31 December 2015

ဒင်းမ်ဆမ်းကြက်ခြေထောက်ပေါင်း


Dim Sum Style Steamed Chicken Feet
ဒင်းမ်ဆမ်းဆိုင်တွေမှာတည်ခင်းလေ့ရှိတဲ့ကြက်ခြေထောက်ပေါင်းလေးဖြစ်ပါတယ်။ဒင်းမ်ဆမ်းနှစ်သက်သူများအတွက်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ကြက်ခြေထောက် - အချောင်း ၂၀
ရှီတာခီမှိုခြောက် - လက်တစ်ဆုပ်
မြေပဲဆံ - လက်တစ်ဆုပ်
ကြက်သွန်မိတ်အရင်း - ၃ပင်
ကြက်သွန်ဖြူ - ၃မြောင်း
ဂျင်း - လက်တစ်ဆစ်
နာနတ်ပွင့် - ၃ပွင့်
ငရုပ်သီး- ၃တောင့်
ပဲငံပြာရည် အနှောက် - ၂ဇွန်းစားပွဲဇွန်း
ဟင်းခပ်မှုန့် - ၂ဇွန်း
ခရုဆီ - နှစ်ဇွန်း
ဆား - အနည်းငယ်
ဆီ - ကြော်ရန်
ကြက်သွန်မိတ် -အနည်းငယ်
ရှာလကာရည် -၃ဇွန်း ရေနွေဖျောရန်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကြက်ခြေထောက်ကိုရေဆေးသန့်စင်ပြီးရေစစ်ထားပါ။ ခြေသည်းများနှင့်ခြေထောက်အရင်းပိုင်းကိုဖြတ်ထားပါ။
(၂)မီးဖိုပေါ်တွင်ရေနွေးတအိုးကိုရှာလကာရည်ထည့်ပြီးတည်ထားပါ။
(၃)ဆူပွက်ပါကရေစစ်ထားသောကြက်ခြေထောက်ကိုထည့်ပြီး ၃မိနစ်ဖျောကာဆယ်ယူရေအေးလောင်းကာရေစစ်ထားပါ။
(၄)ရေစစ်သွားပါကပဲငံပြာရည်အမဲတစ်ဇွန်းထည့်နယ်ကာနာရီဝက်ခန့်နှပ်ထားပါ။
(၅)အိုးတခုတွင်ဆီများများကိုအပူပေးပြီးနပ်ထားသောကြက်ကိုဆီပူတွင်နီညိုရောင်ရသည်ထိကြော်ပြီးဆယ်ယူကာရေခဲရေစိမ်ပေးပါ။အနည်းဆုံးလေးနာရီမှတညစိမ်ပေးပါ။တညစိမ်ပေးခြင်းဖြင့်နူးညံ့တဲ့ကြက်ခြေထောက်အနေကိုရမှာဖြစ်ပါတယ်။
(၆)ကြက်ခြေထောက်ပေါင်းရန်အတွက်ရှီတာခီမှိုမြေပဲတို့ကိုရေစိမ်ထားပါ။ကြက်သွန်ဖြူကြက်သွန်မိတ်အရင်းဂျင်းငရုပ်သီးတို့ကိုသေးသေးစိတ်ထားပါ။
(၇)ရေစိမ်ထားသောကြက်ခြေထောက်ရလျှင်ဆယ်ယူရေစစ်ထားပြီးပေါင်းရန်အတွက်ဘမ်းတွင်ထည့်ပါ။ဆော့အတွက်ပါဝင်ပစ္စည်းများမှိုမြေပဲကြက်သွန်မိတ်အရင်းဂျင်းကြက်သွန်ဖြူသေးသေးစိတ်ထားသည်တို့ကိုထည့်ပါ။
(၈)ဟင်းခပ်မှုန့်ခရုဆီပဲငံပြာရည်နှမ်းဆီမွေးငရုပ်ကောင်းဆားနာနတ်ပွင့်တို့ကိုထည့်ပြီးသမအောင်မွေပေးပါ။
(၉)အသင့်ပြုလုပ်ထားသောရေနွေးပေါင်းအိုးတွင် မိနစ်၃၀မှ၄၅မိနစ်ခန့်ပေါင်းပါ။
(၁၀)ကြက်ခြေထောက်နူးအိပါကပေါင်းအိုးမှထုတ်ယူကာအိုးတခုတွင်ထည့်ပြီးကြက်ခြေထောက်မှထွက်လာသောဆော့စ်များကိုအနည်းငယ်ပျစ်ပြီးခမ်းအောင်ပြုလုပ်ပြီးပန်းကန်တွင်တည်ခင်းကာနှမ်းနှင့်ကြက်သွန်မိတ်ဖြူးပြီးသုံးဆောင်နိုင်ပါပြီ။
...........
Sofia

29 December 2015

မုန့်လုံးကောက်ညင်းပေါင်း


ဒီမုန့်လေးကတော့ရှမ်းပြည်မှာအများဆုံးတွေ့ရပြီးချမ်းအေးတဲ့ဆောင်းတွင်းအခါမနက်ခင်းတွေမှာအများဆုံးရောင်းချတတ်ကြပါတယ်။အချို့တရုပ်ရိုးရာအနေဖြင့်စေးထွေးသည့်မုန့်လုံးကောက်ညင်းနှင့်အချိုဌာပနာထားတာမို့ချိုမြိန်ခြင်းစည်းလုံးညီညွတ်ခြင်းတို့ကိုရည်ညွှန်းပြီးလက်ထပ်မင်္ဂလာရက်မြတ်မနက်ခင်းမှာပြုလုပ်တည်ခင်းလေ့ရှိပါတယ်။ဒီမုန့်လုံးကောက်ညင်းပြုလုပ်ရာတွင်အရောင်ကိုသဘာဝပန်းခြောက်အရောင်ဖြင့်ပြုလုပ်ထားပြီးပန်းခြောက်၏မွေးရနံ့ကိုလည်းရရှိစေမှာဖြစ်ပါတယ်။ရှမ်းပြည်မှာသာတွေ့ရတဲ့ပန်းခြောက်၏အရောင်ဖြင့်ပင်ရှမ်းထမင်းဝါလည်းပြုလုပ်နိုင်ပါတယ်။အလွယ်တကူမရရှိနိုင်ပါကစားဆေးအရောင်ဖြင့်လည်အစားထိုးပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
ကောက်ညင်းဆန် - ၃ခွက် ဆန်ချိန်ခွက်
ပန်းခြောက်/ အဝါရောင် - အနည်းငယ်
ကောက်ညင်းမှုန့် - ၂၅၀ ဂရမ်
ပဲယို /နှမ်းအချို - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကောက်ညင်းကိုပန်းခြောက်သို့မဟုတ်ဆေးရောင်ထည့်ပြီး၃နာရီခန့်စိမ်ထားကာဇကာဖြင့်ရေစစ်ထားပါ။
(၂)ကောက်ညင်းမှုန့်ကိုရေအနည်းငယ်ဆီထည့်ပြီးမုန့်လုံးလုံး၍ရသောအနေထိနယ်ထားပါ။
(၃)ရှမ်းနှမ်းလုံးအမဲကိုလှော်ပြီးထောင်းကာ ကြံသကာဖြင့်ဆတူရောပြီးပန်းခြောက်ထည့်ပြီးသမအောင်မွေထားပါ။
(၄)ရှမ်းနှမ်းလုံးမရပါကပဲယိုအစားထိုးထည့်နိုင်ပါတယ်။
(၅)နယ်ထားသောကောက်ညင်းကိုမုန့်လုံးဆယ်လုံးစာအညီအမျှခွဲထားပြီးပဲယိုသို့မဟုတ်နှမ်းကြံသကာအရောကိုထည့်ပြီးလုံးထားပါ။
(၆)ပေါင်းမည့်ပေါင်းအိုးသို့မဟုတ်ဘမ်းတွင်အဝတ်ခင်းထားပါ။
(၇)အောက်ဆုံးတလွှာတွင်ရေစစ်ထားသောကောက်ညင်းကိုတလွှာခင်းပါ။
(၈)အစာသွပ်ပြီးသားမုန့်လုံးကိုခင်းထားသောကောက်ညင်းပေါ်တွင်နှစ်လက်မခန့်ခြားပြီးစီထည့်ပါ။
(၉)အပေါ်မှကောက်ညင်းဆန်ကိုမုန့်လုံး အုပ်မိအောင်လိုက်ပုံပေးပါ။သို့မှသာပေါင်းထွက်လာပါကကောက်ညင်းများဖြင့်လုံးထားသောမုန့်လုံးကိုရရှိမှာဖြစ်ပါတယ်။(၁၀)ပြီးလျှင်အဝတ်ဖြင့်ပြန်အုပ်ကာပေါင်းအိုးတွင်မိနစ်၃၀ခန့်ပေါင်းပြီးကောက်ညင်းကျက်ပါကချိုချိုမွေးမွေးပူနွေးနွေးမုန့်လုံးကောက်ညင်းပေါင်းကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
..........
Sofia

ပိန္နဲသီးအုန်းနို့ကောက်ညင်း


သရက်သီးနဲ့ကောက်ညင်းတွဲဖက်ညီသလိုဘဲပိန္နဲသီးအုန်းနို့ကောက်ညင်းကလည်းအတွဲညီလှတဲ့အချိုပွဲလေးဖြစ်ပါတယ်။
အချိုပွဲကိုထူးထူးဆန်းဆန်းလေးတည်ခင်းလိုသူများအတွက်လွယ်ကူပြီးအရသာရှိလှတဲ့ပိန္နဲသီးအုန်းနို့ကောက်ညင်းလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (တစ်ပွဲစာ)
********
ပိန္နဲသီးမှည့် - ၆ မြောင်း
ကောက်ညင်းပေါင်း - တစ်ပန်းကန်
အုန်းနို့ - ၅ဇွန်း
သကြား - ၃ဇွန်း
နှမ်း - အနည်းငယ်
အုန်းသီးဆံ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ပိန္နဲသီးမှည့်ကိုအမြောင်းမပျက်ဓားရာပေးပြီးအစေ့ထုတ်ထားပါ။
(၂)ကောက်ညင်းကိုအနည်းငယ်သာပြုလုပ်လျှင်ကောက်ညင်းပေါင်းဝယ်ပြီးပြုလုပ်နိုင်ပါတယ်။ကောက်ညင်းပေါင်းထဲသို့အုန်းနို့သကြားထည့်ပြီးမီးဖိုပေါ်တွင်အပူပေးပါ။
(၃)အုန်းနို့အနည်းငယ်ခြောက်သွားလျှင်မီးဖိုမှချပြီးအအေးခံထားပါ။
(၄)အသင့်ခွဲထားသောပိန္နဲသီးထဲသို့အအေးခံထားသောကောက်ညင်းထည့်ပါ။
(၅)ပြီးလျှင်အပေါ်မှနှမ်းဖြူးအုန်းသီးဖြုးကာချိုချိုမွေးမွေးပိန္နဲသီးအုန်းနို့ကောက်ညင်းကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
.............
Sofia

27 December 2015

နံတုန်





Cold Meat Jelly
နံတုန်လို့လူသိများတဲ့ရိုးရာအအေးစာအသားဂျယ်လီကိုချမ်းအေးတဲ့ဒေသတွေမှာဒေသစာအဖြစ်သုံးဆောင်ကြပါတယ်။အနောက်နိုင်ငံအချို့မှာလည်းဆောင်းရာသီရဲ့နောက်ဆုံးပတ်မှာMeat Jelly Festival ဆိုပြီးအသားဂျယ်လီ ပွဲတော်ကျင်းပတာတွေလည်းရှိပါတယ်။ခုလိုလမျိုးအေးတဲ့ရာသီဆိုရှမ်းပြည်မှာမနက်စောစောရောင်းလေ့ရှိကြပါတယ်။အခုဆိုဖီယာလုပ်ထားတဲ့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
အမဲ၊ဆိတ်၊ကြက်ခြေထောက် - တစ်ကီလို
(အကြောပါသောနှစ်သက်ရာအသား)
ဂျင်း - နှစ်လက်မ
ကြက်သွန်ဖြူ  - တစ်လုံး
ကြက်သွန်နီ - နှစ်လုံး
မုန်လာဥနီ - တစ်တောင့်
ကြက်သွန်မိတ်အရင်း - ၃ချောင်း
ရှောက်ကော - ၂လုံး (တရုပ်ဖာလာစေ့အမဲ)
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဟင်းခပ်မှုန့် - အနည်းငယ်
တွဲဖက်စားရန်
**********
ကြက်သွန်မိတ်
နံနံပင်
ငရုပ်သီးဆီချက်
ပဲငံပြာရည်
အချဉ်ရည် (ရှာလကာရည်)
သကြား
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)နှစ်သက်ရာအသားအရိုးအကြောတို့ကိုရေဆေးရေစစ်ထားပါ။
(၂)မီးဖိုပေါ်တွင်ရေဆူတအိုးတည်ထားပါ။ရေဆူပွက်ပါကရေစစ်ထားသောအရိုးအကြောကိုထည့်ပြီးတပွက်ဆူတည်ကာဇကာတခုဖြင့်ဆယ်ယူကာရေအေးလောင်းဆေးပေးပါ။(သွေးနှင့်အညစ်အကြေးမကျန်စေရန်)
(၃)ပြီးလျှင်ဟင်းရည်အိုးတည်မည့်အိုးထဲသို့ရေနွေးဖျောပြီးသားအရိုးအကြောတို့ကိုထည့်ပါ။
(၄)ကြက်သွန်ဖြူကိုဥလိုက်ထပ်ခြမ်းခြမ်းထည့်ပါ။ကြက်သွန်နီကိုလည်းအခြမ်းလိုက်ထည့်ပါ။မုန်လာဥကိုခပ်ကြီးကြီးလှီးထည့်ပါ။ဂျင်းနှင့်ရှောက်ကောကိုထုပြီးထည့်ပါ။ဆားအနည်ငယ်ထည့်ပါ။ကြက်သွန်မိတ်အရင်းဖြတ်ထည့်ပါ။
(၅)ရေကိုအရိုးအကြောတို့ကိုမြုတ်ပြီးနှစ်လက်မအထက်ခန့်ထည့်ပြီးတည်ပါ။ဟင်းရည်အိုးမပွက်ခင်တက်လာသမျှအဆီအမြုတ်အားလုံးခပ်ထုတ်ပေးပါ။(ဟင်းရည်ကြည်စေရန်)
(၆)စတင်ဆူပွက်လာသည်နှင့်မီးကိုအသေးဆုံးအနေထားထိလျော့ချပြီးဖြည်းဖြည်းဆီဆူပွက်ထားပါ။(မဖုံးအုပ်ရအရောင်နှောက်တတ်သည်။)
(၇)တည်ထားစဉ်တလျောက်လုံးအပေါ်တက်လာသောအဆီအမြုတ်အားလုံးခပ်ထုတ်ပေးပါ။လိုအပ်လျှင်ရေကိုနည်းနည်းဆီထပ်ဖြည့်ပေးပြီးအရိုးအကြောအားလုံးလုံးဝနူးအိသွားသည်ထိတည်ထားပါ။၅နာရီမှ၆နာရီခန့်ကြာအောင်တည်ပါ။
(၈)နူးအိသွားပါကမီးပိတ်ပြီးအရိုးများထွင်ထုတ်ထားပြီးအရသာအပေါ့အငံမြည်းကာလိုအပ်ပါကဖြည့်စွက်ပါ။
(၉)မိမိပြုလုပ်လိုသောပုံစံခွက်တွင်သားနှင့်ဟင်းရည်မျှတအောင်ထည့်ပြီးအေးသောနေရာတွင်တညထားပါ။
(၁၀)မနက်ရောက်လျှင်နံတုန်မျက်နှာပြင်မှခဲနေသောအဆီပြင်ကိုဇွန်းဖြင့်ခပ်ထုတ်ပစ်ပြီးပန်းကန်တွင်မှောက်ချကာဓားဖြင့်လှီးပြီးကြက်သွန်မိတ်နံနံပင်ပဲငံပြာရည်ငရုပ်သီးအချဉ်ဖျော်စပ်ထားသည်နှင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ
.............
Sofia
http://sofiafoodparadise.blogspot.com

26 December 2015

ရွှေဖရုံသီးမုန့်လုံးကြော်


Chinese Deep Fried  Pumpkin Cake
ရွှေဖရုံသီးမုန့်လုံးကိုပဲယိုအစာသွပ်ပြီးကြော်ထားတဲ့ချိုမွေးကြွပ်ရွအရသာရှိလှတဲ့ရွှေဖရုံသီးမုန့်လုံးကြော်လေးဖြစ်ပါတယ်။
ပြုလုပ်ရလွယ်ကူပြီးရွှေဖရုံနဲ့ကောက်ညင်းနှစ်သက်သူများအတွက်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (၁၇ခု)
*********
ရွှေဖရုံသီး - ၅၀၀.ဂရမ်
ကောက်ညင်းမုန့် - ၃၀၀ဂရမ်
ပဲယို - တစ်ပန်းကန်
ပေါင်မုန့် ခြောက် - တစ်ပန်းကန်
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ရွှေဖရုံသီးကိုအခွံသင်ပြီးအတုံးသေးသေးတုံးကာနူးအိအောင်ပေါင်းပါ။သို့မဟုတ် မိုက်ခရိုဝေ့တွင်၅မိနစ်ခန့်ထည့်ပါ။
(၂)ရွေဖရုံသီးနူးအိပါကထွက်လာသောရေများကိုသွန်ပစ်ပြီးဇွန်းဖြင့်ကြေအောင်ဖိချေပေးပါ။
(၃)ချေပြီးသားရွှေဖရုံအနှစ်ထဲသို့ကောက်
ညင်းမုန့်ကိုဖြည်းဖြည်းဆီထည့်ပြီးမုန့်လုံးလုံးနိုင်သောအနေထိရအောင်ထည့်နယ်ပါ။
(၄)မုန့်လုံးလုံးနိုင်သောအနေရပါက၁၇လုံးအညီလုံးထားပါ။ပဲယိုကိုလည်းအသင့်လုံး ထားပါ။
(၅)အားလုံးအသင့်ဖြစ်ပါကကောက်ညင်းလုံးကိုဖိပြားပြီးပဲယိုထည့်လုံးကာသာသာဖိပြားပြီးပေါင်မုန့်ခြောက်ကပ်ပါ။
(၆)မုန့်လုံးအားလုံးအစာသွပ်ပြီးပါကဆီပူအိုးတွင်နှစ်မိနစ်မှသုံးမိနစ်ထိရွှေရာင်ရအောင်ကြော်ပေးပြီးဆယ်ယူဆီစစ်ကပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
ပဲယိုပြုလုပ်နည်း
*********
ပဲလွန်း - ၂၅ကျပ်သား
ထန်းလျက် ၂၅ကျပ်သား
ဆီ - ၁၅ ကျပ်သား
ဆား - အနည်းငယ်
(၁)ပဲလွန်းကိုရေတညစိမ်ပြီးဆော်ဒါလ္ဘက်ဇွန်းတစ်ဇွန်းထည့်ပြီးပြုတ်ပါ။
(၂)ပဲနူးပါကရေစစ်ထားပြီးကြိတ်စက်ဖြင့်ကြေအောင်ကြိတ်ပါ။
(၃)ထန်းလျက်ကိုရေအနည်းငယ်ဖြင့်ကျိုပြီးအမှိုက်များစစ်ထုတ်ပါ။ပြီးလျှင်ညောင်စေးကျအောင်ပြန်ကျိုထားပါ။
(၄)ပဲယိုထိုးမည့်ဒယ်အိုးတွင်ဆီထည့်ပြီးထန်းလျက်ထည့်ကြော်ပါ။
(၅)မွှေးပြီးထန်းလျက်ပွလာပါကပဲကြိတ်ထားသည်ကိုထည့်ပါ။ဆားအနည်းငယ်ထည့်ပြီးရေခမ်းဆီပြန်လာသည်ထိမွေပေးပါ။
ပဲတွင်ရေကျန်ပါကထန်းလျက်တွင်ရေကျန်ပါကကျိုနေစဉ်တွင်အပူများစင်တတ်ပါတယ်။
(၆)အထားခံရန်ဆီပြန်ပြီးလုံးလာသည်ထိကျိုပေးပါ။ပြီးလျှင်အအေးခံထားကာလိုသလိုအသုံးပြုနိုင်ပါပြီ။
**ပဲယိုကိုစူပါမားကတ်များတွင်အသင့်သုံးအထုပ်များလည်းဝယ်ယူအသုံးပြုနိုင်ပါတယ်။

.............
Sofia

25 December 2015

ပိန်းဥမုန့်>> အော်ကွေး

Chinese Dim Sum Taro Cake
Steamed Yam Cake
(Wu Tao Gou ;Orh Kueh)
စင်္ကာပူမလေးရှားမှာတော့Chinese Dim Sumအနေနဲ့ပေးသလိုမနက်ခင်းစာBreakfastအတွက်လည်းကြော်ပြီးတည်ခင်းလေ့ရှိတဲ့ပိန်းဥနဲ့လုပ်ထားတဲ့မုန့်လေးဖြစ်ပါတယ်။

ပါဝင်ပစ္စည်း
********
• ပိန်းဥ -  ၁ လုံး (၁ကီလို)
• ဆန်မှုန့်  -  ၆၅ ဂရမ်
• ပြောင်းဖူးမှုန့်  -  ၄၀ ဂရမ်
• Wheat Starch  -  ၆၅ ဂရမ်
• ရေ  -  ၈၅၀ ml
• ပုဇွန်ခြောက် - ၅၀ ဂရမ်
• ရှီတာခီမှိုခြောက် - ၃၀ ဂရမ်
• ဆား  -   စားပွဲဇွန်း ၁ ဇွန်း
• သကြား - စားပွဲဇွန်း ၂ ဇွန်း
• ငရုတ်ကောင်း  -  အနည်းငယ်
• five spice - စားပွဲဇွန်း ၁ဇွန်း
• ကြက်သွန်နီ - နှစ်လုံး
• ဆီ  - ၁၀၀ ဂရမ်
• ကြက်သွန်မိတ်
• နှမ်း
• တွဲဖက်စားရန်ဆော့စ်
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)ပိန်းဥကိုအခွံသင်ပြီးခပ်သေးသေးအတုံးစိတ်ထားပါ။ပုဇွန်ခြောက်မှိုခြောက်ရေစိမ်ထားပါပြီးသေးသေးစိတ်ထားပါ။
ကြက်သွန်ပါးပါးစိတ်ထားပါ။
(၂) ဇလုံတစ်ခုတွင် ဆန်မှုန့်ပြောင်းမှုန့်နှင့် Wheat Starch တို့ကိုထည့်ပြီး ရေ၃၅၀ml ထည့်ဖျော်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကအိုးတခုကိုဆီထည့်ပြီးအပူပေးကာကြက်သွန်ကိုရွှေဝါရောင်ရသည်ထိကြော်ပြီးဆယ်ယူဆီစစ်ထားပါ။
(၄)လက်ကျန်ဆီဖြင့်ပုဇွန်ခြောက်ကြော်ပါ။မွေးလာပါကသေးသေးစိတ်ထားသောမှိုခြောက်ကိုထည့်ကြော်ပါ။
(၅)ပြီးလျှင်စိတ်ထားသောပိန်းဥကိုထည့်ကြော်ပါ။ဆားသကြားငရုပ်ကောင်းfiveSpiceနှင့်ကြော်ထားသောကြက်သွန်ကြော်တဝက်တို့ကိုထည့်ပြီးသမအောင်မွေပြီးကြော်ကာဇလုံတခုဖြင့်ဖယ်ထုတ်ထားပါ။
(၆)ပိန်းဥကြော်ထားသောအိုးထဲသို့ပင်ရေ၅၀၀mlထည့်ပြီးတည်ပါ။
(၇)ရေပွက်ပါကအသင့်ဖျော်ထားသောဆန်မှုန့်အရောကိုဖြေးဖြေးဆီထည့်ပြီးအဆက်မပျက်မွေပေးပါ။
(၈)ပျစ်လာပါကဖယ်ထုတ်ထားသောပိန်းဥကြော်ထားသည်တို့ကိုထည့်ပြီးသမအောင်မွေကာအရသာအပေါ့အငံမြည်းပါ။
(၇)မုန့်ဗန်းကိုဆီသုတ်ပြီးမုန့်နှစ်ကိုထည့်ကာမျက်နှာပြင်ညီအောင်လုပ်ပြီးရေနွေးပေါင်းအိုးဖြင့်တစ်နာရီခန့်ပေါင်းပါ။
(၈)ပြီးလျှင်အချွန်တစ်ခုဖြင့်မုန့်သားအလယ်ကိုထိုးကြည့်ပါ။မုန့်နှစ်များမကပ်တော့လျှင်မုန့်သားကျက်ပြီဖြစ်သဖြင့်ထုတ်ယူအအေးခံထားပြီးရရှိလာသောYamCakeကိုလိုသလိုလှီးဖြတ်ပြီးကြက်သွန်မိတ်နှမ်းကြက်သွန်ကြော်ဖြူးပြီးတည်ခင်းနိုင်သလိုအိုးကင်ကပ်မှာအရောင်ရသည်ထိကြော် ပြီးနှစ်သက်ရာဆော့စ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါတယ်။
............
Sofia

23 December 2015

ပူတင်းဂျယ်လီ

Chia Seed Pudding Jelly

ယိုးဒယားအုန်းနို့ငှက်ပျောထုပ်

Thai Banana in Sticky Rice
ကောက်ညင်းငှက်ပျောထုပ်ကိုနေရာဒေသအလိုက်ပုံစံအမျိုးမျိုးလုပ်စားကြတဲ့ထဲကယိုးဒယားကောက်ညင်းထုပ်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။ဘန်ကောက်မှာစားဖူးတဲ့ကောက်ညင်းထုပ်လေးကတော့တခါစားအရွယ်အထုပ်သေးသေးလေးပါ။မိမိနှစ်သက်ရာအရွယ်ထုပ်နိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း (၁၂ထုပ် )
*********
ကောက်ညင်းဆန် - ၃ခွက် ဆန်ချိန်ခွက်
ငှက်ပျောသီး - ၃လုံး
အုန်းနို့ ခရင်မ်- တခွက် ဆန်ချိန်ခွက်
သကြား - ၃ဇွန်း
ဆား -အနည်းငယ်
ငှက်ပျောဖတ် - ထုပ်ရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကောက်ညင်းကိုလေးနာရီခန့်ရေစိမ်ပြီးပေါင်းထားပါ။
(၂)ကောက်ညင်းကျက်ပါကဆားအုန်းနို့သကြားထည့်ပြီးသမအောင်မွေပေးပါ။
(၃)ငှက်ပျောဖတ်ကိုရေဆေးသန့်စင်ပြီးမီးပြပြီးအနေတော်အရွယ်ဖြတ်ထားပါ။ငှက်ပျောသီးကိုလေးစိတ်စိတ်ထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကကောက်ညင်း၃ဇွန်းဖြန့်ထည့်ပါ။အလယ်တွင်ငှက်ပျောသီးတစိတ်ထည့်ပြီးအပေါ်မှကောက်ညင်းပြန်အုပ်ကာလုံအောင်ထုပ်ပါ။
(၅)အားလုံးထုပ်ပြီးပါကနှစ်ထုပ်တွဲကြိုးဖြင့်ချည်ပြီးပေါင်းအိုးတွင်ထည့်ကာမိနစ်၃၀မှ၄၅မိနစ်ထိပေါင်းပါ။လုံအောင်ထုပ်ပြီးရေနွေးအိုးတွင်လည်းထည့်ပြုတ်နိုင်သည်။
(၆)ငှက်ပျောသီးနူးအိပါကအပူဖြစ်စေအအေးဖြစ်စေတည်ခင်းသုံးဆောင်နိုင်ပါပြီ။
.....................
Sofia

မုန့်လုံးကြက်သားစွပ်ပြုတ်

Glutinous Rice Ball in Chicken Soup

ကြက်သားဘာဂါ

Burger
ဘာဂါပြုလုပ်နည်းအမျိုးမျိုးရှိပါတယ်။ပြုလု ပ်တဲ့အမျိုးအစားအလိုက်နာမည်ကွဲခေါ်လေ့ရှိပါတယ်။Chicken Burger,Beef Burger,Cheese Burger, Ham Burger စသဖြင့်အတွင်းမှာထည့်တဲ့ပါဝင်ပစ္စည်းပေါ်မူတည်ပြီးကွဲပြားသွားမှာဖြစ်ပါတယ်။အခြေခံပြုလုပ်နည်းမှာအားလုံးအတူတူ ဘဲဖြစ်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
................
ဘာဂါပေါင်မုန့် - ၅လုံး
ကြက်သား/ငါး/အမဲသားပြား - ၅ချပ်
ချိစ် (chadder)- ၅ချပ် (ချိစ်ဘာဂါအတွက်)
ဟမ်(Ham)-ready made အသားပြား(Ham Burger အတွက်)
ထောပတ် - ၅ဇွန်း စားပွဲဇွန်း
မရောနစ် - ၅ဇွန်း
ကြက်သွန်နီ - တလုံး
ခရမ်းချဉ်သီး - တစ်လုံး
ဆလပ်ရွက် - တစ်ပင်
တွဲဖက်စားရန်အာလူးချောင်းကြော်၊ချီလီဆော့စ်၊ခရမ်းချဉ်သီးဆော့စ်
ကြက်သား/အမဲသားပြားပြုလုပ်နည်း
..............................................
ကြက်သား/အမဲသား -၅၀၀ ဂရမ်
ကြက်သွန်နီ - တစ်လုံး
မုန်လာဥနီ - တစ်ဇွန်း(သေးသေးစိတ်)
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ငရုပ်ကောင်းအဖြူ - တစ်ဇွန်း
ဂျင်းကြက်သွန်ဖြူ -အရည်(အနည်းငယ်)
ကော်မှုန့်/ပြောင်းမှုန့် - တစ်ဇွန်း စားပွဲဇွန်း
(၁)ပန်းကန်တခုတွင်အသားကြိတ်ထားသည်ကိုထည့်ပါ။ကြက်သွန်သေးသေးစိတ်ထည့်ပါ။မုန်လာဥသေးသေးစိတ်ထည့်ပါ။
(၂)ဆားငရုပ်ကောင်းဂျင်းကြက်သွန်ဖြူအရည်ကော်မှုန့်တို့ကိုထည့်ပြီးသမအောင်မွေပေးပြီးအနည်းငယ်ကျစ်အောင်ရိုက်ပေးပြီးရေခဲသေတ္တာတွင်အအေးခံထားပါ။
(၃)အေးပြီးအနည်းငယ်မာလာပါက၅ပုံအညီအမျှခွဲပြီးပုံစံခွက်အဝိုင်းသို့မဟုတ်ဘူးအဖုံးဖြင့်ထည့်ပြီးအဝိုင်းပြားပြုလုပ်ပါ။(ကြာရှည်သိမ်းလိုပါကအ ဝိုင်းပြားများကိုပလပ်စတစ်ဖြင့်သေချာထည့်ပြီးအခဲခန်းတွင်သိမ်းပါ)
(၄)ဘာဂါပြုလုပ်မည့်အချိန်တွင်ဒယ်အိုးအပြန့်တခုတွင်ထောပတ်သို့်မဟုတ်ဆီထည့်ပြီးအနေတော်မီးဖြင့်အသားကျက်ပြီးအရောင်ရသည်ထိနှစ်ဖက်လှန်ပြီးကြော်ထားပါ။
ဘာဂါပြင်ဆင်ပြုလုပ်ပုံ
.............................
(၁)ဘာဂါပေါင်မုန့်ကိုအထပ်အောက်ထပ်ခြမ်းထားပါ။
(၂)ဒယ်အိုးအပြန့်တခုတွင်ထောပတ်တဇွန်းထည့်ပြီးပေါင်မုန့်၏အတွင်းသားကိုအိုးကင်းကပ်အပူပေးပါ။
(၃)ပြီးလျှင်ပေါင်မုန့်၏အတွင်းနှစ်ဖက်ကိုမရောနစ်လူးပါ။ဆလပ်ရွက်၊ကြက်သွန်၊ခရမ်းချဉ်သီးအသာြး ပားသို့မဟုတ်ချိစ်(နှစ်မျိုးစလုံးလည်းထည့်နိုင်)ထည့်ပြီးအပေါ်မှကျန်ပေါင်မုန့်တခြမ်းကိုအုပ်ပေးပါ။
(၄)တွဲဖက်အာလူးချောင်းကြော်ချီလီဆော့စ်ခရမ်းချဉ်သီးဆော့စ်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
............
Sofia
http://sofiafoodparadise.blogspot.com

ပုဇွန်ကော်ပြန့်စိမ်း



Popiah (Fresh Spring Rolls)
ကော်ပြန့်ကြော်ကော်ပြန့်စိမ်းကိုနေရာဒေသအလိုက်ပုံစံအမျိုးမျိုးပြုလုပ်စားသုံးလေ့ရှိပါတယ်။ခုလုပ်ထားတဲ့ပုံစံကတော့စင်္ကာပူမှာpopiahလို့လူသိများတဲ့ကော်ပြန့်စိမ်းဖြစ်ပါတယ်။အချိုအစပ်ပုံစံနှစ်မျိုးရှိပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ကော်ပြန့် ဖက် - ၁၅ရွက်
ဆလပ်ရွက် - နှစ်ပင် ခင်းရန်
စိမ်းစားဥ - တလုံး အကြီး
မုန်လာဥနီ - တစ်တောင့်
ဂေါ်ဖီ - တစ်ထုပ် အသေး
ဘိုစားပဲ သို့ ရွှေပဲ - လက်တစ်ဆုပ်
ပဲပင်ပေါက် - ၁၅၀ဂရမ် တဆယ်သားခန့်
ပဲပြား - နှစ်တုံး
ကြက်သွန်ဖြူ  - ၃မြောင်း
ကြက်သွန်မိတ် - ၅ပင်
ပုဇွန် - ၁၅ကောင်(ဂဏန်းနှစ်သက်ရာ)
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ဆီ - အနည်းငယ်
တွဲဖက်ဆော့စ်
**********
Sweet Sauce
Sambal Sauce
ကြက်သွန်နီကြော်
မြေပဲနှမ်းထောင်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကော်ပြန့်ဖက်ကိုခွာပြီးအဝတ်ရေစိုဖန့်ဖန့်ဖြင့်အုပ်ထားပေးပါ။
(၂)ပုဇွန်ကိုအခွံသင်ပြီးရေဆေးသန့်စင်ကာပြုတ်ထားသို့ကြော်ထားပါ။သတ်သတ်လွတ်လည်းလုပ်နိုင်ပါတယ်။
(၃)အသီးအနှံများဖြစ်သည့်ဂေါ်ဖီ၊ဥနီ၊ပဲသီးစိမ်းစားဥတို့ကိုရေဆေးသန့်စင်ပြီးသေးသေးစိတ်ထားပါ။ပဲပြားကိုသေးသေးစိတ်ပြီးကြော်ထားပါ။
(၄)အိုးတခုတွင်ဆီထည့်ပြီးကြက်သွန်ဖြူသေးသေးစိတ်ကာဆီသပ်ပါ။လှီးဖြတ်ထားသောသီးနှံများကိုထည့်ပြီးမီးပြင်းဖြင့်ကြော်ပါ။
(၅)ဆားဟင်းခပ်မှုန့်ထည့်ပြီးမွေပေးကာအရသာအပေါ့အငံမြည်းပြီးထွက်လာသောရေများကိုစစ်ထားပါ။
(၆)ရေစစ်သွားပါကကြက်သွန်မိတ်ပဲပြားကြော်တို့ကိုသေးသေးလှီးပြီးသမအောင်မွေပေးကာကော်ပြန့်ထုပ်ရန်အသင့်ဖြစ်ပါပြီ။
(၇)အားလုံးအသင့်ဖြစ်ပါကကော်ပြန့်ဖက်ကိုခင်းပါ။နှစ်သက်ရာဆော့ကိုအလယ်တွင်လူးပါ။ဆလပ်ရွက်ခင်းပြီးကြော်ထားသောသီးနှံစုံ၊ပုဇွန်တို့ကိုအပေါ်မှတင်ပြီးမိမိနှင့်နီးရာဘက်မှစတင်လိတ်ပေးပါ။(၈)ပြီးလျှင်လိုသလိုလှီးဖြတ်ပြီးပန်းကန်တွင်ထည့်ကာအပေါ်မှနှစ်သက်ရာဆော့စ်မြေပဲနှမ်းထောင်းကြက်သွန်ကြော်ဖြူးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။ကြက်ဥထည့်လိုပါကကြက်ဥကိုအချပ်လိုက်ကြော်ပြီးအမျှင်စိတ်ကာထည့်နိုင်ပါတယ်။
................
Sofia

ကန်ဇွန်းဥကြော်

Crispy Sweet Potato

မန်ထို

 Chinese Steamed Buns(Mantou)
မန်ထိုလို့ခေါ်ပြီးဟင်းအနှစ်နဲ့စားတဲ့ပေါက်စီအလွတ်တမျိုးပါ။

ဖက်ထုပ်ရွက်

 Wonton leaf
ဖက်ထုပ်ကြော်ဖက်ထုပ်ပြုတ်ဆိုတာအားလုံးနဲ့ရင်းနှီးပြီးသားအစားအစာတခုပါ။ဖက်ထုပ်ကြော်ဖက်ထုပ်ပေါင်းကိုDimsum တွေမှာလည်းထည့်ပေးလေ့ရှိပါတယ်။အဓိကတချို့ဒေသတွေမှာဖက်ထုပ်ဖက်ဝယ်မရလို့လုပ်နည်းမေးထားသူများအတွက်ရည်ရွယ်ပြီးအားလပ်ရက်မှာမိသားစုတူတူလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ဖက်ထုပ်ဖက်ပြုလုပ်ရန်ပါဝင်ပစ္စည်း
************************
(အချပ် -၄၀)
ဂျုံမှုန့် - ၂၀၀ဂရမ်
ဆား - အနည်းငယ်
ရေ - ၁၁၀ml
ကော်မှုန့် - ၃ဇွန်း (လက်ကိုင်လူးရန်)
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွေပါ။ရေကိုနည်းနည်းဆီထည့်မွေပါ။
(၂)လုံးလာပါကလက်ဖြင့်ဆယ်မိနစ်ခန့်ချောမွတ်လာသည်ထိနယ်ပေးကာပလပ်စတစ်ဖြင့်တနာရီခန့်အုပ်ပြီးနှပ်ထားပါ။
(၃)နှပ်ပြီးပါကဂျုံလုံးကိုလေးပုံအညီအမျှခွဲကာဖုံးအုပ်ထားပါ။
(၄)တပုံကိုခပ်ရှည်ရှည်လိမ့်ပြီးဆယ်ပိုင်းညီတူမျှတူပိုင်းဖြတ်ပါ။
(၅)တစ်ပိုင်းဆီကိုကော်မှုန့်ဖြူးပြီးပြန့်နေအောင်လိုချင်သောအနေထားထိဖြန့်ပြီးအဝိုင်းပြုလုပ်လိုပါကပုံစံခွက်ဖြင့်ဖြတ်ယူပါ။
(၆)ပြီးလျှင်ကော်မှုန့်ဖြူးပြီးအားလုံးကိုထပ်ထားကာလေလုံအောင်ဖုံးထားပြီးဖက်ထုပ်ပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။လေးထောင့်ပြုလုပ်လိုပါကအဝိုင်းကြီးဖြန့်ကာကော်မှုန့်ဖြူးပြီးခေါက်ပေးကာအထပ်လိုက်ဓားဖြင့်လှီးဖြတ်နိုင်ပါတယ်။
**ဤအချိုးဖြင့်ပင်အိမ်လုပ်ဂျုံခေါက်ဆွဲပြုလုပ်နိုင်ပါတယ်။
ပြုလုပ်ပြီးသောဖက်ထုပ်ရွက်ကိုလေလုံအောင်ထုပ်ပြီးရေခဲသေတ္တာတွင်၃ရက်ခန့်သိမ်းဆည်းထားနိုင်ပြီးမိမိမိစားလိုသောအချိန်တွင်အစာသွပ်ကာလိုချင်သောပုံစံထုပ်ပေးပါပြီးဆီပူတွင်ချကြော်ခြင်းအိုးကင်းကပ်ကြော်ခြင်းပြုတ်ခြင်းတို့ကိုနှစ်သက်သလိုပြင်ဆင်ပြီးအချဉ်ရည်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
.....................
Sofia

ဖက်ထုပ်ကြော်

Chinese Dumpling
ဖက်ထုပ်ကြော်ဖက်ထုပ်ပြုတ်ဆိုတာအားလုံးနဲ့ရင်းနှီးပြီးသားအစားအစာတခုပါ။Dimsumတွေမှာလည်းထည့်ပေးလေ့ရှိပါတယ်။အဓိကတချို့ဒေသတွေမှာဖက်ထုပ်ဖက်ဝယ်မရလို့လုပ်နည်းမေးထားသူများအတွက်ရည်ရွယ်ပြီးအားလပ်ရက်မှာမိသားစုတူတူလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ဖက်ထုပ်ဖက်ပြုလုပ်ရန်ပါဝင်ပစ္စည်း
************************
(အချပ် -၄၀)
ဂျုံမှုန့် - ၂၀၀ဂရမ်
ဆား - အနည်းငယ်
ရေ - ၁၁၀ml
ကော်မှုန့် - ၃ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွေပါ။ရေကိုနည်းနည်းဆီထည့်မွေပါ။
(၂)လုံးလာပါကလက်ဖြင့်ဆယ်မိနစ်ခန့်ချောမွတ်လာသည်ထိနယ်ပေးကာပလပ်စတစ်ဖြင့်တနာရီခန့်အုပ်ပြီးနှပ်ထားပါ။
(၃)နှပ်ပြီးပါကဂျုံလုံးကိုလေးပုံအညီအမျှခွဲကာဖုံးအုပ်ထားပါ။
(၄)တပုံကိုခပ်ရှည်ရှည်လိမ့်ပြီးဆယ်ပိုင်းညီတူမျှတူပိုင်းဖြတ်ပါ။
(၅)တစ်ပိုင်းဆီကိုကော်မှုန့်ဖြူးပြီးပြန့်နေအောင်လိုချင်သောအနေထားထိဖြန့်ပြီးအဝိုင်းပြုလုပ်လိုပါကပုံစံခွက်ဖြင့်ဖြတ်ယူပါ။
(၆)ပြီးလျှင်ကော်မှုန့်ဖြူးပြီးအားလုံးကိုထပ်ထားကာလေလုံအောင်ဖုံးထားပြီးဖက်ထုပ်ပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။လေးထောင့်ပြုလုပ်လိုပါကအဝိုင်းကြီးဖြန့်ကာကော်မှုန့်ဖြူးပြီးခေါက်ပေးကာအထပ်လိုက်ဓားဖြင့်လှီးဖြတ်နိုင်ပါတယ်။
**ဤအချိုးဖြင့်ပင်အိမ်လုပ်ဂျုံခေါက်ဆွဲပြုလုပ်နိုင်ပါတယ်။
ဖက်ထုပ်အစာပြုလုပ်ရန်
*****************
ကြက်သား -၃၀၀ဂရမ်
ပုဇွန် -၁၀၀ဂရမ်
မြေဇာဥ - ၃လုံး
မုန်လာဥနီ -အနည်းငယ်
ကြက်သွန်မိတ် - ၃ပင်
သို့ (ကျိုချိုက်)
ဆား - လ္ဘက်ဇွန်းတဝက်
ဟင်းခပ်မှုန့် -တစ်ဇွန်း စားပွဲဇွန်း
ခရုဆီ -နှစ်ဇွန်း
နှမ်းဆီမွေး - တစ်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
ကော်မှုန့် /ပြောင်းဖူးမှုန့် - တစ်ဇွန်း
ကြက်ဥ - ၃ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ပန်းကန်တခုတွင်ကြက်သားပုဇွန်တို့ကိုသေးသေးစိတ်ထည့်ပါ။မြေဇာဥမုန်လာဥကြက်သွန်မိတ်တို့ကိုသေးသေးစိတ်ထည့်ပါ။
(၂)ပါဝင်သောဟင်းစပ်ပစ္စည်းများအားလုံးထည့်ပြီးသမအောင်မွေပေးပါ။
(၃)အားလုံးအသင့်ဖြစ်ပါကပြုလုပ်ထားသောဖက်ပေါ်တွင်အစာတစ်ဇွန်းဆီထည့်ပြီးအနားသားများရေစွတ်ကာလိုချင်သောပုံစံထုပ်ပေးပါပြီးဆီပူတွင်ချကြော်ခြင်းအိုးကင်းကပ်ကြော်ခြင်းပြုတ်ခြင်းတို့ကိုနှစ်သက်သလိုပြင်ဆင်ပြီးအချဉ်ရည်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
.....................
Sofia

ငှက်ပျောထုပ်


Banana in Sticky Rice
ကောက်ညင်းငှက်ပျောထုပ်ကိုနေရာဒေသအလိုက်ပုံစံအမျိုးမျိုးလုပ်စားကြတဲ့ထဲကမြန်မာကောက်ညင်းထုပ်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။ မိမိနှစ်သက်ရာအရွယ်ထုပ်နိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း (၈ထုပ် )
*********
ကောက်ညင်းဆန် - ၄ခွက် ဆန်ချိန်ခွက်
ရခိုင်ငှက်ပျောသီး - ၈လုံး
ငှက်ပျောဖတ် - ထုပ်ရန်
သကြား -ဖြူးစားရန်
အုန်းသီးဆံ
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကောက်ညင်းကိုလေးနာရီခန့်ရေစိမ်ပြီးရေစစ်ထားပါ။
(၂)ငှက်ပျောဖတ်ကိုရေဆေးသန့်စင်ပြီးမီးပြပြီးအနေတော်အရွယ်ဖြတ်ဆီလူးထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကကောက်ညင်း၃ဇွန်းဖြန့်ထည့်ပါ။အလယ်တွင်ငှက်ပျောသီးတစ်လုံးထည့်ပြီးအပေါ်မှကောက်ညင်းပြန်အုပ်ကာလုံအောင်ထုပ်ပါ။
(၅)အားလုံးထုပ်ပြီးပါကနှစ်ထုပ်တွဲကြိုးဖြင့်ချည်ပြီးပေါင်းအိုးတွင်ထည့်ကာတစ်နာရီပြုတ်ပါ။
(၆)ကောက်ညင်းကျက်ပြီးငှက်ပျောသီးနူးအိပါကဆယ်ယူအအေးခံကာအုန်းသီးသကြားဖြူးပြီးသုံးဆောင်နိုင်ပါပြီ။
.....................
Sofia

ပေါက်စီ


Chinese Steamed Buns
ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံးအကုန်အရေးကြီးပါတယ်။တချို့မုန့်လုပ်နည်းများလိုပါဝင်ပစ္စည်းအချိုးအစားမှန်ရုံနဲ့ပေါက်စီလှလှကောင်းကောင်းမထွက်လာနိုင်တဲ့မုန့်တခုလည်းဖြစ်ပါတယ်။ပြုလုပ်နည်းအဆင့်ဆင့်ကိုအရှင်းဆုံးရေးပေးထားတဲ့အတွက်တဆင့်ချင်းကိုသေချာဖတ်ပြီးလိုက်လုပ်မယ်ဆိုရင်အဆင်ပြေနိုင်ဖို့မျော်လင့်ပါတယ်။
❀❀ဝါသနာရှင်များမေးထားတဲ့မေးခွန်းများအားလုံးကိုခြုံပြီးအတွေ့အကြုံများစွာကိုအခြေခံလို့အရေးကြီးလိုအပ်တဲ့သတိပြုရမဲ့အချက်တွေထပ်မံဖြည့်စွက်ပေးထားပါတယ်။အောင်မြင်ကြပါစေ....
ဂျုံသားအတွက်ပါဝင်ပစ္စည်း (၁၂လုံး)
******************
ဂျုံ - ၅၀၀ ဂရမ် (All Purpose Flour)
Yeast ပွဆေး - ၁/၃ စားပွဲဇွန်း
သကြား - ၅၀ဂရမ်
ဆား - ၃ဂရမ် အနည်းငယ်
ဆီ - ၅၀ ဂရမ်
ကြက်ဥ - တလုံး
ရေ - ၂၀၀ ml
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဂျုံကိုဇလုံတခုတွင်ထည့်ပြီးပါဝင်ပစ္စည်းအားလုံးထည့်ပြီးဂျုံသားချောမွေ့လာသည်ထိနှယ်ပါ။
❀❀ရေကိုအကုန်မထည့်ဘဲဖြည်းဖြည်းဆီထည့်နယ်ပါ၊ဂျုံအမျိုးအစားပေါ်မူတည်ပြီးအပျော့အမာကွဲနိုင်ပါတယ်။
❀❀မုန့်သားဖြူရန်ဂျုံနယ်သားကျရန်အရေးကြီးပါတယ်။လက်ဖြင့်နယ်လျှင်မိနစ်၂၀နှင့်စက်ဖြင့်၁၂မိနစ်။
(၂)ဂျုံသားညက်ပါကညီတူညီမျှ၁၂လုံးလုံးပြီးအစာသွပ်ရန်၅မိနစ်ခန့်နှပ်ထားပါ။
(၃)မိမိနှစ်သက်ရာအစာကိုအဆင်သင့်လုပ်ထားပါ။
❀❀ ပဲယို၊အုန်းသီး၊အသားတို့ကိုပူနွေးမနေစေရန်ဂရုပြုပါ။
(၄)ဂျုံသားနှပ်ပါကလိမ့်တုန်းဖြင့်ပြားပြီးအစာသွပ်ပါ ။
❀❀  လိမ့်တုံးဖြင့်ဖြန့်၍ရလျှင်ဂျုံနှပ်ပါပြီ။
(၅)အစာသွပ်ပြီးသားပေါက်စီကိုမိမိပေါင်းမည့်ဘမ်းတွင်တခါတည်းစက္ကူခံပြီးတင်ပါ။❀❀ အစာသွပ်ပြီးအပွခံထားစဉ်မုန့်ကိုမထိရမကိုင်ရဘမ်းပြောင်းရွေ့ခြင်းမပြုရ။
(၆)အားလုံးအစာသွပ်ပြီးပါကလေလုံအောင်ဖုံးအုပ်ပြီးပူနွေးသောနေရာတွင်အပွခံထားပါ။
❀❀ အပွခံထားစဉ်လေလုံရပါ့မယ်လေသလပ်မိပါကမုန့်သားခြောက်ပြီးလိုသလောက်မပွနိုင်ပါ
❀❀ရာသီဥတုပေါ်မူတည်ပြီးအပွခံချိန်ကြာမြင့်နိုင်ချိန်မှာအပူဆုံးရာသီတွင်၄၅မိနစ်စောင့်ရပြီးအေးလျှင်၃နာရီနှင့်အထက်ကြာတတ်သည်။ (၇)အပွအနေထားရခါနီးလျှင်ပေါင်းမည့်အိုးကိုရေအစဉ်သင့်တည်ထားပါ။
❀❀ ပွပြီဆိုသည်နှင့်တပြိုင်တည်းပေါင်းနိုင်ရန်အပွမလွန်စေရန်အပွလွန်မှပေါင်းပါကမုန့်သားကြမ်းခြင်းအပွပြန်ကျပြီးမုန့်ပြားချပ်သွားခြင်းဖြစ်နိုင်ပါတယ်။
(၈)အပွခံထားသောမုန့်လိုအပ်သောအပွအနေထားသို့ရောက်ပါကဆူပွက်နေသာရေပေါင်းခံအိုးသို့တင်ပြီးအဖုံးလုံလုံဖြင့်ဆယ်မိနစ်ခန့်ပေါင်းလျှင်မုန့်သားကျက်ပြီးပေါင်းမှချကာသုံးဆောင်နိုင်ပါပြီ။
❀❀အပွခံထားသောပေါက်စီဘမ်းကိုပေါင်းအိုးပေါ်တင်စဉ်တိုက်မိပြုမိခြင်းမရှိအောင်ဂရုပြုပါတိုက်မိပါကအပွသေပြီးကျောက်ပေါက်ရာများပေါ်လာမည်။
❀❀ပေါင်းသည့်မီးအရှိန်မှာအမြင့်ဆုံးဖြစ်ရမည်။
❀❀ ပေါင်းထားစဉ်တွင်ဆယ်မိနစ်မပြည့်မချင်းဖွင့်မကြည့်ရဖွင့်ကြည့်မိပါကမုန့်သားမကျက်နိုင်တော့ပါ။
❀❀ပေါင်းသည့်အိုးရေနွေးငွေ့လုံသောအိုးဖြစ်ရမည်။
❀❀မလုံသောအိုးဖြစ်ပါကရေငွေ့အားမပြင်းသဖြင့်မုန့်သားမကျက်နိုင်။ရေနွေးငွေ့မလုံသည့်နေရာကိုအဝတ်ရေစိုဖြင့်ပတ်ထားပေးပါ။
ပဲယိုပြုလုပ်နည်း
*********
ပဲလွန်း - ၂၅ကျပ်သား
ထန်းလျက် ၂၅ကျပ်သား
ဆီ - ၁၅ ကျပ်သား
ဆား - အနည်းငယ်
(၁)ပဲလွန်းကိုရေတညစိမ်ပြီးဆော်ဒါလ္ဘက်ဇွန်းတစ်ဇွန်းထည့်ပြီးပြုတ်ပါ။
(၂)ပဲနူးပါကရေစစ်ထားပြီးကြိတ်စက်ဖြင့်ကြေအောင်ကြိတ်ပါ။
(၃)ထန်းလျက်ကိုရေအနည်းငယ်ဖြင့်ကျိုပြီးအမှိုက်များစစ်ထုတ်ပါ။ပြီးလျှင်ညောင်စေးကျအောင်ပြန်ကျိုထားပါ။
(၄)ပဲယိုထိုးမည့်ဒယ်အိုးတွင်ဆီထည့်ပြီးထန်းလျက်ထည့်ကြော်ပါ။
(၅)မွှေးပြီးထန်းလျက်ပွလာပါကပဲကြိတ်ထားသည်ကိုထည့်ပါ။ဆားအနည်းငယ်ထည့်ပြီးရေခမ်းဆီပြန်လာသည်ထိမွေပေးပါ။
ပဲတွင်ရေကျန်ပါကထန်းလျက်တွင်ရေကျန်ပါကကျိုနေစဉ်တွင်အပူများစင်တတ်ပါတယ်။
(၆)အထားခံရန်ဆီပြန်ပြီးလုံးလာသည်ထိကျိုပေးပါ။ပြီးလျှင်အအေးခံထားကာလိုသလိုအသုံးပြုနိုင်ပါပြီ။
ကြက်သားအစာသွပ်ရန်အတွက်
*********************
(၁)ကြက်သွန်နီအတုံးသေးသေးစိတ်ပြီးကြော်ပါ။
(၂)ကြက်သားစင်းကောထည့်ပါ။
(၃)ဆားဟင်းခတ်မှုန့်ရှောက်ကောထည့်ပါ
(၄)ကျိုချိုက် ထည့်ပါ။ နှစ်သက်ပါကပဲပင်ပေါက်ထည့်ပါ။
(၅)အရသာမြည်းကာဆယ်ယူဆီစစ်ထားပါ
(၆)အစာသွပ်မည့်အချိန်တွင်ကြက်ဥအစိမ်းတလုံးထည့်ကာမွေပေးပါ။
........
Sofia

အမဲသားသနပ်

Beef Pickle
သနပ်လုပ်နည်းများစွာရှိတဲ့ထဲကသရက်သီးသံပုရာသီးကတော့လူသိများပြီးအခြားအသားအစုံကိုလည်းအချိုအစပ်ချဉ်ငံအရသာအမျိုးမျိုးပြုလုပ်လေ့ရှိပါတယ်။အခုလုပ်ထားတာလေးကတော့အမဲသားသနပ်ဖြစ်ပါတယ်။မိမိနှစ်သက်ရာဆိတ်သားငါးခြောက်ငါးပုဇွန်တို့ဖြင့်လည်းအစားထိုးပြုလုပ်နိုင်ပါတယ်။ပြုလုပ်ရလွယ်ကူပြီးအထားခံကာထမင်းမြိန်စေမဲ့အမဲသားသနပ်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
အမဲသား - ၅၀ကျပ်သား
ဆား - ၂ဇွန်း စားပွဲဇွန်း
ဟင်းခပ်မှုန့် -အနည်းငယ်
ဂျင်းကြက်သွန်ဖြူထောင်း -တစ်ဇွန်း
သကြား - ၅ဇွန်း
ရှာလကာရည် - ၂၀၀ ml
ဆီသပ်ရွက် - တစ်ခက် ပျဉ်တော်သိမ်း
အရောင်တင်ငရုပ်သီးမှုန့် - ၃ဇွန်း
ဆီ - ၁၆၀ ဂရမ် (တစ်ဆယ်သား)
အသားမဆလာ (meat curry powder )
40gm သို့မဟုတ် မဆလာ - ၃ဇွန်း
ကြက်သွန်ဖြူ -လက်တစ်ဆုပ်
ငရုပ်သီးစိမ်း - အနည်းငယ်
မုန်ညင်းစေ့-တစ်ဇွန်း (နှစ်သက်က)
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)အမဲသားကိုရေဆေးသန့်စင်ပြီးတလက်မခွဲခန့်အရွယ်လှီးထားပါ။
(၂)အသားကိုရေဆေးသန့်စင်ပြီးဆားတဇွန်းဟင်းခပ်မှုန့်ဂျင်းကြက်သွန်ဖြူဖြင့်နယ်ပြီးနူးအိအောင်ပြုတ်ထားပါ။
(၃)နူးအိပါကဆီပူပူတွင်အတွင်းသားခြောက်ပြီအနည်းငယ်ကြွပ်သည်ထိကြော်ကာဆယ်ယူဆီစစ်ထားပါ။
(၄)ကြက်သွန်ဖြူငရုပ်စိမ်းအသင့်ပြုလုပ်ပါ။
(၅)အိုးတခုတွင်ဆီပူအောင်တည်ပြီးဆီသပ်ရွက်အရောင်တင်မုန်ညင်းစေ့မဆလာဆီသပ်ပါ။သကြားဆားရှလကာရည်ထည့်ပြီးပျော်အောင်မွေပေးပါ။ဆူပွက်ပါကမီးပိတ်ပြီးကြက်သွန်ဖြူငရုပ်သီးစိမ်းထည့်ပါ။
(၆)အသင့်ကြော်ထားသောအသားကြော်ထည့်ပြီးသမအောင်မွေပြီးအရသာအပေါ့အငံမြည်းပါ။ချိုချဉ်စပ်အရသာရပါကအအေးခံထားပါ။
(၇)လုံးဝအေးသွားသောအခါပုလင်းသန့်သန့်ကိုရေခြောက်အောင်သုတ်ပြီးထည့်ပါ။မျက်နှာပြင်ကိုဆီဖုံးအောင်ထည့်ပြီးပုလင်းကိုလေလုံအောင်ပိတ်ပြီးနှပ်ထားပါ။
(၈)တစ်ပတ်ခန့်နှပ်ပြီးပါကရေခဲသေတ္တာတွင်ထည့်ပြီးသိမ်းဆည်းကာလိုသလောက်ထုတ်ယူသုံးဆောင်နိုင်ပါပြီ။ပြုလုပ်ပြီးချက်ချင်းလည်းသုံးဆောင်နိုင်ပါတယ်။
.....................
Sofia

ပြောင်းဖူးဆနွင်းမကင်း


ပြောင်းဖူးနှစ်သက်သူများအတွက်အကြိုက်တွေ့စေမဲ့ပြောင်းဖူးဆနွင်းမကင်းလေးဖြစ်ပါတယ်။အရသာချိုစိမ့်မွေးလှတဲ့ဒီမုန့်လုပ်နည်းလေးကသူငယ်ချင်းလင်းသော်တာရဲ့လုပ်နည်းလေးကိုအခြေခံပြီးအနည်းငယ်ပြင်၍ပြုလုပ်ထားခြင်းဖြစ်၍သူငယ်ချင်းကိုလည်းကျေးဇူးတင်ကြောင်းပြောပါရစေရှင်။အလှူမင်္ဂလာပွဲများတွင်ထူးခြားတဲ့ပြောင်းဖူးဆနွင်းမကင်းလေးနဲ့တည်ခင်းနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ထိုင်ဝမ်ပြောင်းဖူး - လေးဖူး
သကြား - ၃၀၀ ဂရမ်
ရွှေကြည် - ၃၆၀ ဂရမ်
ဆား - နှစ်ဇွန်း လ္ဘက်ဇွန်း
အုန်းနို့ - ၄၀၀ ml
နွားနို့ - ၅၀၀ ml
ကြက်ဥ - ၄လုံး
ထောပတ် - ၁၅၀ ဂရမ်
ဆီ - ၅၀ဂရမ်
ဘိန်းစေ့ - နှစ်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ပြောင်းဖူးကိုအစေ့ခြွေပြီးအုန်းနို့နှင့်နွားနို့ထည့်ပြီ့းစက်ဖြင့်ကြိတ်ပါ ။(၂)ပြီးလျှင်ပါဝင်ပစ္စည်းများအားလုံးထောပတ်မှအပထည့်ပြီးမွေပေးပါ။(၃)အိုးတခုကိုအပူပေးပြီးထောပတ်ထည့်ကာပြောင်းဖူးအရောကိုထည့်ကျိုပေးပါ။(၄)တဖြေးဖြေးပျစ်ပြီးလုံးလာပါကဆီသုပ်ထားသောဘမ်းတွင်ထည့်ပြီးမျက်နှာပြင်ညီအောင်ညှိကာအပေါ်မှဘိန်းစေ့ဖြူးပြီးovenတွင်အပေါ်မီး၂၀၀ဒီဂရီအောက်မီးအနည်းငယ်ဖြင့်မိနစ်၃၀ခန့်ဖုတ်ကာအအေးခံပြီးလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။

........
Sofia

19 December 2015

ဖာလူဒါ

Falooda

ငယ်စဉ်အခါကလေးဘဝကတည်းကအအေးဆိုင်ထိုင်ရင်အရင်ဦးဆုံးဖာလူဒါလို့မှာစားခဲ့တာလေးအမှတ်ရမိပါတယ်။ဆိုဖီယာအချိုတွေသိပ်မကြိုက်တတ်ပေမဲ့ဖာလူဒါကိုတော့အရမ်းကြိုက်ပါတယ်။အဝေးရောက်နေတော့ဖာလူဒါစားချင်ရင်မြန်မာပြည်ပြန်မှစားဖြစ်ခဲ့တာ။အမှန်တော့ပါဝင်ပစ္စည်းတွေကလည်းဝယ်ယူရလွယ်ကူပြီးသူငယ်ချင်းအပေါင်းအဖော်နဲ့စုဝေးလုပ်စားကြမယ်ဆိုရင်အင်မတန်လွယ်ကူတဲ့အချိုပွဲလေးလည်းဖြစ်လို့ဆိုဖီယာလုပ်ထားတဲ့နည်းလေးမျှဝေပေးလိုက်ပါတယ်။ဆိုဖီယာစားရင်တော့ဂျုံပူတင်းကိုများများထည့်စားရတာပိုနှစ်သက်ပါတယ်☺
ပါဝင်ပစ္စည်း (၅ခွက်စာ)
*********
ကျောက်ကျောအနီ - တစ်ပန်းကန်
ကျောက်ကျောအစိမ်း- တစ်ပန်းကန်
(အလွယ်တကူဂျယ်လီဘူးများကိုလည်းအစားထိုးနိုင်ပါတယ်)
ပင်ပွား - ၃ဇွန်း စားပွဲဇွန်း
သာကူစေ့ - ၁၀၀ ဂရမ်
ဂျုံပူတင်း - ၅တုံး
ရေခဲမုန့် - ငါးလုံး
နွားနို့ - တစ်ဘူး (Full cream Milk တလီတာ)
RoseSyrupနှင်းဆီအနံ့နီရောင်အချိုရည်အပျစ်
❀❀သာကူစေ့ကိုအဆံပျောက်အောင်ပြုတ်ပြီးရေဆေးရေစိမ်ထားပါ။
❀❀ ကျောက်ကျော၁၀ဂရမ်တထုပ်ကိုေ ရာင်နှစ်မျိုးခွဲပြီးကျိုထားပါ။အချိုမပါဘဲလည်းပြုလုပ်နိုင်သလိုဂျယ်လီဘူးသေးလေးများဖြင့်လည်းအစားထိုးနိုင်ပါတယ်။ခဲသွားသောကျောက်ကျောကိုအမျှင်သို့မဟုတ်လေးထောင့်တုံးလေးများတုံးထားပါ။
❀❀ပင်ပွားကိုပန်းကန်လုံးတခုတွင်ထည့်ပြီး၁၅မိနစ်ခန့်ရေစိမ်ထားပါ။
❀❀ ရေခဲသီးသန့်မထည့်လိုပါကပါဝင်ပစ္စည်းအားလုံးကိုအေးနေအောင်ရေခဲစိမ်ခြင်းသို့မဟုတ်အအေးခန်းတွင်ထားခြင်းများပြုလုပ်ထားပါ။
❀❀ ဂျုံပူတင်းပြုလုပ်ရန်
ကြက်ဥ - ၆လုံး
နွားနို့ - ၆၅၀ ml
နို့ဆီ - တစ်ဘူး
ဗနီလာ အနံ့ - လ္ဘက်ဇွန်း တစ်ဇွန်း
ဂျုံ - ၅၀ ဂရမ် (၄ဇွန်း စားပွဲဇွန်း)
ပြုလုပ်နည်း
*******
(၁)ovenကိုအပူချိန်၂၀၀ဒီဂရီအပူပေးထားပါ။မုန့်ဖုတ်မည့်ဘမ်းကိုထောပတ်လူးထားပါ။
(၂)ကြက်ဥ၊နို့ဆီ၊နွားနို့ဗီနီလာဂျုံတို့ကို ကြိတ်စက်တွင်ထည့်ပြီးကျေညက်အောင်ကြိတ်ပါ။
(၃)ကျေညက်ပါကအိုးတခုထည်းသို့ဇကာဖြင့်စစ်ချပြီးထည့်ပါ။
(၄)ပြီးလျှင်မီးဖိုပေါ်တွင်မီးအနေတော်ဖြင့်တည်ပြီးမွေတံဖြင့်အဆက်မပျက်မွေပေးပါ။အခဲများမဖြစ်စေရန်မွေပါ။
(၅)ပူတင်းအနှစ်များစတင်ပျစ်လာပါကထောပတ်လူးထားသောဘမ်းတွင်လောင်းထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ပြီးovenတွင်မိနစ်၃၀ခန့်မျက်နှာပြင်အရောင်ရသည်ထိဖုတ်ပေးပါ။
(၆)အလယ်မုန့်သားကျက်မကျက်အချွန်တခုဖြင့်ထိုးကြည့်ပါ။ကြက်ဥနှစ်များကပ်ပါမလာတော့ပါကပူတင်းသားကျက်ပါပြီ။
(၈)ပူတင်းသားကျက်ပါကရေခဲသေတ္တာတွင်လုံးဝအေးသွားသည်ထိအအေးခံပြီးလိုသလိုလှီးဖြတ်ထားပါ။
ဖာလူဒါပြင်ဆင်ပြုလုပ်ပုံ
*****************
(၁)ဦးစွာခွက်ထဲသို့နှင်းဆီအနံ့အနီရောင်အချိုရည်အပျစ်၃ဇွန်းခန့်ထည့်ပါ။အချိုကဲလိုပါကပိုထည့်ပေးပါ။
(၂)သာကူစေ့ပင်ပွားကျောက်ကျောဂျယ်လီအစိမ်းအနီတို့ကိုထည့်ပါ။ပူတင်းတစ်တုံးထည့်ပါ။
(၃)ပြီးလျှင်နွားနို့ကိုခွက်အပေါ်လက်နှစ်လုံးခန့်အလိုထိထည့်ပါ။
(၄)နောက်ဆုံးတွင်အပေါ်မှရေခဲမုန့်တလုံးထည့်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
..........
Sofia

ကြက်ဥပူတင်း

Pudding with Gelato
ဂျုံပူတင်းကိုသူ့ကြည့်ဘဲအချိုပွဲအဖြစ်တည်ခင်းနိုင်သလိုဖာလူဒါနဲ့တွဲဖက်စားဖို့လည်းပြုလုပ်နိုင်ပါတယ်။အာဟာရလည်းဖြစ်ပြီးကလေးလူကြီးအားလုံးနှစ်သက်ကြမယ်ထင်ပါတယ်။ဆိုဖီယာတော့ရိုးရိုးကြက်ဥပူတင်းထက်ဂျုံပူတင်းကိုပိုနှစ်သက်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ကြက်ဥ - ၆လုံး
နွားနို့ - ၆၅၀ ml
နို့ဆီ - တစ်ဘူး
ဗနီလာ အနံ့ - လ္ဘက်ဇွန်း တစ်ဇွန်း
ဂျုံ - ၅၀ဂရမ် (၄ဇွန်း စားပွဲဇွန်း)
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ovenကိုအပူချိန်၂၀၀ဒီဂရီအပူပေးထားပါ။မုန့်ဖုတ်မည့်ဘမ်းကိုထောပတ်လူးထားပါ။
(၂)ကြက်ဥ၊နို့ဆီ၊နွားနို့၊ဗီနီလာဂျုံတို့ကိုကြိ တ်စက်တွင်ထည့်ပြီးကျေညက်အောင်ကြိတ်ပါ။
(၃)ကျေညက်ပါကအိုးတခုထည်းသို့ဇကာဖြင့်စစ်ချပြီးထည့်ပါ။
(၄)ပြီးလျှင်မီးဖိုပေါ်တွင်မီးအနေတော်ဖြင့်တည်ပြီးမွေတံဖြင့်အဆက်မပျက်မွေပေးပါ။အခဲများမဖြစ်စေရန်မွေပါ။
(၅)ပူတင်းအနှစ်များစတင်ပျစ်လာပါကထောပတ်လူးထားသောဘမ်းတွင်လောင်းထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ပြီးovenတွင်မိနစ်၃၀ခန့်မျက်နှာပြင်အရောင်ရသည်ထိဖုတ်ပေးပါ။
(၆)အလယ်မုန့်သားကျက်မကျက်အချွန်တခုဖြင့်ထိုးကြည့်ပါ။ကြက်ဥနှစ်များကပ်ပါမလာတော့ပါကပူတင်းသားကျက်ပါပြီ။
(၈)ပူတင်းသားကျက်ပါကရေခဲသေတ္တာတွင်လုံးဝအေးသွားသည်ထိအအေးခံပြီးလိုသလိုလှီးဖြတ်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
................
Sofia

ငှက်​​ပျောဆနွင်းမကင်း


မြန်မာ့အစားစာအချိုပွဲတွေထဲကတခုဖြစ်တဲ့ငှက်ပျောသီးဆနွင်းကင်းကိုမွေးနေ့ပွဲအလှူပွဲတွေမှာတည်ခင်းလေ့ရှိတာမို့အတော်များများနှစ်သက်ကြမယ်ထင်ပါတယ်။ဆိုဖီယာတော့မြန်မာပြည်ပြန်တိုင်းသတိတရအမြဲဝယ်စားဖြစ်တဲ့မုန့်လေးလည်းဖြစ်ပါတယ်။တယောက်နဲ့တယောက်လုပ်နည်းကွဲပြားကြတာမို့ဆိုဖီယာရဲ့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ရခိုင်ငှက်ပျောသီး - အလုံး၂၀
ဂျုံမှုန့် - ၁၀၀ဂရမ်
ရွှေကြည်မှုန့် အနု - ၁၀၀ဂရမ်
ကြက်ဥ - ၃လုံး
သကြား - ၁၂၀ဂရမ်
ထောပတ်/ဆီ -၁၀၀ဂရမ်
သစ်သီးခြောက်အရော - ၁၀၀ ဂရမ် (စပျစ်ခြောက်)
အုန်းနို့ခရင်မ် - ၃၀၀ ml
အုန်းသီးမှုန့် - တစ်ပန်းကန် ၃၀ ဂရမ်
ဆား - လ္ဘက်ဇွန်း တဝက်
အရောင်အနီ - ၃စက်
ဘိန်းစေ့ - တစ်ဇွန်း Tbsp
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဦးစွာပထမဇလုံတခုတွင်ငှက်ပျောသီးမှည့်ကိုအာလူးချေတံဖြင့်ချေပေးပါ။
(၂)အားလုံးကြေပါကကျန်ပါဝင်ပစ္စည်းများအားလုံးကို(ဘိန်းစေ့မှအပ)တခုဆီထည့်ပြီးမွေပေးပါ။ဂျုံလုံးများမဖြစ်စေရန်သေချာမွေပေးပါ။
(၃)ပြီးလျှင်အိုးတခုတွင်ထည့်ပြီးမီးပေါ်တင်ကာဆီပြန်လုံးလာသည်ထိမွေပေးပြီးဆီလူးထားသောမုန့်ဖုတ်ဘမ်းတွင်မုန့်နှစ်ကိုလောင်းထည့်ပါ။
(၄)မျက်နှာပြင်ညီအောင်လုပ်ပြီးအပေါ်မှဘိန်းစေ့ဖြူးကာအပေါ်မီးများများအောက်မီးနည်းနည်းဖြင့်ဖုတ်ပါ။Ovenအပူချိန်အပေါ်၂၂၀ဒီဂရီအောက်၁၂၀ဒီကရီဖြင့်၃၀မိနစ်ခန့်ဖုတ်ပါ။၁၅မိနစ်တခါလှည့်ပေးပါ။
(၅)မုန့်မျက်နှာပြင်အရောင်ရလျှင်မုန့်ဘမ်းအလယ်ကိုတုတ်သေးသေးဖြင့်ထိုးကြည့်၍မုန့်သားကျက်မကျက်စစ်ကြည့်ပြီးမုန့်သားကျက်ပါကထုတ်ယူအအေးခံ၍လိုသလိုလှီးဖြတ်ပြီးသုံးဆောင်နိုင်ပါပြီ ။

မုန့်​ဖက်​ထုပ်


ဘိန်းမုန့်


ဘိန်းမုန့်ကြိုက်တဲ့ထဲမှာဆိုဖီယာလည်းတယောက်အပါအဝင်မို့အလွယ်တကူဝယ်စားလို့မရတဲ့နေရာရောက်တော့ပုံစံမျိုးစုံစမ်းလုပ်ကြည့်ဖူးပါတယ်။အကြိမ်ကြိမ်လုပ်ကြည့်ပေမဲ့မအောင်မြင်လို့pageပေါ်မရောက်ခဲ့ပါဘူး။ဒါကြောင့်ပြီးခဲ့တဲ့တခါမြန်မာပြည်ပြန်တော့နီးစပ်ရာမေးခဲ့တယ်။မသေချာမရေရာနဲ့မို့ဘိန်းမုန့်သွားဝယ်စားရင်းရောင်းတဲ့ညီမလေးကိုမေးခဲ့တယ်အချိုးအတိကျမသိရပေမဲ့အနီးစပ်ဆုံးသိရတော့ထပ်ပြီးပြန်လာစမ်းကြည့်ရာမှာတော်တော်လေးစားကောင်းတဲ့မုန့်လေးလုပ်နိုင်ခဲ့ပါတယ်။အခုလုပ်ထားတဲ့မုန့်နှစ်အချိုးလေးကိုမျှဝေပေးလိုက်ပါ တယ်။ဘိန်းမုန့်နှစ်သက်သူများကျေနပ်ကြလိမ့်မယ်မျှော်လင့်ပါတယ်။
ပါဝင်ပစ္စည်း (၅ချပ်စာ)
*********
ဆန်ချော - တခွက်ဆန်ချိန်ခွက်
ရေ - ၁၅၀ ml
ထန်းလျက်ရည်အပျစ် - ၆၀ gm
Yeast - ၁/၃ လ္ဘက်ဇွန်း
Baking powder - ၁/၂ လ္ဘက်ဇွန်း
ဆီ/ထောပတ် - ၂ဇွန်း စားပွဲဇွန်း
ဗီနီလာအနံ့ - ၁/၂ဇွန်း လ္ဘက်ဇွန်း
မြေပဲ - ၅ဇွန်း
ဘိန်းစေ့ - ၅ဇွန်း လ္ဘက်ဇွန်း
အုန်းသီး - တစိတ် ပါးပါးစိတ်
ထောပတ် - အနည်းငယ် အိုးလူးရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဦးစွာဆန်ချောကိုရေ၂နာရီခန့်စိမ်ထားပြီးရေစစ်ထားပါ။ထန်းလျက်ကိုပျစ်ပျစ်ကျိုပြီးအမှိုက်စစ်ထားပါ။
(၂)ရေစစ်ထားသောဆန်ကိုရေ၁၅၀ ml ထည့်ပြီးကြိတ်စက်ဖြင့်ကြေညက်အောင်ကြိတ်ပါ။
(၃)ထန်းလျက်ရည်ထည့်ဖျော်ပါ။ဆား၊ဗီနီလာyeast,BakingPowderထောပတ်ဆီထည့်ပြီးသမအောင်မွေပြီးတစ်နာရီခန့်နှပ်ထားပါ။
(၄)အိုးမကပ်သည့်ဒယ်အိုးပြားလေးကိုအပူပေးကာထောပတ်အနည်းငယ်လူးပေးပါ။
(၅)ဖျော်ထားသောမုန့်နှစ်ကိုသမအောင်မွေပြီးနှစ်ဇွန်းခပ်ထည့်ပါ။အပေါ်မှမြေပဲဘိန်းစေ့နှင့်အုန်းသီးပါးပါးလှီးထားသည်ကိုဖြူးပြီးထည့်ပါ။
(၆)အပေါ်မီးမသုံးထားသဖြင့်ထောပတ်အနည်းငယ်လူးပြီးအပေါ်တဖက်ကိုအရောင်ရအောင်လှန်ပေးပါ။(ဖြည့်စွက်ချက်)မီးသွေးမီးအပေါ်မီးများများအောက်မီးနည်းနည်းနဲ့ဖုတ်မှမုန့်ပိုပွပါတယ်ဒီမှာတော့မီးသွေးမရှိလို့အပေါ်အောက်မီးမပေးနိုင်ပါ။
(၇)နှစ်ဖက်အရောင်ရပါကထုတ်ယူပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။
***အငံပြုလုပ်လိုပါကမုန့်နှစ်ဖောက်ချိန်ထန်းလျက်ရည်မထည့်ဘဲမုန့်ဖုတ်ချိန်တွင်ပဲပြုတ်နှင့်နှမ်းဖြူးကာပြုလုပ်နိုင်ပါတယ်။
..........
Sofia

3 December 2015

ချဉ်​​စော်​ခါးသီး​ထောင်း


မှို အုံး


ရှမ်းရိုးရာအစားအစာမှိုအုံးလေးပါ ။ဇာတိမြေရှမ်းပြည်ကိုအလည်ပြန်ရင်းကိုယ်မသိသေးတဲ့ဒေသစာလေးတွေကို ဆိုဖီယာ့ အန်တီလေးဆီကနေသင်ယူဖြစ်ခဲ့တာလေးတွေပါ။ရှမ်းရိုးရာအစားအစာမှိုအုံးလို့လူသိများ တဲ့မှိုကိုဟင်းခပ်ရွက်အစုံဖြင့်စပ်ရှိန်းရှိန်းအရ သာနှပ်ထားပြီးငှက်ပျောဖက်ဖြင့်ထုပ်ကာကျက်အောင်မီးအုံးထားသောသင်းပျံ့မွေးကြိုင်တဲ့မှို အုံးလေးဘဲဖြစ်ပါတယ်လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
မှို အဂ္ဂ - တဆယ်သား
ကြက်သွန်နီ - ၂လုံး
ကြက်သွန်ဖြူ  - လက်တစ်ဆုပ်
ငရုတ်သီးစိမ်း - လက်တစ်ဆုပ်
ခရမ်းချဉ်သီး -၂လုံး
နံနံပင် - တစ်စည်း
ပင်စိမ်းရွက် - ၂စည်း
ဖက်ဖယ်ရွက် - ၂စည်း
ရှမ်းနံနံ - ၂စည်း
ကြက်သွန်မိတ် - တစ်စည်း
ကျိုချိုက် - ၂စည်း
ဆား -တစ်ဇွန်း စားပွဲဇွန်း
ရှမ်းပဲပုတ် - ၃ချပ်
ဟွားကျောက် (ဇီချွမ်းငရုပ်ကောင်း) -၁ဇွန်း
ငှက်ပျောဖက် - ထုပ်ရန်
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)ဦးစွာမှိုကိုတနာရီခန့်ရေစိမ်ထားပါ။ပွလာပါကအမြစ်များကိုဖြတ်ပြီးဆားဖြင့်အခါခါနာနာနယ်ကာသန့်စင်ဆေးကြောပြီးရေညစ်ထားပါ။(အညှာမဲမဲများကိုသေချာသန့်စင်ပါ။သဲများကိုအခါခါဆေးပါ)
(၂)ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်းတို့ကိုသေးသေးစိတ်ထည့်ပါ။
(၃)ကျန်ပါဝင်သောအရွက်များအားလုံးကိုလည်းရေဆေးသန့်စင်ကာသေးသေးစိတ်ထည့်ပါ။
(၄)ရှမ်းပဲပုတ်ကိုမီးကင်ပြီးထောင်းထည့်ပါ။ဟွားကျောက်ကိုလှော်ပြီးအမှုန့်ထောင်းထည့်ပါ။ဆားထည့်ပြီးသမအောင်နှယ်ပြီးနှပ်ထားပါ။
(၅)ငှက်ပျောဖက်ကိုရေဆေးသန့်စင်ပြီးမှိုနှင့်အရွက်တို့ကိုသမအောင်ထည့်ပြီးထုပ်ထားပါ။
(၆)အိုးအပြန့်တခုတွင်ဆီအနည်းငယ်လူးပြီးဖတ်ဖြင့်ထုပ်ထားသည်ကိုမှောက်လျက်အနေဖြင့်ထည့်ပြီးအဖုံးအုပ်ကာအပေါ်မီးအောက်မီးအေးအေးဖြင့်အုံးထား ပါ။
(၇)၁၅မိနစ်တခါတဖက်သို့လှန်ပေးပါ။ထွက်လာသောရေများခန်းပြီးအနှံ့မွေးလာပါကဖယ်ထုတ်ပြီးမီးပြန်ကင်ပေးကာသင်းပျံမွေးကြိုင်ပြီးစပ်ရှိန်းရှိန်းအရသာမှိုအုံးကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။

ယိုးဒယားအနီရောင်ဟင်းချက်အနှစ်



Red Curry Paste
အနီရောင်ဟင်းချက်အနှစ်ရှိလျှင်ယိုးဒယားဟင်းအမယ်များစွာကိုပြင်ဆင်ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။မြို့ကြီးပိုင်းမှာအလွယ်တကူဝယ်ယူရရှိနိုင်ပေမဲ့အချို့ဒေသမှာတော့ရဖို့ခက်ပါတယ်။ဒီနည်းလေးကတော့လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကဆရာသင်ပြပေးခဲ့တဲ့နည်းဖြစ်ပါတယ်။
အနီရောင်ဟင်းချက်အနှစ်ကဆိုင်ရောအိမ်မှာပါအသုံးဝင်လှတဲ့ဟင်းချက်အနှစ်ဖြစ်ပြီးဆိုဖီယာရဲ့ဟင်းပွဲအတော်များများမှာလည်းသုံးထားလို့ပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
လိုအပ်သောပစ္စည်း
**************
ငရုပ်သီးပွခြောက် - တစ်ဆယ်သား
ကြက်သွန်နီအသေး - နှစ်လုံး
ကြက်သွန်ဖြူ - တစ်လုံး
စပါးလင် - နှစ်ချောင်း
ပဒဲကော - လက်တစ်ဆစ်
ရှောက်ခါးသီးအခွံ - တစ်လုံး
ရှောက်ခါးရွက် - ငါးရွက်
ဆိတ်ဖူး - သုံးချောင်း
နံနံစေ့ - တစ်ဇွန်း စားပွဲဇွန်း
ဇီယာ - တစ်ဇွန်း
ငါးပိ - တစ်ဇွန်း
အုန်းနို့ခရင်မ် - သုံးဇွန်း
ဆီ - ငါးကျပ်သား
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ငရုပ်ပွခြောက်ကိုရေစိမ်ထားပါ။ကြက်သွန်ဖြူကြက်သွန်နီ၊ပဒဲကော၊စပါးလင်ရှောက်ရွက်တို့ကိုပါးပါးလှီးထားပါ။ရှောက်ခါး သီးကိုအခွံသင်ထားပါ။
(၂)ငရုပ်ခြောက်ပွလာပါကရေစစ်ပြီးအသင့်လှီးထားသည်များနှင့်ပါဝင်ပစ္စည်းတို့(အုန်းနို့နှင့်ဆီမှအပ)ကိုကြိတ်စက်တွင်ထည့်ပြီးကြေညက်အောင်သည်ထိကြိတ်ပါ။လိုအပ်ပါကရေအနည်းငယ်ထည့်ပေးပါ။
(၃)ကြေညက်ပါကကြိတ်စက်မှထုတ်ယူပြီးအုန်းနို့ခရင်မ်ကိုထည့်ပြီးသမအောင်မွေပြီးအသုံးပြုနိုင်ပါပြီ။
(၄)တာရှည်အထားခံနိုင်ရန်အတွက်အိုး တခုတွင်ဆီထည့်ပြီးအနီရောင်ဟင်းချက်အနှစ်တို့ကိုဆီပြန်လာသည်ထိမီးသေးသေးဖြင့်ချက်ပေးပါ။
(၅)ဆီပြန်ပါကမီးပိတ်အအေးခံကာသန့်ရှင်းသောဘူးဖြင့်ထည့်ပြီးရေခဲသေတ္တာတွင်တာရှည်အသုံးပြုနိုင်ရန်သိမ်းဆည်းထားနိုင်ပြီးမိမိလိုသလောက်ကိုသာဇွန်းသန့်သန့်ဖြင့်ခပ်ယူအသုံးပြုနိုင်ပါပြီ။
***
ဆီဖြင့်မချက်ဘဲသိမ်းဆည်းလိုပါကတခါသုံးစာပုံစံခွက်များဖြင့်ထည့်ပြီးခဲထားပါ။မာခဲသွားပါကထုတ်ယူပြီးလေလုံသောဘူးဖြင့်ထည့်ပြီးအခဲခန်းတွင်ကြာရှည်စွာထားပြီးအသုံးပြုနိုင်ပါသည်။

သရက်သီးသနပ်


Spicy Green Mango Pickle
သရက်သီးသနပ်လုပ်နည်းများစွာရှိပါတယ်။အချို အစပ်ချဉ်ငံအရသာအမျိုးမျိုးပြုလုပ်လေ့ရှိပါတယ်။တချို့ကျသရက်သီးသနပ်အိအိလေးကြိုက်လို့အခြောက်ကိုပြန်ပြုတ်ပြီးလုပ်ကြတယ်။တချို့ကျမာစပ်စပ်လေးစားရတာနှစ်သက်ကြလို့အစိမ်းနဲ့လုပ်ကြတယ်။ခုလုပ်ထားတာတော့အစိမ်းကိုထုပ်ထုပ်လေးနဲ့ချိုချဉ်စပ်လေးပြုလုပ်ထားခြင်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
*********
သရက်သီးစိမ်း - တစ်ကီလို (၃လုံး)
ထုံးရည် -တစ်လီတာ (ရေတလီတာတွင်ထုံးတစ်ဇွန်းထည့်ဖျော်ပါ)စားပွဲဇွန်း
ဆား - ၃ဇွန်း
သကြား - ၄ဇွန်း
အရောင်တင်ငရုပ်သီးမှုန့် - ၃ဇွန်း
ဆီ - ၁၆၀ ဂရမ် (တစ်ဆယ်သား)
မဆလာ - ၂ဇွန်း (သနပ်မဆလာ)
ကြက်သွန်ဖြူ -လက်တစ်ဆုပ်
ငရုပ်သီးစိမ်း - အနည်းငယ်
မုန်ညင်းစေ့-တစ်ဇွန်း (နှစ်သက်က)
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)သရက်သီးကိုရေဆေးသန့်စင်ပြီးတလက်မခွဲခန့်အရွယ်လှီးထားပါ။
(၂)ဇလုံတခုတွင်ထုံးတစ်ဇွန်းကိုရေတလီ တာဖြင့်ဖျော်ပြီးလှီးဖြတ်ထားသည့်သရက်သီးစိမ်းကိုတညစိမ်ပေးပါ။( ကြွပ်စေရန်)
(၃)ပြီးလျှင်သရက်သီးကိုဆယ်ယူကာရေ စင်အောင်ဆေးပြီးရေစစ်ထားပါ။
(၄)ရေစစ်သွားပါကဆားနှစ်ဇွန်းထည့်ပြီးသမအောင်မွေပြီး၂ရက်ထားပါ။မကြာခဏအထက်အောက်လှန်ပေးပါ။
(၅)ထွက်လာသောသရက်သီးဆားငံရည်များကိုစစ်ပြီးနေပူတွင်တနေခန့်ဖန့်ဖန့်အနေထားရအောင်လှမ်းပါ။(ရေခြောက်ရုံ)
(၆)လိုချင်သောအနေထားရပါကခပ်သေးသေးလှီးဖြတ်ပါ။
(၇)ကြက်သွန်ဖြူငရုပ်စိမ်းအသင့်ပြုလုပ်ပါ။
(၈)အိုးတခုတွင်ဆီပူအောင်တည်ပြီးအရောင်တင်၊မုန်ညင်းစေ့၊မဆလာဆီသပ်ပါ။သကြားနှင့်လက်ကျန်ဆားတဇွန်းထည့်ပြီးပျော်အောင်မွေပေးပါ။မီးပိတ်ပြီးကြက်သွန်ဖြူ၊ငရုပ်သီး စိမ်းထည့်ပါ။
(၉)အသင့်လှီးထားသောသရက်သီးထည့်ပြီးသမအောင်မွေကာအအေးခံထားပါ။
(၁၀)လုံးဝအေးသွားသောအခါပုလင်းသန့်သန့်ကိုရေခြောက်အောင်သုတ်ပြီးထည့်ပါ။မျက်နှာပြင်ကိုဆီဖုံးအောင်ထည့်ပြီးပုလင်းကိုလေလုံအောင်ပိတ်ပြီးနှပ်ထားပါ။
(၁၁)နှစ်ပတ်ခန့်နှပ်ပြီးပါကရေခဲသေတ္တာတွင်ထည့်ပြီးသိမ်းဆည်းကာလိုသလောက်ထုတ်ယူသုံးဆောင်နိုင်ပါပြီ။ပြုလုပ်ပြီးချက်ချင်းလည်းသုံးဆောင်နိုင်ပါတယ်။

ငှက်ပျောအုန်းနို့သာကူ


Pengat Pisang
ငှက်ပျောသီးကိုအချိုပွဲအဖြစ်ပုံစံအမျိုးမျိုးလုပ်စားကြတဲ့ထဲကအုန်းနို့နဲ့ရောပြီးကျိုတာကိုမြန်မာ၊ယိုးဒယား၊မလေးရှားနဲ့ဗီယက်နမ်တို့လုပ်နည်းလည်းဆင်တူကြပါတယ်။အခုလုပ်ထားတာလေးကမလေးရှား အချို ပွဲလေးဖြစ်ပါတယ်။လုပ်စားကြည့်အောင်နော်။
ပါဝင်ပစ္စည်း
*********
ဖီးကြမ်းငှက်ပျော - လေးလုံး
သာကူ -၁၀၀ဂရမ်
ထန်းလျက် - ၁၅၀ဂရမ်
ရေ -တစ်လီတာ
ဆား - အနည်းငယ်
ဆွမ်းမွေးရွက် - ၃ချောင်း
အုန်းနို့ - ၁၀၀ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)အိုးတခုတွင်ရေထည့်ပြီးဆူပွက်အောင်တည်ပါ။ဆူပွက်ပါကသာကူကိုရေဆေးပြီးထည့်ပါ။သာကူများမကပ်စေရန်မွေပေးပါ။
(၂)ဆူပွက်ပါက၃မိနစ်ခန့်မွေပေးပြီးမီး ပိတ်ပြီးအဖုံးအုပ်ကာဆယ်မိနစ်ခန့်နှပ်ထားပါ။
(၃)သာကူအစံပျောက်လုပျောက်ခင်အနေအထားရပါကဇကာဖြင့်စစ်ပြီးသာကူကိုရေအေးလောင်းပြီးဆေးထားပါ။(အစေးလျော့ရန်)
(၄)ငှက်ပျောသီးကိုအခွံသင်ပြီးခပ်ထူထူစောင်းစောင်းလှီးဖြတ်ထားပါ။
(၅)အိုးထဲတွင်ရေငှက်ပျောသီးနှင့်ဆွမ်းမွေးရွက်ကိုထည့်ပါ။ဆားအနည်းငယ်ထည့်ပြီးဆူပွက်အောင်တည်ပါ။
(၆)ဆူပွက်လာပါကအပေါ်ယံတက်လာသောအမြုတ်များကိုခပ်ထုတ်ပစ်ပါ။
(၇)ငှက်ပျောသီးနူးအိပါကထန်းလျက်ထည့်ပါ။သာကူပြုတ်ထားသည်ကိုထည့်ပြီးပြန်လည်ဆူပွက်အောင်တည်ပါ။သာကူများလုံးမနေစေရန်မွေပေးပါ။
(၈)ချခါနည်းတွင်အုန်းနို့ထည့်ပြီးမွေပေးပြီး အပူဖြစ်စေအအေးဖြစ်စေမြေပဲနှမ်းထောင်းဖြူးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

ပိန္နဲသီးဟင်း

ထူးဆန်းတဲ့ဟင်းပွဲလေးမဟုတ်ပေမဲ့မွေးရပ်ဇာတိရှမ်းပြည်အလွမ်းပြေချက်ဖြစ်တဲ့ဟင်းပွဲလေးပါ။ကြိုက်နှစ်သက်သူအဖို့တော့ကြက်သားဟင်းနဲ့မလည်းနိုင်တဲ့ဟင်းတခွက်ဖြစ်ပါတယ်။ပိန္နဲသီးနုနုကိုကြော်စားချက်စားသုပ်စားပုံစံအမျိုးမျိုးလုပ်စားလေ့ရှိကြပါတယ်။ သိပြီးသားလည်းရှိသလိုမသိသေးသူများအတွက်ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ပိန္နဲသီးနုနု - တလုံး
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး - တစ်လုံး
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း
ဆူးပုတ်ရွက် - နှစ်စည်း
နနွင်း - အနည်းငယ်
ဆား - လိုသလောက်
ဟင်းခပ်မှုန့် -တစ်ဇွန်း
ဆီ - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
*************
(၁)ဦးစွာပိန္နဲသီးနုနုကိုအခွံခွာပြီးအကွင်းလိုက်လှီးကာရေဆူတွင်ဆားအနည်းငယ်ထည့်ပြီးပြုတ်ပါ။အစေးဓာတ်ကုန်သည်ထိနှစ်ရေသုံးရေလဲပြီးပြုတ်ပါ။ၿပီးလ်ွင္ဆယ္ယူေ ရစစ္ထားပါ။
(၂)ရေစစ်ပြီးပါကအလည်အူတိုင်ဖယ်ထုတ်ပြီးလိုသလိုအတုံးငယ်များလှီးဖြတ်ထားပါ(အချို့ဒေသများတွင်ပြုတ်ပြီးသားဝယ်ယူရရှိနိုင်ပါသည်။ )
(၃)အိုးတခုတွင်ဆီအနည်းငယ်ထည့်ပြီးကြက်သွန်ဆီသပ်ပါ။
အရောင်ရပါကနနွင်းကြက်သွန်ဖြူဂျင်းထောင်းထည့်ပါ။
(၄)ဆီသပ်နံ့မွေးလာပါကလှီးပြီးသားပိန္နဲသီးကိုထည့်ပြီးဆားဟင်းခပ်မှုန့်ထည့်ပြီး တည်ပါရေအနည်းငယ်ဆီထည့်ပြီးမွေပေးပါ။
(၅)ပိန္နဲသီးအတော်နူးပါကခရမ်းချဉ်သီးထည့်ပါ။ဆူးပုတ်ရွက်ခပ်ပါ။အစပ်စားလိုပါကငရုပ်သီးစိမ်းထည့်ပြီးအရသာအပေါ့ငန်မြည်း၍ဟင်းရည်စပ်စပ်ဖြင့်မီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
မှတ်ချက်။ မိမိနှစ်သက်ရာအသားဖြင့်လည်းတွဲချက်နိုင်ပါတယ်။ရှမ်းပဲပုတ်ဖြင့်လည်းချက်နိုင်ပါတယ်။ မလေးလူမျိုးများကတော့ငါးပိငရုပ်သီးထောင်းဖြင့်ချိုစပ်စပ်ချက်စားကြပါတယ်။

2 December 2015

ကြက်သွန်ချဉ်



ရှမ်းတရုပ်အစားအစာတမျိုးဖြစ်တဲ့ကြက်သွန်ချဉ်ကိုစားဖူးသူတိုင်းနှစ်သက်ကြမယ်ထင်ပါတယ်။ကြက်သွန်ချဉ်ပြုလုပ်ရန်အတွက်သီးသန့်ကြက်သွန်ဥအမျိုးအစားကိုသုံးရပါတယ်။ရှမ်းပြည်မှာတော့နှစ်စဉ်နှစ်တိုင်းဂျူလိုင်လပိုင်းလောက်မှာပေါ်ပါတယ်။တစ်နှစ်တစ်ကြိမ်သာပေါ်တာမို့တကြိမ်တည်လျှင်တစ်နှစ်စာတည်လေ့ရှိပါတယ်။နှစ်ပေါက်တာရှည်ခံအောင်အချို့ကတော့အရက်ထည့်လေ့ရှိပြီးဆိုဖီယာတို့မိရိုးဖလာနည်းကတော့အရက်မပါဘဲတည်နည်းဘဲဖြစ်ပါတယ်။ရာသီချိန်ကုန်သွားပေမဲ့သိလိုသောမိတ်ဆွေသူငယ်ချင်းများအတွက်လုပ်နည်းမျှဝေပေးလိုက်ပါတယ်။ဆိုဖီယာ့အဖွားဆီကရခဲ့တဲ့ပညာအမွေနဲ့လိုအပ်တာများသင်ကြားပေးခဲ့တဲ့အန်တီလေးကိုဒီကဘဲကျေးဇူးသင်ကြောင်းပြောပါရစေ။☺
ပါဝင်ပစ္စည်း
********
ကြက်သွန် - ဆယ်ပိသာ
ဆား -တစ်ပိသာနှစ်ဆယ်ကျပ်သား
ရှမ်းကြံသကာ - နှစ်ပိသာ
ထုံး - လေးဇွန်း စားပွဲဇွန်း
ငရုပ်ချဉ်- တစ်ပိသာခွဲ
(ငရုပ်သီးအပွတောင့်အရှည်ကိုကြိတ်ပြီးလည်းထည့်နိုင်ပါတယ်)
နံနံစေ့ - ၅ကျပ်သား
စမုံစပါး - ၅ကျပ်သား
ဟွားကျောက် - ၃ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဦးစွာကြက်သွန်ကိုလှီးဖြတ်သန့်စင်ပြီးထုံးရေဖြင့်တစ်ညစိမ်ထားပါ။အထက်အောက်သမအောင်မွေပေးပါ။
(၂)တညစိမ်ပြီးကြက်သွန်ကြွပ်လာပါကရေဆေးရေစစ်ထားပါ။
(၃)ကြံသကာကိုညောင်စေးကျအောင်ကျိုပြီးအအေးခံထားပါ။
(၄)ပါဝင်ပစ္စည်းများအားလုံးကိုသန့်ရှင်းသောဇလုံတခုတွင်ထည့်ပြီးသမအောင်မွေပေးပါ။
(၅)ပြီးလျှင်ရေစစ်ထားသောကြက်သွန်ထည့်မွေပြီးသန့်ရှင်းခြောက်သွေ့သောစဥ့်အိုးတွင်ထည့်ပြီးသေချာစွာဖိထည့်ပေးပါ။
(၆)အိုးပြည့်အောင်မထည့်ဘဲနေရာချန်ပေးကာ(အရည်ထွက်လာမှာမို့)သန့်ရှင်းသောပလပ်စတစ်ဖြင့်အုပ်ပြီးကြိုးအထပ်ထပ်ချည်ကာလေလုံအောင်ပိတ်ပြီးအပေါ်မှအဖုံးအုပ်ထားပါ။
(၇)သုံးပတ်တလခန့်တည်ပြီးလျှင်စတင်သုံးဆောင်နိုင်ပါပြီ။သန့်ရှင်းသောဇွန်းဖြင့်လိုသလောက်ခပ်ယူပြီးလေလုံအောင်သိမ်းဆည်းပြီးတနှစ်ပတ်လုံးသုံးဆောင်နိုင်ပါပြီ။
***
အရေးကြီးဆုံးအချက်မှာအသုံးပြုသည့်အိုး ခွက်များအားလုံးဆီကင်းသန့်ရှင်းရပါမယ်။
................
Sofia

1 December 2015

ယိုးဒယားမုန့်တီထောင်း


Thai Rice Noodle Salad
ယိုးဒယားမုန့်တီထောင်းလေးကချိုချဉ်စပ်အရသာဖြစ်ပြီးမုန့်ဖတ်ဖြင့်ထောင်းထားလို့နူညံ့ပြီးထူးခြားတဲ့အရသာလေးဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအနည်းငယ်ဖြင့်အိမ်သားများကိုထူးထူးခြားခြားအရသာသစ်ဖြင့်တည်ခင်းလိုတဲ့အိမ်ရှင်မများနှစ်သက်ကြမယ်ထင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
မုန့်ဖတ် - တစ်ပွဲစာ
မုန်လာဥနီ - အနည်းငယ်
သခွားသီး - တစ်စိတ်
ကြက်သွန်ဖြူ - ၂ မြောင်း
ငရုပ်စိမ်း - ငါးတောင့်
ထန်းလျက် -၂လုံး
(သို့)သကြားညို
ပဲတောင့်ရှည် - ၂ တောင့်
ခရမ်းချဉ်သီး - တစ်ခြမ်း
ပူစီနံ - အနည်းငယ်
နံနံပင် - အနည်းငယ်
ယိုးဒယားငံပြာရည် - ၂ဇွန်း စားပွဲဇွန်း
သံပုရာရည် - ၂ဇွန်း
ပုဇွန်ခြောက် - ၂ဇွန်း
မြေပဲလှော် - ၂ဇွန်း
တွဲဖက်ပေးရန်
*******
ဂေါ်ဖီ
ပဲတောင့်ရှည်
ကန်စွန်းရိုးအနီ
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)သခွားသီးထပ်ကိုခြမ်းခြမ်းပြီးအနေတော်အထူလှီးထားပါ။မုန်လာဥနီကိုခြ စ်ထားပါ။
(၂)ပဲတောင့်ရှည်ကို၂လက်မအရှည်ဖြတ်ထားပါ။ခရမ်းချဉ်သီးကိုအမြောင်းကြီးကြီး လှီးထားပါ။
(၃)ဦးစွာဆုံတွင် ကြက်သွန်ဖြူ ငရုပ်သီးစိမ်း ထည့်ထောင်းပါ။
(၄)ထန်းလျက်ထည့်ထောင်းပါ။သကြားညို လည်းအသုံးပြုနိုင်ပါတယ်။ ပဲတောင့်ရှည်တဝက်နှင့်သခွားသီးထည့်ထောင်းပါ။
(၅)မြေပဲလှော်ထည့်ပြီးလုံးခြမ်းကွဲအနေထောင်းပါ။
(၆)ပုဇွန်ခြောက်၊ခရမ်းချဉ်သီးထည့်ပြီးနွမ်း ရုံလောက်ထောင်းပါ။
(၇)သံပရာရည်နှင့်ငံပြာရည်ထည့်ပြီးအရသာအပေါ့အငံမြည်းပါ။မုန့်ဖတ်နှင့်နံနံပင်ပူစီနံထည့်ပြီးသမအောင်မွေပေးပါ။
(၈)အရသာချိုချဉ်စပ်ရပါပန်းကန်တွင်ဂေါ်ဖီပဲတောင့်ရှည်ကန်စွန်းရိုးနီ(ရှိလျှင်)တို့ဖြင့်တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
................
Sofia

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...