုလုပ်သောလျှပ်စစ်အိုးကိုအပူပေးပါ။
(၃)မုန့်နှစ်ရည်တဇွန်းခပ်ပြီးအိုးအနှံ့ကိုညီညာအောင်ဖြန့်ပေးပါ။
(၄)ဘေးသားလေးများအရောင်ရလာပါက ထပ်ဝက်လခြမ်းပုံခေါက်ပြီးမိမိနှစ်သက်ရာချောကလတ်၊ငှက်ပျောသီး၊စတော်ဘယ်ရီ တိုကိုထည့်ပြီးကတော့ပုံရအောင်ခေါက်ပြီးသုံးဆောင်နိုင်ပါပြီ။
❀❀ပေးထားသောအချိုးမှာမိသားစုအတွက်များပါတယ်။တဝက်ချိုးပြုလုပ်ပြီး၃ရက်ခန့်ရေခဲသေတ္တာတွင်သိမ်းဆည်းသုံးဆောင်နိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

မတ်ပဲကြော်>>ဘယာကြော်

Medu Vada
အိန္ဒိယအစားအစာတမျိုးဖြစ်တဲ့မတ်ပဲကြော်ခေါ်ဘယာကြော်ကိုမနက်ခင်းစာနှင့်အစာပြေစာများအဖြစ်တည်ခင်းလေ့ရှိပါတယ်။မြန်မာပြည်မှာဘယာကြော်လို့ဘာလို့အမည်တွင်လည်းသေချာမသိပေမဲ့လို့အိန္ဒိယအခေါ်ကတော့Vada,Baraစသဖြင့်ခေါ်ကြတာမို့မွေးစားစကားလို့ယူဆရပါတယ်။Vadaဆိုတာပဲနှင့်အစရှိသည်တို့ကိုမုန့်နှစ်ကြိတ်ပြီးအလုံးသို့မဟုတ်အပြားအကွင်းစသဖြင့်ပုံစံပြုလုပ်ပြီးဆီပူမှာချကြော်ထားတဲ့အကြော်တွေကိုခြုံပြီးခေါ်ပါတယ်လို့သိရပါတယ်။ပြုလုပ်တဲ့ပဲအမျိုးအသားပေါမူတည်လို့medu vada,masala vadaစသဖြင့်ခေါ်လေ့ ရှိကြောင်းမှတ်သားရပါတယ်။မတ်ပဲဘယာကြော်ကတော့ပြုလုပ်ရလွယ်ကူပြီးလူတိုင်းနှစ်သက်တဲ့အပြင်ပိုင်းကြွပ်ပြီးအတွင်းကမွနေတဲ့အကြော်တမျိုးဖြစ်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
မတ်ပဲ - ၃၀၀ ဂရမ်
(Black Gram)
ရေခဲရေ - အနည်းငယ်
ဆော်ဒါ - လ္ဘက်ဇွန်းတဝက်
ဆား - တစ်ဇွန်း စားပွဲဇွန်း
သကြား- တစ်ဇွန်း
ကြက်သွန်နီ- တစ်လုံး
ပျဉ်တော်သိမ်းရွက် - တစ်ခက်
စမုံစပါးအစေ့ - တစ်ဇွန်း
ငရုပ်သီးစိမ်း အပွ- နှစ်တောင့်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)အခွံချွတ်ပြီးသားမတ်ပဲကိုအနည်းဆုံးရေလေးနာရီစိမ်ထားပါ။
(၂)ရေစိမ်ထားပြီးသားပဲကိုရေဆေးရေစစ်ထားကာကြိတ်စက်တွင်ရေခဲရေအနည်းငယ်ဆီထည့်ပြီးကြိတ်ပေးပါ။ပွတက်လာသည်ထိကြိတ်ပါ။
(၃)ကြိတ်ပြီးသားပဲကိုဇလုံတခုတွင်ထည့်ပြီးနာရီလက်တံအတိုင်းခပ်နာနာရိုက်ပေးပါ။
(၄)ရေဇလုံတခုတွင်ပဲအနည်းငယ်ယူပြီးချ ကြည့်ပါ။ရေပေါ်ပေါ်နေလျှင်ရပါပြီ။မုန့်နှစ်ကြိတ်စဉ်ရေများပြီးကျဲနေပါကစမ်းလို့မရပါ။
(၅)ပြီးလျှင်ဆားသကြားစမုံစပါးပျဉ်တော်သိမ်းသေးသေးစိတ်ငရုပ်သီးကြက်သွန်သေးသေးစိတ်တို့ကိုထည့်ပြီးသမအောင်မွေပေးကာကြော်ရန်အသင့်ဖြစ်ပါပြီ။
(၆)ဆီအိုးတည်ထားပြီးအသင်ဖြစ်ပါကလက်ကိုရေစွတ်ပြီးမတ်ပဲအနှစ်ကိုလုံးယူကလက်ဝါးပေါ်တင်ပြီးအနည်းငယ်ဖိပေးပါ။
(၇)လက်ညိုးကိုရေစွတ်ကာအပေါက်ပြုလုပ်ကာဆီပူတွင်ချကြော်ပါ။
(၈)အနေတော်မီးဖြင့်နီရောင်သမ်းလာသည်ထိကြော်ပြီးဆယ်ယူဆီစစ်ကာ sambar,coconut chatany,yogurt နှစ်သက်ရာဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
(၉)အုန်းသီးချက်တနီးပြုလုပ်ရန်အတွက်ခြစ်ပြီးသားအုန်းသီး၂၀၀ဂရမ်၊ငရုပ်သီးစိမ်း ၃တောင့်နှင့်မြေပဲဆန်လှော်လက်တစ်ဆုပ်ကိုရေအနည်းငယ်ထည့်ပြီးကြေညက်အောင်ကြိတ်ပြီးပန်းကန်တခုတွင်ထည့်ပါ။
❀❀မြေပဲဆန်အစားကုလားပဲမတ်ပဲသုံးနိုင်ပြီးမီးအေးအေးဖြင့်လှော်ပြီးထည့်ပါ။
(၁၀)အိုးတခုတွင်ဆီအနည်းငယ်ကိုအပူပေးပြီးမုန်ညင်းစေ့နှင့်ဆီသပ်ရွက်(ပျဉ်းတော်သိမ်း)ကိုဆီသပ်ပြီးကြိတ်ထားသည့်အုန်းသီးတွင်ထည့်ပါ။
(၁၁)အပျစ်အကျဲလိုသလိုပြုပြင်ပြီးဆားထည့်ကာအရသာအပေါ့အငံမြည်းပြီးသုံးဆောင်နိုင်ပါပြီ။
❀❀ပဲကြိတ်စဉ်စက်အပူရှိန်ကြောင့်မုန့်နှစ်ပူမသွားစေရန်ရေခဲရေသုံးချင်းဖြစ်ပါတယ်။
❀❀မုန့်နှစ်ပူသွားလျှင်အကြော်မပွဘဲကျစ်နေတတ်ပါတယ်။
❀❀ကြိတ်နေစဉ်ရေများပြီးကျဲသွားပါကလက်ကိုင်ရန်ခက်ခဲမှာဖြစ်လို့ရွှေကြည်မှုန့်၊ဆန်မှုန့်မတ်ပဲအမှုန့်အဆင်ပြေသည်ကိုအသုံးပြုပြီးပြန်ပျစ်လာအောင်လုပ်ပေးနိုင်ပါတယ်။
❀❀မြန်မာပြည်မှာတော့အရောင်တွက်ငှက်ပျောသီးသုံးလေ့ရှိပြီးသကြားလည်းသုံးနိုင်ပါတယ်။
❀❀အရသာအနံ့မှာမိမိနှစ်သက်သလိုပြောင်းလဲပြုလုပ်နိုင်ပါတယ်။
............
Sofia
http://sofiafoodparadise.blogspot.com

တိုရှည်

Dosa
အိန္ဒိယအစားအစာတမျိုးဖြစ်တဲ့တိုရှည်ကိုမနက်ခင်းစာနှင့်အစာပြေစာအဖြစ်သုံးဆောင်လေ့ရှိကြပြီးမြန်မာများနှင့်ရင်းနှီးပြီးသားအစားအစာတခုလည်းဖြစ်ပါတယ်။တိုရှည်လုပ်နည်းများမှာမုန့်နှစ်စပ်တဲ့အချိုးများကွာခြားမှုရှိပြီးတွဲဖက်နှင့်အစာသွပ်သည့်အပေါ်မူတည်ပြီးအမျိုးအစားကွဲပြားကြပါတယ်။ဒီအချိုးလေးကတော့အိန္ဒိယကနေအလုပ်သင်အဖြစ်လာတဲ့တပည့်တယောက်ဆီကသင်တဲ့ထားလုပ်နည်းလေးဖြစ်ပါတယ်။ခက်ခဲတဲ့ပစ္စည်းများမပါဝင်ဘဲရိုးရှင်းတဲ့လုပ်နည်းလေးမို့လုပ်စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း
*********
ဆန်ကြမ်း - ၆၀၀ ဂရမ် (ဆန်ချိန်ခွက်၎ခွက်)
မတ်ပဲ - ၂၀၀ ဂရမ်
ဆား - တစ်ဇွန်း စားပွဲဇွန်း
သကြား - တစ်ဇွန်း
ဆော်ဒါ - တဇွန်း လ္ဘက်ဇွန်း
ရေ - ၇၀၀ ml
မုန့်လုပ်ရန်ဆီ - တစ်ပန်းကန်
တွဲဖက်စားရန်
***********
အာလူးမဆလာ
ပဲဟင်း
အုန်းသီးချက်တနီး
ခရမ်းချဉ်သီးချက်တနီး
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)မတ်ပဲအခွံချွတ်ပြီးသားနှင့်ဆန်ကိုရေဆေးပြီး၆နာရီခန့်သီးသန့်စိမ်ထားပါ။ငစိန်ဆန်(ဆန်ကြမ်း)မှာအကောင်းဆုံးဖြစ်ပြီးအခြားဆန်လည်းအသုံးပြုနိုင်ပါတယ်။
(၂)ရေစိမ်ထားသောပဲနှင့်ဆန်ကိုရေထပ်ဆေးပြီးရေစစ်ထားပါ။
(၃)ကြိတ်စက်တွင်ပဲနှင့်ဆန်ရောပြီးရေထည့်ကြိတ်ပါ။(၇၀၀.ml)
(၄)ကြိတ်ပြီးသားမုန့်နှစ်ကိုတညသိပ်နှပ်ထားပြီးမနက်တွင်ဆားသကြားနှင့်ဆော်ဒါထည့်ပြီးမုန်တို့နှစ်အပျစ်အကျဲကြည့်ကာတိုရှ ည်စတင်ပြုလုပ်နိုင်ပါပြီ။
(၅)တိုရှည်ပြုလုပ်မည့်အိုးကိုအပူပေးပါ။တာဝါးအိုးမကပ်သည့်ဒယ်သို့မဟုတ်တိုရှည်ပြုလုပ်နိုင်သောလျှပ်စစ်အိုးအပြန့်ကိုအပူပေးထားပါ။မီးအပူရှိန်လိုတိုးပိုလျော့ပြုလုပ်ပေးရန်လိုအပ်ပါတယ်။
(၆)မုန့်နှစ်ရှည်တစ်ဇွန်းကိုခပ်ယူပြီးအပူရှိန်အလွန်မပြင်းသောအိုးအလယ်တွင်ထည့်ပါ။
(၇)ဇွန်း၏အောက်ခြေလုံးသည့်ဖက်ဖြင့်မုန့်နှစ်ရည်ကိုအထူအပါးညီအောင်ဖြန့်ထည့်ပေးပါ။
(၈)ဘေးသားလေးများအနည်းငယ်ကျက်လာပါကဆီဆမ်းပေးပြီးအရောင်ရပြီးကျက်လာလျှင်ခေါက်ယူပြီးနှစ်သက်ရာချက်တနီးအာလူးမဆလာတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
(၉)အုန်းသီးချက်တနီးပြုလုပ်ရန်အတွက်ခြစ်ပြီးသားအုန်းသီး၂၀၀ဂရမ်၊ငရုပ်သီးစိမ်း၃တောင့်နှင့်မြေပဲဆန်လှော်လက်တစ်ဆုပ်ကိုရေအနည်းငယ်ထည့်ပြီးကြေညက်အောင်ကြိတ်ပြီးပန်းကန်တခုတွင်ထည့်ပါ။
❀❀မြေပဲဆန်အစားကုလားပဲမတ်ပဲသုံးနိုင်ပြီးမီးအေးအေးဖြင့်လှော်ပြီးထည့်ပါ။
(၁၀)အိုးတခုတွင်ဆီအနည်းငယ်ကိုအပူပေးပြီးမုန်ညင်းစေ့နှင့်ဆီသပ်ရွက်(ပျဉ်းတော်သိမ်း)ကိုဆီသပ်ပြီးကြိတ်ထားသည့်အုန်းသီးတွင်ထည့်ပါ။
(၁၁)အပျစ်အကျဲလိုသလိုပြုပြင်ပြီးဆားထည့်ကာအရသာအပေါ့အငံမြည်းပြီးသုံးဆောင်နိုင်ပါပြီ။
❀❀တိုရှည်ရလျှင်အိုးပေါ်တွင်ပင်အာလူး မဆလာထည့်ပြီးခေါက်ပေးသည်ကိုမဆ လာတိုရှည်ဟုခေါ်ပြီးအခြားကြက်ဥ၊ချိစ်နှင့်ဆလပ်ရွက်တို့ကိုမိမိနှစ်သက်သလိုထည့်ပြီးလည်းတည်ခင်းနိုင်ပါတယ်။
❀❀အထူအပါးမိမိနှစ်သက်သလိုပြုလုပ်နိုင်ပါတယ်။
❀❀တိုရှည်မုန့်နှစ်ကိုအချို့မှာအချဉ်ပေါက်ပြီးပြုလုပ်သလိုအချို့မှာမဖောက်ဘဲလည်းပြုလုပ်လေ့ရှိပါတယ်။
❀❀မုန့်နှစ်အချဉ်ဖောက်လိုပါကညဖက်ကိုအပြင်တွင်ထားနိုင်ပြီးအချဉ်မဖောက်ဘဲပြုလုပ်လို ပါကရေခဲသေတ္တာတွင်ထားပါ။
.........
Sofia
http://sofiafoodparadise.blogspot.com

ပူရီ

 Puri
အိန္ဒိယအစားအစာတမျိုးဖြစ်တဲ့ပူရီကိုမနက်ခင်းစာအစာပြေစာအဖြစ်စားလေ့ရှိကြပါ တယ်။
ပူရီပြုလုပ်နည်းအမျိုမျိုးရှိပါတယ်။အခြေခံအားဖြင့်တော့တူညီကြပြီးအသုံးပြုသောဂျုံနုဂျုံကြမ်းရွှေကြည်ပေါ်မူတည်ပြီးမုန့်သားကွာခြားမှုများရှိပါတယ်။အချို့ကဂျုံနုအချို့ကဂျုံကြမ်းဂျုံနုဂျုံကြမ်းတဝက်ဆီရောခြင်းရွှေကြည်ရောပြီးပြုလုပ်ခြင်းများရှိပါတယ်။မိမိနှစ်သက်ရာအရောဖြင့်ပြုလုပ်နိုင်ပါတယ်။
မုန့်သားအပျော့အမာအကြွပ်ကွာခြားမည်ဖြစ်ပါတယ်။
ပါဝင်ပစ္စည်း (အခု ၂၀)
*********
ဂျုံနု - ၂၅၀ ဂရမ်(All Purpose Flour )
ဆား - တစ်ဇွန်းလ္ဘက်ဇွန်း
သကြား - တစ်ဇွန်း စားပွဲဇွန်း
နွားနို့ -  ၁၅၀ ဂရမ်
ဆီ - ကြော်ရန်
ပြုင်ဆင်ပြုလုပ်ပုံ
************
(၁)ဇလုံတခုတွင်ဂျုံမှုန့်နှင့်ပါဝင်ပစ္စည်းများကိုထည့်ပြီးဆယ်မိနစ်ခန့်နှယ်ပြီးမိနစ်၃၀ခန့်အဝတ်အုပ်ပြီးနှပ်ထားပါ။
(၂)ဂျုံနှပ်လျှင်၂၀ဂရမ်အရွယ်ညီတူအလုံးလေးများလုံးပြီးအုပ်ထားပါ။
(၃)ပြီးလျှင်ဆီအိုးကိုအသင့်တည်ထားပြီး ဂျုံလုံးလေးများကိုဂျုံမှုန့်အနည်းငယ်ဖြူးပြီးမထူမပါးအနေပြန့်အောင့်ဖြန့်ပေးပါ။
(၄)နှစ်ချက်သုံးချက်ခန့်ဖြန့်ပြီးဆီပူတွင်တချပ်ဆီချကြော်ပေးပါ။
(၅)ဆီပူထဲတွင်မုန့်ကိုဆီပူပက်ပေးပြီးကြော်ပါ။ဖောင်ပြီးနှစ်ဖက်အရောင်ရလျှင်ဆယ်ယူဆီစစ်ထားပါ။
(၆)ဂျုံလုံးလေးများကိုတခုလိမ့်ပြီးတခုကြော်ပါကပိုအဆင်ပြေပြီးပူရီဖောင်းဖောင်းလေးရရှိမှာဖြစ်ပါတယ်။အားလုံးကြော်ပြီးပါကနှစ်သက်ရာအာလူးဟင်းပဲဟင်းချက်တနီးသနပ်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
အာလူးပဲဟင်း
**********
(၁)အာလူးပဲဟင်းချက်ရန်အာလူးကိုပြုတ်ပြီး အခွံသင်အတုံးလေးများတုံးထားထားပါ။
(၂)ကုလားပဲလုံးဖြူကိုပြုတ်ထားပါ။(chickpeasအသင့်သုံးဘူးလည်းသုံးနိုင်ပါတယ်)
(၃)အိုးတခုတွင်ဆီထည့်ပြီးဂျင်းကြက်သွန်ဖြူအရောင်တင်ဆီသပ်ရွက်မုန်ညင်းစေ့ကိုဆီသပ်ပါ။
(၄)ပြုတ်ပြီးသားပဲနှင့်အာလူးထည့်ကြော်ပါ။
(၅)ရေအနည်းငယ်ဆီထည့်ပေးပြီးမွေပေးပါ။ဆားဟင်းခပ်မှုန့်ထည့်ပါ။
(၆)အာလူးနှင့်ပဲလုံးအနည်းငယ်ကြေအောင်ချက်ပြီးပါကမဆလာထည့်ကာမပျစ်မကျဲအနေတွင်မီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ဂျုံကြမ်းဖြင့်ပြုလုပ်ပါကကြွပ်သောပူရီရ ရှိမှာဖြစ်ပါတယ်။
❀❀ နွားနို့အစားရေကိုအသုံးပြုနိုင်ပြီးနွားနို့ အနည်းငယ်ရောပြီးပြုလုပ်နိုင်ပါတယ်။
❀❀ဖြန့်ပြီးကြာရှည်မကြော်ဘဲထားလျှင်ဖောင်းပွမလာပါ။
❀❀ကြော်နေစဉ်ဆီပက်ကြော်ပေးမှသာဖောင်းပွသောပူရီရရှိမှာဖြစ်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

မုန့်လက်ကောက်

မုန့်လက်ကောက်ကိုမကြာခဏကြော်ကြည့်ဖူးပါတယ်။ပုံစံအမျိုးမျိုးအဆင်မပြေမှုများတွေ့ရပြီးဆီပေါက်တာတွေလည်းကြုံခဲ့ ရဖူးပါတယ်။မုန့်နှစ်နှပ်ထားချိန်အသုံးပြုသောဆန်မုန့်ကြိတ်ထားသောဆန်အမျိုးအစားဆီအပူချိန်ပေါ်တည်ပြီးကြော်ထွက်လာသော မုန့်ကွာခြားမှုများရှိပါတယ်။ဒီအချိုးလေးတော့အတော်အဆင်ပြေပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ကောက်ညင်းမှုန့် - ၃၀၀ ဂရမ်
ဆန်မှုန့် - ၃ဇွန်း စားပွဲဇွန်း
ရေ ကျက်အေး - ၃၀၀ ml
Baking Powder - ၂ဇွန်း လ္ဘက်ဇွန်း
ဆား - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဇလုံတခုတွင်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးနံ့အောင်နယ်ပေးပါ။ရေကိုဖြည်းဖြည်းဆီထည့်နှယ်ပါ။နှယ်ပြီးပါကအနည်းဆုံး၃နာရီခန့်အဖုံးအုပ်ပြီးနှပ်ထားပါ။
(၂)မုန့်သားနှပ်ပါကမုန်လုံးတလုံးကို၂၅ဂရမ်အလုံးလေးများချိန်ထားပါ။(၃)မုန့်လုံးတလုံးဆီကိုပြားပြီးအလယ်အပေါက်လုပ်၍ဆီပူတွင်ချကြော်ပါ။(၄)အရောင်ရပါကဆယ်ယူပြီးထန်းလျက်ရည်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
❀❀  ဆီပူတွင်ချကြော်ပါကအကြာကြီးမကြော်ရပါ။❀❀ဆီပေါ်ပေါလောပေါ်လာပြီးအရောင်ရလျှင်အမြန်ဆယ်ယူပါ။ပွင့်ထွက်လျှင်ဆီပူစင်တတ်ပါတယ်။
................
Sofia
http://sofiafoodparadise.blogspot.com

မုန့်လုံးရေပေါ်

Glutinus Rice Ball
မြန်မာနှစ်ကူးအခါလုပ်စားလေ့ရှိတဲ့ရာ သီစာတခုပေမဲ့လည်းမြန်မာများအတွက်ကတော့အချိန်အခါမရွေးနှစ်သက်မှာစား သုံးကြတဲ့မုန့်လေးဘဲဖြစ်ပါတယ်။ပြုလုပ်နည်းမှာလွယ်ကူပြီးမုန့်နှစ်အချိုးမှာပုံစံနှစ်မျိုးပြုလုပ်လေ့ရှိပါတယ်။ကောက်ညင်းကြည့်သီးသန့်လုပ်နိုင်သလိုအချို့မှာအစေးဓာတ်လျော့နည်းစေရန်ဆန်မှုန့်လေးချိုးတချိုးရောပြီးပြုလုပ်ကြပါတယ်။ဆိုဖီယာရဲ့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကောက်ညင်းမှုန့် - ၄၀၀ ဂရမ်
ဆား - ဇွန်းတဝက် လ္ဘက်ဇွန်း
ထန်းလျက် - ၁၅၀ ဂရမ်
အုန်းသီးဆံ - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကောက်ညင်းမှုန့်ကိုဆားထည့်ပြီးရေဖြေးဖြေးဆီထည့်ကာမုန့်နှစ်လုံးလို့ရသောအနေထားထိနယ်ပေးပါ။
(၂)ပြီးလျှင်အဖုံးအုပ်ပြီးမိနစ်၃၀ခန့်နှပ်ထားပေးပါ။
(၃)ထန်းလျက်ကိုအခဲသေးသေးလေးများ စိတ်ထားပါ။အုန်းသီးခြစ်ထားပါ။ရေနွေး အိုးအဆင်သင့်တည်ထားပါ။ရေအေးတ ဇလုံအသင့်ထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကမုန့်လုံးစတင်လုံးနိုင်ပါပြီ။
(၅)မုန့်နှစ်ကိုအနေတော်အလုံးလေးမျာြး ပုလုပ်ပြီးအနည်းငယ်ဖိပြားပြီးထန်းလျက်ခဲထည့်ကာလုံအောင်ပြန်ပိတ်ပြီးလုံးပေးပါ။
(၆)ရေနွေးအိုးပွက်ပါကလုံးထားပြီးသားမုန့်လုံးလေးများကိုထည့်ပြုတ်ပါ။ယောက်မဖြင့်တချက်မွေပေးပါ။
(၇)ပြန်လည်ဆူပွက်ပြီးမုန့်လုံးလေးများရေပေါ်ပေါ်လာပါကမုန့်လုံးကျက်ပြီးဖြစ်၍ဆယ်ယူပြီးရေဆေးဇလုံတွင်စိမ်ထားပေးပါ။
(၈)အေးသွားသောမုန့်လုံးကိုဆယ်ယူရေစစ်ပြီးအုန်းသီးဆံဖြင့်လူးကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
...........
Sofia
http://sofiafoodparadise.blogspot.com

1 July 2016

မရမ်းသီးသနပ်(အချို)

Marian Plum Pickled
နေရာဒေသအလိုက်ရာသီအလိုက်သီးအနှံတို့ကိုကြာရှည်ခံသိမ်းဆည်းသုံးဆောင်နိုင်အောင်အမျိုးမျိုးစီမံပြုလုပ်လေ့ရှိကြပါတယ်။ဒီရာသီကတော့မရမ်းသီးများလှိုင်လှိုင်ပေါလို့ကြာရှည်သိမ်းဆည်းစားသုံးနိုင်ဖို့သနပ်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
မရမ်းသီးသနပ်ကိုအစိမ်းသနပ်အခြောက်သနပ်အချိုအစပ်ချဉ်ငံစပ်အရသာအမျိုးမျိုးပြုလုပ်လေ့ရှိတဲ့ထဲကခုလုပ်ထားတာတော့အစိမ်းအချိုအိအိလေးနဲ့ချိုချဉ်လေးပြုလုပ်ထားခြင်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
*********
မရမ်းသီးစိမ်း - တစ်ကီလို
ဆား - ၂ဇွန်း စားပွဲဇွန်း
သကြား/ပျားရည် - ၁၀၀ဂရမ်
အရောင်တင်ငရုပ်သီးမှုန့် - ၃ဇွန်း
ဆီ - ၁၆၀ ဂရမ် (တစ်ဆယ်သား)
ဇီယာ - ၂ဇွန်း (သနပ်မဆလာ)
ကြက်သွန်ဖြူ -လက်တစ်ဆုပ်
ငရုပ်သီးစိမ်း - အနည်းငယ်
ပဲနံ့သာစေ့ -တစ်ဇွန်း (နှစ်သက်က)
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)မရမ်းသီးစိမ်းရင့်ရင့်ကိုရေဆေးသန့်စင်ပြီးထပ်ခြမ်းခြမ်းအစေ့ထုတ်ထားပါ။
(၂)ခြမ်းပြီးအစေ့ထုတ်ပြီးသားမရမ်းသီးကိုဆားထည့်ပြီးသမအောင်မွေပေးကာပုလင်းသို့မဟုတ်ဘူးတခုတွင်ထည့်ထားပါ။မကြာမကြာအထက်အောင်လှန်ပေးပါ။
(၃)နှစ်ရက်ခန့်တွင်မရမ်းသီးနှပ်ပြီဖြစ်၍ဆယ်ယူပြီးဇကာဖြင့်စစ်ကာနေပူတွင်တနေခန့်သွေ့အောင်လှန်းပေးပါ။
(၄)ပဲနံ့သာစေ့ကိုလှော်ပြီးကြိတ်ထားပါ။
(၅)ကြက်သွန်ဖြူငရုပ်စိမ်းအသင့်ပြုလုပ်ပါ။
(၆)အိုးတခုတွင်ဆီပူအောင်တည်ပြီးအရောင်တင်၊ဇီယာမဆလာထည့်ဆီသပ်ပါ။သကြားသို့မဟုတ်ပျားရည်ထည့်ပြီးပျော်အောင်မွေပေးကာမီးပိတ်ပြီးကြက်သွန်ဖြူ၊ငရုပ်သီးစိမ်းထည့်ပါ။
(၇)အသင့်ခြောက်ထားသောမရမ်းသီးကိုထ ည့်ပြီးသမအောင်မွေကာအအေးခံထားပါ။
(၈)လုံးဝအေးသွားသောအခါပုလင်းသန့်သန့်ကိုရေခြောက်အောင်သုတ်ပြီးထည့်ကာတရက်နှပ်ထားပါ။
(၉)ဒုတိယမြောက်ရက်တွင်ဆီကိုကျက်အောင်ချက်ပြီးမျက်နှာပြင်ကိုဆီဖုံးအောင်ထည့်ကာပုလင်းကိုလေလုံအောင်ပိတ်ပြီးထားပါ။
(၁၀)နှစ်ပတ်ခန့်နှပ်ပြီးပါကရေခဲသေတ္တာတွင်ထည့်ပြီးသိမ်းဆည်းကာဇွန်းသန့်သန့်ဖြင့်လိုသလောက်ထုတ်ယူသုံးဆောင်နိုင်ပါပြီ။
❀❀ပြုလုပ်ပြီးတရက်ကိုအခြောက်နှပ်ထားပြီးအရသာဝင်မှသာလျှင်ဆီကိုမျက်နှာပြင်ဖုံးအောင်ထည့်ပြီးနှပ်ပါ။
...............
Sofia
http://sofiafoodparadise.blogspot.com

ပြောင်းဖူးဖက်ထုပ်

ရှမ်းပြောင်းစေးစေးနဲ့လုပ်ထားတဲ့ပြောင်းဖူးဖက်ထုပ်ပေါင်းလေးကိုများသောအားဖြင့်တော့ရှမ်းပြည်မှာမနက်စောစောပူပူနွေးနွေးအငွေ့တထောင်းထောင်းနဲ့ရောင်းတတ်ကြပါတယ်။ရှမ်းတရုတ်အစာပြေအစားအစာ တမျိုးဖြစ်ပါတယ်။စေးပိုင်နေတဲ့ရှမ်းပြောင်းကိုပြောင်းဖူးဖက်နဲ့ပြန်ထုပ်ပေါင်းထားတာမို့ အနံ့ရတာနဲ့တင်စားချင်လာတဲ့စိတ်ဖြစ်မိမှာ အမှန်ပါ။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ရှမ်းပြောင်းဖူး - ၅ဖူး
ဆန်မှုန့် - ၃ဇွန်း
သကြား - ၁၀၀ ဂရမ်
ပြောင်းဖူးဖက်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ရှမ်းပြောင်းကိုအခွံသင်ရေဆေးပြီးအစေ့ချွေထားပါ။
(၂)ပြောင်းဖူးခွံကိုအကြီးရွေးပြီးရေဆေးသန့်စင်ထားပါ။
(၃)အစေ့ချွေပြီးသားပြောင်းဖူးကိုကြိတ်ပြီးဆန်မှုန့်နှင့်သကြားထည့်ပြီးသမအောင်မွေထားပါ။
(၄)ရေဆေးသန့်စင်ထားသောပြောင်းဖူးဖက်ကြီးကြီးတွင်ကြိတ်ထားသောပြောင်းဖူးအရောကိုထည့်ပြီးခေါက်၍လုံအောင်ပိတ်ပြီးပေါင်းမည့်ဘမ်းတွင်စီထည့်ပါ။
(၅)အားလုံးထုပ်ပြီးပါကပေါင်းခံအိုးကိုရေထည့်ပြီးတည်ပါ။
(၆)ဆူပွက်ပါကပြောင်းဖူးဖက်ထုပ်ဘမ်းကိုမိနစ်၃၀ခန့်ပေါင်းပြီးပြောင်းဖူးကျက်မကျက်ကြည့်ကာပူပူနွေးနွေးမွေးကြိုင်တဲ့ပြောင်ဖူးဖက်ထုပ်ကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ပြောင်းဖူးကြိတ်လျှင်လက်လှည့်ကြိတ်သို့မဟုတ်ရေထည့်ရန်မလိုသောကြိတ်စက်ဖြင့်ကြိတ်ပါ။
❀❀ရေထည့်ကြိတ်ပါကဖက်ဖြင့်ထုပ်ရန်ခက်ပြီးပျော့သွားတတ်ပါတယ်။
............
Sofia
http://sofiafoodparadise.blogspot.com

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...