31 May 2015

ချောကလတ်ကောက်ညှင်းထုပ်


အုန်းနို့ကောက်ညှင်းကိုချောကလတ်အစာသွပ်ပေါင်းထားခြင်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
*******
ကောက်ညှင်း - ၂ခွက်
အုန်းနို့ - ၂၀၀ml
သကြား - ၂ ဇွန်း စားပွဲတင်
ဆား - အနည်းငယ်
ချောကလတ် - ၂တောင့်
ငှက်ပျောဖတ် - လိုသလောက်
ပြုလုပ်နည်း
******
(၁)ကောက်ညှင်းကိုရေဆေးပြီးတညစိမ်ပြီးရေစစ်ထားပါ။
(၂ )ထမင်းပေါင်းအိုးတွင်ကောက်ညှင်း၊ဆား၊သကြား၊အုန်းနို့ထည့်ပြီးရေတပြေးညီထည့်ပြီးတည်ပါ။
(၃)ခလုတ်ပြုတ်ပါကအဖုံးမဖွင့်ဘဲခဏ အအေးခံထားပါ။
(၄)ငှက်ပျောဖတ်ကိုသန့်ရှင်းပြီးမီးပြထားပါ။
(၅)ချောကလတ်ကို အချောင်းလေးများဖြတ်ထားပါ။
(၆)ငှက်ပျောဖက်ခင်းပြီးကောက်ညှင်းခပ်မာမာအနေထားကိုဇွန်းဖြင့်ဖြန့်ထည့်ပါ။
(၇)အလယ်တွင်ချောကလတ်ထည့်ပြီးအပေါ်မှကောက်ညှင်းအနည်းငယ်ဖြင့်ပြန်အုပ်ပြီးထုပ်ပေးပါ။ကျိုးဖြင့်စည်းလိုကစည်းပါ။
(၈)အားလုံးထုပ်ပြီးပါကပေါင်းအိုးတွင်ရေခံပြီးမိနစ်၂၀ခန့်ပေါင်းပါ။
(၉)အတွင်းမှကောက်ညှင်းသေချာနှပ်ပါကအအေးခံကာထုတ်ယူသုံးဆောင်နိုင်ပါပြီ ။

Panna Cotta in Papaya




Panna Cotta in Papaya

သဘောင်္သီးတလုံးကို ရေဆေးသန့်စင်ပြီး ထိပ်ဘက်နှစ်ဘက်ကို အနည်းငယ်ဖြတ်ပေးပါ ထောင်ထားလို့ရ အောင် ပါ ပြီးလျင် အလယ် က နေ ထက်ဝက် ပိုင်းပြီး အတွင်းမှ အ စေ့များကို ထုတ်ပြီးသန့်ရှင်းထားပါ ခွက်ကလေးတခု ဖြစ်အောင် အကယ်၍ ခွက်အနေ ထားသေးနေ လျင် အသားအနည်းငယ်ကို လှီးထုတ်ပစ်ပါ သန့်ရှင်းပြီးပါကအပြင်ဘက်က အခွံများကို သင်လိုက်ပြီးဘေးတဘက်တွင်ထားထားပါ
Panna cotta လုပ်ပါ့မယ်
နွားနို့ ၂၅၀ ဂရမ်
ခရင်မ် ၁၅၀ ဂရမ်
သကြား ၄၀ ဂရမ်
vanilla essence ၂ ဂရမ်
Gelatine Power ၁၅ ဂရမ်
ပထမအိုးတခုတွင် နွားနို့ ခရင်မ် သကြား vanilla တို့ကို ထည့်ပြီးမီးဖိုပေါ်တွင် သာသာလေးမွေပါ အနည်းငယ် ပူလာပါက gelatine powder ထည့်ပြီး မွေပါ အမှုန့်အားလုံးပျော်ပါက မီးပိတ်ပါ ဆူပွက်စရာမလိုပါ (ရေဆူအမှတ် ၇၀ ခန့်သာ)ကျိုပြီးပါက အမြှုပ်များကို ဇကာသေးသေးတခုဖြင့် စစ်ထုတ်ပစ်ပါ ပြီးလျှင် အဆင်သင့်လုပ်ထားသော သင်္ဘောသီးခွက်ထည်းသို့ သာသာလေးလောင်းထည့်ကာ အအေးခံထားပါ အတော်သင့်အေးပါကအပေါ်မှာ ပလပ်စတစ်အုပ်ကာ (မအုပ်ပါက သဘောင်္သီးခြောက်သွားပါလိမ့်မည်)ရေခဲသေတ္တာတွင်ပြောင်းပြီး ဆက်၍အအေးခံပါ လေးငါးနာရီလောက် အအေးခံပြီး အတော်မာလာမှသာလျှင် လိုသလို လှီးဖြတ် သုံးဆောင် နိုင်ပါပြီ ။ ကျိုထားသော Panna Cotta အရည်များပို သေးပါက ဂျယ်လီခွက်များဖြင့် အ အေးခံကာ နစ်သက်ရာ ချောကလတ်ဆော့ စတော်ဘယ်ရီ ဆော့ တို့ဖြင့် တွဲ ဖက်သုံးဆောင်က
chocolate panna cotta
Strawberry panna cotta
တို့ကို ရ ရှိမှာ ဖြစ်ပါတယ်

ပဲလမုန့်




ခု လုပ်ထားတာ Thousand Layer Mooncake ပါ ပန်းပွင့်ပုံစံလုပ်ထားလို့ အထပ်တွေသေချာမမြင်ရပါဘူး
(1) - ဂျုံ မုန့် 500gm (နစ်သက်ရာအရောင် ထည့် နိုင်သည်)
     - ဆား အနည်း ငယ်
     - ဆီ 100gm (1/2 hot oil )
     -ရေ 200 gm
(2) -ဂျုံ မုန့် 100gm
      - ဆီ 50 gm
(1)နဲ့ (2) ကို သီး သန့် ဆီ နှယ် ရ ပါ တယ်

(၁)အမှတ် စဉ် (1) အားလုံးရောနယ်ပြီးအလုံး ခပ် ကြီးကြီး ၈လုံးခွဲ ပြီးလုံးထားပါ ။
(၂)အမှတ်စဉ်(2)မှပါဝင်ပစ္စည်းကိုလည်းရောနယ်ပြီး ၈ပုံခွဲထားပါ။
(၃)အမှတ်စဉ် (1) ဂျုံကို ပြား ပြီး အမှတ်စဉ် (2) ဂျုံထည့် ပြီးလုံးပါ။
ပြီး လျှင် ၅မိနစ် လောက် နှပ် ထား ပါ
(၄)နှပ် ပြီး လျှင် လိမ့် တုံး ဖြင့်အထည်းမှ ဆီစာ ဂျုံ မ ထွက် အောင် ဂရု စိုက် ပြီး ပြားနေအောင်အပြန့် ညီအောင်လိမ့်ပါ။
(၅)ညီပါကအစွန်း တဖက်မှစပြီးကျစ်နေအောင်လိပ်ပါ ။ (၆)အားလုံးလိပ်ပြီးပါက၎င်းအလိပ်များကိုအရှည်လိုက်ထပ်လိမ့်ပြီးလိပ်ပါ။
(၇) ပြီးလျှင်တလိပ်ကိုသုံးပိုင်းနှစ်လက်မအနေဖြတ်ပြီးထောင်ထားပါ။
(၈)ထောင်ထားသောအပိုင်းလေးများကိုလိမ့်တုံးဖြင့်အနည်းငယ် ပြား အောင်လိမ့် ပြီး(နှစ် သက် ရာ)အစာ သွပ်ပြီး အ ဝိုင်းလေး ဖြစ် အောင် ပြန်ဖိပေးပါ ( မဖိဘဲ အလုံးလိုက်လေးဖုတ်လျှင် အထပ်ပေါင်းများ စွာ မြင်ရမှာပါ)
(၉)ပန်းပုံဖြစ်အောင်တော့အနည်းငယ်ဖိပြီးဓားဖြင့် အဖတ် များဖြစ် အောင်ဖြတ်ပါ။
(၁၀)ဖြတ်ပြီးပါကဆီသုတ်ထားသောဘမ်းတွင်ထည့်ကာ၁၅၀ဒီဂရီဖြင့်မိနစ်၃၀ခန့်ဖုတ်ပြီးမအေးခင်တွင်ထောပတ်လေးသုတ်ပေးပြီးအအေးခံသုံးဆောင် နိုင်ပါပြီ။
အရောင်တက်ချင်ရင်တော့ရခါနီးကျကြက်ဥအနှစ်လေးသုတ်ပေးနိုင်ပါတယ်။

Rasgulla



အိန္ဒိယအချိုမုန့်မလိုင်လုံးကိုငယ်ငယ်ကတည်းကအမြဲဝယ်စားဖြစ်တယ်။အိမ်သားအားလုံးလည်းကြိုက်နှစ်သက်ကြလို့လုပ်စားဖြစ်တာလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
နွားနို့ - တစ်လီတာ (full cream milk)
သံပု၇ာ၇ည် - ၃ဇွန်း စားပွဲတင်ဇွန်း
သကြား - ၂ခွက်
ေ၇ - ၃ခွက်ခွဲ
ေ၇ခဲ - ၁၂ တုံး
ဖာလာစေ့ - ၃ စေ့
ပြုလုပ်နည်း
*******
(၁) နွားနိ့ကိုအိုးတခုတွင်ထည့်ပြီးဆူပွက်အောင်တည်ပါ။
(၂)ဆူပွက်လာပါကမီးကိုလျှော့ချပြီးသံပု၇ာ၇ည်ထည့်ကာသမအောင်မွေပေးပါ။
(၃)နို့နှင့်ေ၇ကွဲသွားပါကမီးကိုပိတ်လိုက်ပါ။
(၄)နို့ခဲလေးများမာမသွားစေ၇န်ေ၇ခဲသတုံးလေးများထည့်ပေးပါ။
(၅)ပြီးလျှင်ပိတ်စပါးတခုခံပြီးနို့ဖက်များကိုစစ်ချပြီးေ၇လောင်းဆေးပေးပါ။ေ၇ခြောက်အောင်ညစ်ပြီးပန်းကန်တခုတွင်ထည့်ပြီးချောမွေ့လာသည်ထိနယ်ပေးပါ။
(၆)ချောမွေ့လာပါကအလုံးလေးများကျစ်နေအောင်လုံးပေးပါ။
(၇)အိုးတခုတွင်သကြားနှင့်ေ၇ကိုဖာလာစေ့အနည်းငယ်ထည့်ပြီးဆူပွက်အောင်တည်ပေးပါ။
(၈)ဆူပွက်ပါကချောမွေ့အောင်လုံးထားသောမလိုင်လုံးလေးများကိုထည့်ပြီးအဖုံးပိတ်ကာ၅မိနစ်ခန့်ပွက်အောင်တည်ပါ။
(၉)၅မိနစ်ခန့်ဆူပွက်ပြီးပါကမီးလျော့ကာ၅မိနစ်ခန့်ဆက်တည်ပေးပါ။
Rasgullaလုံးများ၂ဆခန့်ဖြစ်လာပါကမီးပိတ်အအေးခံကာသုံးဆောင်နိုင်ပါပြီ။သကြား၇ည်ပျစ်ပျစ်နှစ်သက်ပါကအချိန်ပိုကြာကြာ တည်ပေး နိုင်ပါတယ်။

ကြက်​ဥမုန့်



Egg Tart

Tart Dough ***
Flour 200gm
Icing Sugar 70gm
Butter 140gm
Egg 1/2no.
ပါဝင်ပစ္စည်းအားလုံးကို ထည့်ပြီးနှယ်၍ခဏနှပ်ထားပါ

Egg filling ***
water 300ml
Sugar 140gm
Egg 4no.
Evaporated milk 80ml
egg filling အတွက် ဦးစွာ သကြားနဲ့ရေကို ရောကျိုပါ သကြားအားလုံးပျော်ပါက အအေးခံထားပါ သကြားရည်အေးပါက ကြက်ဥလေးလုံးကို ခေါက်ပြီးထည့်ပါ နို့စိမ်း evaporated milk ကို ထည့်ပြီးရောမွေပါ ပြီးလျှင် ဇကာစိပ်စိပ်တခုဖြင့်စပ်ထားသော egg filling ကို စစ်ထားပါ
နှပ်ထားသော ဂျုံကို egg tart ခွက်လေးထည်းတွင် ခွက်ပုံစံအတိုင်းလေးထည့်ပြီးအထူအပါးညီအောင် ညိပေးပါ ခွက်အားလုံးအတွင်းသို့ ထည့်ပြီးပါက မုန့်ဖုတ်မည့်ဘမ်းတွင်စီထည့်ပါ စစ်ထားသောကြက်ဥရည်ကို ခွက်များအတွင်းသို့ ၃/၄ခန့်ထည့်ပြီး Oven တွင် 200ဒီကရီဖြင့် ၁၅မိနစ် မိနစ်၂၀ခန့် ဖုတ်ပြီးကြက်ဥကျက်မကျက်ကြည့်ကာ အပြင်ထုတ် အအေးခံသုံးဆောင် နိုင်ပါပြီ။

ရွှေကြည်ကိတ်


Semolina Walnut Cake


ပါဝင်ပစ္စည်း
A. Egg - 4no.
     Sugar - 150gm
B. Vegetable oil - 125ml
C. Plain flour -110gm
     Semolina - 110gm
    Baking powder -1 1/2 tsp
    Salt - pinch
D. Walnut -150gm
     Lemon zest - 1tsp
E.  For Syrup
     Honey - 250gm
     Water - 200ml
     Lemon Juice - 1Tbsp
ကိတ်မုန့် စလုပ်ပါ့မယ်
အမှတ်စဉ် A. မှ ပစ္စည်းကို ရောပြီးစက် ဖြင့်အမြန်နှုန်းနဲ့ ပွလာ အောင် ၅မိနစ်ခန့် မွေပြီး ပွလာ ပါက အရှိန် လျော့ ကာ အမှတ်စဉ် B. ကို ဖြည်းဖြည်းချင်းထည့် မွေပါ . ပြီးလျှင် အမှတ် စဉ် C. မှ ပစ္စည်းများကို တခု ဆီ ဖြည့် ဖြည့် ခြင်း ထည့် မွေပါ ပြီးလျင် ဇလုံကို မွေစက်မှ ဖြုတ်ယူ ပြီး အမှတ်စဉ် D.မှ walnut အနည်းငယ် ချန်ကာ ထည့် ပြီး အထက်အေက် နှံ့အောင် မွေ ပေးပြီး ဆီသုတ်ထားသောဘမ်းတွင်ထည့်ပါ အပေါ်မှ ချန်ထားသော walnut အနည်းငယ် ဖြူးကာ ၁၈၀ဒီဂရီနဲ့ ၃၅မိနစ်ဖုတ်ပါ။
မုန့်ဖုတ်ထားချိန်တွင် Syrup ကျိုပါ့မယ် အမှတ်စဉ်E. မှ ပါဝင်ဝင်ပစ္စည်းများကို အိုးတခုတွင်ထည့်ပြီး တဝက် ကျန်အောင် ကျို ပြီးဘေးဖယ်ထားပါ ။ ဖုတ်ထားသော မုန့် ကျက် ပြီဆိုပါက အပြင်ထုတ် ပြီး ကျိုထားသော Honey Lemon Syrup
ကို မျက်နှာပြင် အနှံ့ ကိတ်သားထဲသို့ စိမ့်ဝင်အောင်သုတ်ပေးပြီး အအေးခံကာ အရသာထူးတဲ့ ရွှေကြည် ကိတ် ကို လိုသလို လှီးဖြတ်ပြီးသုံးဆောင်နိုင်ပါပြီ ။

ဖရုံသီးပူတင်း




ဖရုံသီးပူတင်းအတွက်ဦးစွာပထမ ဖရုံသီးနုနုတလုံးကို ရေ ဆေးသန့်စင်ပါ။ပုံမှာပါတဲ့အတိုင်းဓားချွန်ချွန်နဲ့အရာပေးပြီးအိုးပုံစံလေးလှီးထုတ်ပါ ။အဆင်မပြေလည်းအကွင်းလိုက်လှီးလိုက်လို့ရပါတယ်။ ပြီးလျှင်အတွင်းမှအသားများအစေ့များကိုဇွန်းဖြင့်ကော်ထုတ်သန့်စင်လိုက်ပါ။ဖရုံသီးအိုးလေးအဆင်သင့်ပြီဆိုပါကရေနွေးအိုးပေါင်းဖို့အဆင်သင့်တည်ထားလို့ရပါပြီ။အတွင်းမှာထည့်ဖို့ပူတင်းအတွက်ပြင်ဆင်ပါ့မယ်။
မိမိပြုလုပ်မဲ့ဖရုံသီးအိုးအရွယ်ကို ကြည့်ပြီးပူတင်းအချိုးကိုချိန်ဆပါ။
ပူတင်းအတွက်လိုအပ်ပစ္စည်း
***************
နို့စိမ်း - ၂၀၀ ဂရမ်
ကြက်ဥ -၂လုံး
သကြား -၂ဇွန်း (အချို ကြိုက်ရင် ပို ထည့်ပါ)စားပွဲတင်ဇွန်း
ပျားရည် - ၁ဇွန်း
(၁)အိုးတခုတွင် နို့စိမ်း၊သကြား၊ပျားရည်ထည့်ပြီးအပူပေးပါ။ ကြက်ဥကိုခေါက်ထားပါ ။
(၂)အပူပေးထားသောနို့စိမ်းဆူပွက်စရာမလိုပါ။ပူပြီးသကြားပျော်ပါကခေါက်ထားသောကြက်ဥကိုဖြေးဖြေးချင်းထည့်ကာအဆက်မပျက်မွေပေးပါ။နို့နှင့်ကြက်ဥတသားထည်းဖြစ်ပါကဇကာတခုဖြင့်စစ်ထုတ်လိုက်ပါ ။နို့တအားပူလျှင်ကြက်ဥကျက်ပြီးအဖတ်များဖြစ် တတ်ပါတယ်။ (၃)စစ်ပြီးသားပူတင်းရည်ကိုအဆင်သင့်လုပ်ထားသောဖရုံသီးအိုးလေးထည်းထည့်ပြီးအဖုံးပြန်ဖုံးထားပါ။ (၄)ရေဆူတည်ထားသောပေါင်းအိုးတွင်ဖရုံသီးအောက်ခြေငြိမ်အောင်ပန်းကန်တခုခံပြီးပေါင်းပါ။ဖရုံသီးအရွယ်ပေါ်မူတည်ပြီးပေါင်းချိန်ကြာမြင့်ပါမယ်။ခုလုပ်ထားသောအရွယ်ကိုတနာရီပေါင်းရပါတယ်။နာရီဝက်တခါလောက်ဖရုံသီးအိုးလေးဖွင့်ကြည့်ကာပူတင်းသားကျက်မကျက်ကြည့်ပါ။ (၅)အလယ်တည့်တည့်ကိုဖိကြည့်ပြီးမာခဲလာလျှင်မီးဖိုမှချပြီးရေခဲသေတ္တာတွင်ထည့်ပြီးအအေးခံထားပါ။ (၆)လုံးဝအေးမှသာလျှင်ထုတ်ယူပြီးလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါ
ပြီ ။အရသာပူတင်းချိုချိုအေးအေးနဲ့ဖရုံစိမ့်စိမ့်တွဲဖက်ပြီးစားရတာထူးကဲတဲ့အရသာပါ ။

ချောကလတ်​ စ​တော်​ဘယ်​ရီဖက်​ထုပ်

Chocolate & Strawberry Ravioli

ချောကလတ်ကိတ်



Molten Chocolate Lava Cake
ပါဝင်ပစ္စည်း
******
ချောကလတ် - ၄၅ ဂရမ်
ထောပတ် - ၅၀ဂရမ်
ကြက်ဥ - တစ်လုံး
ကြက်ဥအနှစ် - တစ်လုံး
သကြား - ၂၀ ဂရမ်
ဂျုံ - ၁၇ ဂရမ်
ပြုလုပ်နည်း
******
(၁)ချောကလတ်နဲ့ Butter ကိုအပူပေးပြီးရောမွေထားပါ။
(၂)ကြက်ဥကိုသကြားနဲ့ရောမွေပါ။
(၃)သကြားပျော်လျှင်ချောကလတ်အရောနဲ့ရောမွေပါ။ (၄)ပြီးလျှင်ဂျုံမှုန့်ထည့်ကာနှံ့ရုံမွေပေးပြီးထောပတ်သုတ်ထားသောခွက်တွင်ထည့်ပြီးအပူချိန်၂၀၀ံဆင်တီဂရိတ်ဖြင့်၈မိနစ်လောက်ဖုတ်ပြီးအပေါ်မျက်နှာပြင်ပိုင်းခြောက်ပြီးတင်းလာလျှင်သုံးဆောင်နိုင်ပါပြီ။ အပြင်ပိုင်းကိတ်သားတင်းတင်းလေးနဲ့အတွင်းကချောကလတ် ဆော့လေးတွေကနူးညံ့ပြီးစားလို့အလွန်ကောင်းတဲ့ချောကလတ်ကိတ်လေးဖြစ်ပါတယ်။

Chocolate Walnut Brownies


Chocolate Walnut Brownies

(1)ထောပတ် - ၃၀၀ဂရမ်
(2)သကြား - ၄၀၀ဂရမ်
      ဆား - ၁ ဂရမ်
(3) ကြက်ဥ - လေးလုံး
(4) ဂျုံ - ၄၀၀ ဂရမ်
      Baking powder - ၃ ဂရမ်
      ကိုကိုးမှုန့် - ၈၀ ဂရမ်
      (၃မျိုးပေါင်းဇကာချထားပါ)
(5)သစ်ကြားသီး - ၁၅၀ ဂရမ် လုံးခြမ်းကွဲခြေထားပါ
(6) Chocolate Paste  - ၃၀၀ ဂရမ်
ပြုလုပ်နည်း
******
အမှတ်စဉ်(1)မှbutter ကို အပူပေးပြီး (70'C လောက် မဆူပွက်ရ )မီးဖိုမှချပြီးအမှတ်စဉ်(2)ကိုထည့်ပြီးမွေပါ နာနတ်သီးအနှစ်ကဲ့သို့ပျစ်လာပါက (3)မှ ကြက်ဥကို တလုံးစီထည့်ပြီးအဆက်မပျက်မွေပေးပါ။ ချောမွေ့လာပါက အမှတ်စဉ်(4)မှ ဇကာချထားသောပစ္စည်း များကိုထည့်မွေပေးပါ။ နောက်ဆုံးတွင် အမှတ်စဉ်(5)ကို ထည့်ကာ သာသာလေးနှံ့ရုံမွေပြီးအသင့်လုပ်ထားသောဆီသုတ်စက္ကူခင်းထားသောဘမ်းတွင်လောင်းထည့်ပြီး 180ံ C မိနစ် 40- 45 Mins ထည့်ပါ။ နာရီဝက်တွင်တချက်ကြည့်ပါ ။ မုန့်သားကျက်မကျက် တုတ်ချောင်းသေးသေးဖြင့်ထိုး၍စစ်ကြည့်ပြီး မုန့်သားကျက်ပါက အပြင်ထုတ်အအေးခံကာ အပေါ်မှ ချောကလတ်သုတ်ပြီး အလှဆင်ကာသုံးဆောင် နိုင်ပါပြီ ။

ပြောင်းဖူးပူတင်း





Sweet Corn Pudding

ပါဝင်ပစ္စည်းများ
Sweet Corn - 2no.
Egg - 3no.
Milk -3/4 cup
Flour - 3/4 cup
Sugar- 3Tbsp
Salt - pinch
Butter -1 Tbsp
ပါဝင်ပစ္စည်းအားလုံးကို ကြိတ်စက် ဖြင့်ကြိတ်ပြီးမီးအေးအေးဖြင့် ကျိုပါ ကျိုနေစဉ် အဆက်မပျက်မွေပေးပါ  မုန့် နှစ်အတော် သင့်ပျစ်လာပါက ထောပတ် သုတ်ထားသော ခွက်လေးများအတွင်းသို့ထည့်ကာ ဘမ်းတွင် ရေ ခံပြီးပူ တင်းပေါင်းနည်းအတိုင်း မိနစ်၃၀ပေါင်းပါ အတွင်းမှ မုန့် နစ် ကျက်မကျက်ကို သွားကြားထိုးတံလေးဖြင့် ထိုးကြည့်ပြီး အတွင်းသားကျက်ပါက အအေးခံပြီးသုံးဆောင် နိုင်ပါပြီ ရှင်

Peanut Butter Cheese Cake


No Bake Peanut Butter Cheese Cake

Peanut Butter cheese cake အောက်ခံbase အတွက်
(1)Oreo ခြေပြီးသား - 11/4cup
melted Butter - 1/4cup
ဦးစွာCake ပြုလုပ်မည့်ဘမ်းကိုဆီသေချာသုတ်ပြီးခြေပြီးသားOreo ကိုအရည်ပျော်အောင်လုပ်ထားသောbutterဖြင့်ရောမွေကာဘမ်းအောက်ခြေတွင်သေချာဖိခင်းပြီရေခဲသေတ္တာထည်းတွင်အအေး ခံ ထားပါ။
(2)Cream Cheese - 500gm
peanut butter - 1cup
sugar -1cup
Heavy cream - 11/2cup
Chocolate bar - 1 bar
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဇလုံတခုတွင် Cream cheese (အပြင်ထုတ်ထားသော) နှင့်သကြား peanut butterတို့ကိုမွေပေးပါ။ (၂)နောက်ထပ်ဇလုံတခုတွင်cream 1cupကိုမာအောင်မွေပေးပါ။ (၃)ပြီးလျှင် Cream cheese အရောထည်းသို့ရောထည့်ကာသမ အောင်မွေပေးပါ။
(၄)ပြီးလျှင်အအေးခံထားသော oreoအပေါ်မှလောင်းထည့်ကာ မျက်နှာပြင်ညီအောင်လုပ်ပြီးရေခဲသေတ္တာတွင်သုံးနာရီခန့်ထားပါ။
(၅)ကျန်ရှိနေသောcream1/2cupနှင့်ချောကလတ်ကိုအပူပေးပြီးပျော်အောင်လုပ်ပြီးသမအောင်မွေပေးပါ။
(၆)အအေးခံထားသော cheese cake အေးပြီဆိုပါက၎င်းအပေါ်မှ ဖျော်ထားသောချောကလတ်ကိုလောင်းပြီးပြန်လည် အအေးခံထားပါ။ (၇)အေးပြီးမာလာသောအခါဘမ်းဘေးပတ်လည်ကိုဓားဖြင့်အရာပေးပြီးမှသာမိမိနှစ်သက်သောအရွယ်လှီးဖြတ်သုံးဆောင်နိုင်ပါပြီ။
မှတ်ချက်။
ရေခဲသ္တောတွင်သာသိမ်းထားရန် ၊အခန်းအပူချိန်တွင်ကြာကြာထား ပါကပြန်ပျော့သွားပါတယ်။

ကောက်ညင်း & ကန်ဇွန်းဥ ဆနွင်းမကင်း


ကောက်ညင်းဆနွင်းမကင်းစိန်ဖေကြီးလုပ်နည်းကတင်ထားပြီးသားပါ။ကန်ဇွန်းဥအေ၇ာင်လေးလှလို့အောက်ခံအဖြစ်ထည့်ထားတာပါ။၇ိုး၇ိုးလေးနဲ့အေ၇ာင်လေးစပ်ပြီးလုပ်ထားတာမို့တမျိုးဆွဲဆောင်မှုရှိပါတယ်။လုပ်နည်းလေးကြည့်၇အောင်နော် ။
ကောက်ညင်းအလွှာအတွက် ပါဝင်သောပစ္စည်း
*************************
ကောက်ညင်း - ဆန်ချိန်ခွက်၃ခွက်
သကြား -  ၁၅၀ ဂရမ်
အုန်းနို့ခ၇င်မ် - ၂၀၀ml
ဆား - လ္ဘက်ဇွန်းတဝက်
ဆီ - ၃ဇွန်း စားပွဲတင်
အောက်ခံကန်ဇွန်းဥအလွှာအတွက်ပါဝင်သောပစ္စည်း
*****************************
ကန်စွန်းဥ - ၅၀၀ ဂ၇မ်
သကြား - ၁၀၀ ဂ၇မ်
ထောပတ် - နှစ်ဇွန်း စားပွဲတင်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကန်ဇွန်းဥကိုပြုတ်ပြီးအခွံသင်ကာကြေအောင်ချေပြီးသကြားနှင့်ထောပတ်ထည့်ကာသကြားပျော်အောင်မွေပေးပါ။
(၂)ပြီးလျှင်ပြုလုပ်မည့်ဘမ်းတွင်အောက်ခံငှက်ပျောဖတ်ကိုခင်းပြီးချေပြီးသားကန်ဇွန်းဥကိုထည့်ပြီးဖိ၍မျက်နှာပြင်ညီအောင်ပြုလုပ်ပြီးေ၇ခဲသေတ္တာတွင်မာအောင်ထည့်ထားပါ။
(၃) ရေတည သို့ လေးနာရီခန့်စိမ်ထားသောကောက်ညင်းကိုထမင်းပေါင်းအိုးတွင်ပါ။ရေနှင့်အုန်းနို့ရောပြီးဆန်နှင့်ရေမျက်နှာပြင်ညီထည့်ပါ။ဆား၊သကြားနှင့်ဆီထည့်ပြီးမွေပေးပါ။ခလုတ်နှိပ်ပြီးကောက်ညင်းကိုချက်ထားပါ။
(၄) ရေခမ်းပြီးခလုတ်ပြုတ်ပါက၁၅မိနစ်ခန့်အဖုံးမဖွင့်ဘဲထားပါ။
(၅)ကျက်ပြီသားကောက်ညင်းကိုအထက်အောက်သေချာမွေပေးပါ
(၆)အအေးခံထားသောကန်ဇွန်းဥမာခဲသွားပါကအပေါ်မှချက်ပြီးသားကောက်ညင်းကိုထည့်ပြီးဖိပေးပါ။မျက်နှာပြင်ချောမွေ့ပါကအအေးခံ ကာလိုသလိုလှီးဖြတ်ပြီးသုံးဆောင်နိုင်ပါပြီ။
**အပေါ်ယံမျက်နှာပြင်အေ၇ာင်၇အောင်ပြုလုပ်လိုပါကအုန်းနို့အနည်းငယ်လူးပြီးအပေါ်မီးသက်သက်ဖြင့်အေ၇ာင်၇အောင်ကင်ပေးနိုင်ပါတယ်။

မုန့်​လက်​​ဆောင်းဖက်​လုပ်​နည်း


Cendol
ပထမဆုံးအကြိမ်ကိုယ်တိုင်လုပ်ဖြစ်တဲ့မုန့်လက်ဆောင်းဖတ်လေးပါ။အပြင်မှာဝယ်လို့၇ပေမဲ့အဖြူေ၇ာင်မရှိဘဲအစိမ်းေ၇ာင်ဘဲဝယ်လို့၇တယ်။ဖြူဖြူလေးမှမြန်မာမုန့်လက်ဆောင်းနဲ့တူတာမို့တကူးတကလုပ်စားဖြစ်တာလေးပါ။မုန့်လက်ဆောင်ဖတ်ပြုလုပ်နည်းလေးကဆန်တိုဖူးလုပ်နည်းနှင့်အတူတူဘဲဖြစ်ပါတယ်။ရှမ်းပြည်မှာတော့မုန့်လက်ဆောင်းဖတ်ကိုဆန်တိုဖူး၊မုန့်ကျွဲသည်းနဲ့တွဲေ၇ာင်းပါတယ်။မုန့်ကျွဲသည်းပြုလုပ်လိုပါကေ၇အစားထန်းလျက်၇ည်ကိုသုံးပါ။ ပြုလုပ်နည်းတူပြီးနောက်ဆုံးအဆင့်တွင်ဇလုံတွင်မခဲဘဲေ၇ထည်းညစ်ချပေးတာဘဲကွဲပါတယ်။
ုမုန့်လက်ဆောင်းဖတ်လုပ်ရန်လိုအပ်သောပစ္စည်း
**************************
ဆန်မှုန့် - ၂ခွက်
ပ​လောပီနံမှုန့်​ - ၂ဇွန်း စားပွဲဇွန်း
ရေ - ၄ခွက်
ထုံးရေကြည် - ၂ခွက်
ဆား - လ္ဘက်ဇွန်း တဝက်
ထုံးရေကြည်ပြုလုပ်နည်း
*************
ထုံး - လ္ဘက်ဇွန်း ၁ဇွန်း
ရေ - ၄ခွက်
ခွက်တခုတွင်ထုံးကိုရေထည်းတွင်ကျေအောင်ဖျော်ပြီးတညထားပါ။အသုံးပြုမည့်အချိန်တွင်အပေါ်ရေကြည်ကိုစစ်ယူထားပါ။ိမုန့်နှစ်ကျိုနည်း
*********
(၁)ဆန်မှုန့်၊ဆားနှင့်ရေကိုအရင်ဖျော်ပြီးအားလုံးကျေပါကအိုးတခုတွင်ထည့်ကာမီးအေးအေးဖြင့်ကျိုပါ။
(၂)ကျိုနေစဉ်အလုံးအခဲမဖြစ်စေရန်အဆက်မပျက်မွေပေးပါ။
(၃)မုန့်နှစ်ရည်များစတင်ပျစ်လာပါကထုံးရည်ကြည်ကိုဖြည်းဖြည်းထည့်မွေပေးပါ။
(၄)တော်တော်ပျစ်လာပါကယောက်မဖြင့်ကော်ကြည့်ပါ။သာမန်ကြွက်မြီးတန်းရုံအနေထားမဟုတ်ဘဲ၎င်းမုန့်နှစ်သည်စေးပိုင်လာပါကအပေါက်ပါသောဇကာကိုအောက်တွင်ေ၇ဇလုံခံပြီးယောက်ချိုဇွန်းဖြင့်ဖိချပေးပါ။အပေါက်ပါသောဇကာမရှိပါကကိတ်လုပ်၇ာတွင်သုံးသောpipping bag(ပလပ်စတစ်အိတ်တောင့်ချွန်းကိုဖောက်ပြီး) တွင်ထည့်ပြီးဖြေးဖြေးဆီညစ်ချပေးပါ။မုန့်ဖတ်အေးအေးလေး၇ရှိ၇န်ေ၇ခဲတုံးလေးများထည့်ထားပါ။
(၅)မုန့်ဖတ်လုံးဝအေးသွားလျှင်ထန်းလျက်၇ည်သို့ အုန်းနို့၇ည်အုန်း သီးဆံ၊နှမ်းထောင်း၊ကောက်ညင်းပေါင်းတို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
*** အစိမ်းေ၇ာင်မုန့်ဖတ်ပြုလုပ်လိုပါကဆွမ်းမွေး၇ွက်ကိုကြိတ်ပြီးအ၇ည်ညစ်ကာေ၇အစားထိုးထည့်ပြီးပြုလုပ်ပါ။

ကြက်​ဥပူတင်း

Caramel Pudding

ပါဝင်ပစ္စည်း
******
ကြက်ဥ - ၆လုံး
နို့စိမ်း -တစ်ဘူး
နွားနို့ - ၂၅၀ ml
နို့ဆီ - တစ်ဘူး
ဗနီလာ အနံ့ - လ္ဘက်ဇွန်း တစ်ဇွန်း
ပျားရည် - တစ်ဇွန်း စားပွဲတင်ဇွန်း
Caramel သကြားရည်
*************
သကြား - တစ်ခွက်
ရေ - ၃ဇွန်း
(၁)ဦးစွာcamarelသကြားရည်အတွက်အိုးတခုတွင်သကြားနှင့်ရေထည့်ပြီးမီးအနေတော်ဖြင့်ကျိုပေးပါ။အိုးကိုစောင်း၍လှည့်ပေးပါ။သကြားအားလုံးပျော်ပါကအရောင်ရလာသည်ထိအိုးကိုလှည့်ပေးပါ။အရောင်အရမ်းရင့်ပါခါးတတ်ပါတယ်။
(၂)လိုချင်သောအရောင်ရလာပါကပူတင်းပြုလုပ်မည့်ခွက်ထဲသို့လောင်းထည့်ကာခွက်မျက်နှာပြင်အနှံ့သကြားရည်ရောက်စေရန်ခွက်(သို့)ဘမ်းကိုလှည့်ပြီးနေရာအနှံ့ရောက်အောင်ပြုလုပ်ပြီးအအေးခံထားပါ။
(၃)ပူတင်းပေါင်းမည့်အိုးဖြင့်ရေဆူအဆင်တင့်တည်ထားပါ။
(၄)ကြက်ဥ၊နို့ဆီ၊ဗနီလာ၊ပျားရည်ကိုရောပြီးBlanderဖြင့်ကြိတ်ပေးပါ။ ကြိတ်စက်ဖြင့်ကြိတ်သည့်နည်းမှာ Sis Khine Chaw Su ပြုလုပ်နည်းဖြစ်ပါတယ်။
(၅)ဇလုံတခုတင်နို့စိမ်းနှင့်နွားနို့ထည့်ပြီးကြက်ဥအရောကိုထည့်၍သာသာမွေပေးပါ။အမြုတ်မထစေရ။အမြုတ်အရမ်းများနေပါကဇကာသေးသေးဖြင့်ညင်သာစွာစစ်ထုတ်ပေးပါ။
(၆)ပြီးလျှင်အအေးခံထားသောCaramelသကြားပေါ်သို့လောင်းထည့်ပြီးအလူမီနီယံခဲစက္ကူဖြင့်ပိတ်ပြီးအသင့်တည်ထားသောရေဆူအိုးတွင်ထည့်ပြီးပထမဆယ်မိနစ်ခန့်ပုံမှန်မီးအားဖြင့်အရင်ပေါင်းပါ။နောက်ဆယ်မိနစ်ပေါင်းချိန်တွင်မီးကိုလျော့ချပြီးရေပွက်သည်ဆိုရုံဖြင့်ပေါင်းပေးပါ။မီးလျော့၍မရသောပေါင်းအိုးဖြစ်ပါကအိုးဖုံးကိုသာသာလေးဟပေးထားပြီးဆူပွက်ခြင်းကိုလျော့ချပေးပါ။ဆူပွက်လွန်းပါကမုန့်သားမလှဖြစ်တတ်ပါတယ်။
(၇)မိနစ်၂၀ပြည့်ပါကပူတင်းကိုဖွင့်ပြီးအလယ်တွင်မုန့်သားကျက်မကျက်အချွန်တခုဖြင့်ထိုးကြည့်ပါ။ကြက်ဥနှစ်များကပ်ပါမလာတော့ပါကမုန့်သားကျက်ပါပြီ။လိုအပ်သောအချိန်ထပ်ပိုပေါင်းပါကပူတင်းသားမလှ ပါ။
(၈)ပူတင်းသားကျက်ပါကမီးဖိုမှချကာခဏအအေးခံပြီးမှသာအပြင်ထုတ်ယူပါ။ပြီးလျှင်ရေခဲသေတ္တာတွင်လုံးဝအေးသွားသည်ထိအအေးခံပြီးပူတင်းခွက်၏ဘေးပတ်လည်ကိုဓားဖြင့်အရာပေးပြီးတည်ခင်းမည့်ပန်းကန်တွင်မှောက်ချပေးပြီးလိုသလိုအလှဆင်ပြီးသုံးဆောင်နိုင်ပါပြီ။

သာကူပြင်


Sago Pudding

မြန်မာမုန့်တစ်မျိုးဖြစ်တဲ့သာကူပြင်လေးကိုငယ်ငယ်ကတည်းကမကြာခဏဆိုသလိုဝယ်စားဖြစ်ပါတယ်။ကိုယ်တိုင်လည်းအကြိမ်ကြိမ်စမ်းလုပ်ခဲ့ဖူးပါတယ်။ဆိုဖီယာအတွက်လွယ်မလိုနဲ့ခက်တဲ့မုန့်လုပ်နည်းတွေထဲမှာတော့မြန်မာမုန့်ကထိပ်ဆုံးကဘဲဆို၇မှာပါ။ဆိုဖီယာလုပ်ထားတဲ့မုန့်အချိုးလေးပြောပြပါ့မယ်။
အောက်ခံသာကူအလွှာအတွက်ပါဝင်ပစ္စည်း
************************
သာကူစေ့ - ၂၀၀ ဂ၇မ်
သကြား - ၁၀၀ ဂ၇မ်
ေ၇ - တစ်လီတာ
အုန်းနို့်(cream ) - ၂၀၀ ml
ဆား - လ္ဘက်ဇွန်း သုံးပုံ တစ်ပုံ
အပေါ်ယံအုန်းနို့အလွှာအတွက်ပါဝင်ပစ္စည်း
***********************
အုန်းနို့ - ၁၀၀ ml
နွားနို့ - ၂၀၀ml
သကြား - ၈၀ ဂ၇မ်
ဂျုံမှုန့် - ၃၀ ဂ၇မ် (စားပွဲတင်သုံးဇွန်း)
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)အိုးတခုတွင်ေ၇ ၊ဆား၊သကြားတို့ကိုထည့်ပြီးကျိုပေးပါ။
(၂)ဆူပွက်ပါကသာကူစေ့ထည့်ပါ။မီးအနေတြော်ဖင့်သာကူအဆံပျောက်ခါနီးထိကျိုပေးပါ။အဆက်မပျက်မွေပေးပါ။ဆယ်မိနစ်က၁၅မိနစ်ခန့်ကြာပါတယ်။
(၃)သာကူ၇ခါနီးအဆံဖြူပျောက်ခါနည်းေ၇ခမ်းလုခမ်းခင်တွင်အုန်းနို့ကိုထည့်ပြီးဆက်ကျိုပေးပါ။
(၄)သာကူအဆံပျောက်ပြီးေ၇ခမ်းလာပါကဆီအနည်းငယ်လူးထားသော၈လက်မအ၇ွယ်ဘမ်းတွင်ထည့်ပြီးအအေးခံထားပါ။
(၅)သာကူအအေးခံထားစဉ်အပေါ်ယံအုန်းနို့အလွှာအတွက်ပြင်ဆင်ထားပါ။အိုးတခုတွင်နွားနို့(အုန်းနို့လျော့ချင်လို့နွားနို့အစား ထိုး ထားခြင်းပါ။နှစ်သက်ပါကအုန်းနို့သုံးနိုင်ပါတယ်)၊သကြား၊အုန်းနို့၊ဂျုံမှုန့်တို့ထည့်ပြီးမွေတံဖြင့်ကြေအောင်မွေပေးပါ။
(၆)ပြီးလျှင်မီးဖိုပေါ်တင်ပြီးအနေတော်မီးဖြင့်ပျစ်လာသည်ထိအဆက်မပျက်မွေပေးပါ။(မခဲပါစေနှင့်)
(၇)ပျစ်လာသောအုန်းနို့အေ၇ာကိုအအေးခံထားသောသာကူပေါ် တွင်ဖြန့်ပြီးလောင်းထည့်ပါ။(တအားပျစ်နေလျှင်ဖြန့်၇ခက်သည်)
(၈)မျက်နှာပြင်ညီအောင်ညိပြီးovenတွင်အပေါ်မီး 220ံC ဖြင့်၁၅မိနစ်ခန့်အေ၇ာင်၇အောင်ကင်ပြီးထုတ်ယူကာအအေးခံထားပါ။မီးသွေးမီးဖြင့်အေ၇ာင်၇အောင်ကင်၍လည်း၇ပါတယ်။
(၉)သာကူပြင်အေးသွားလျှင်လိုသလိုလှီးဖြတ်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။ **လုံးဝအေးသွားမှသာလျှင်ပုံစံမပျက်လှီးဖြတ်နိုင်မှာဖြစ်ပါတယ်။

ကန်​စွန်းဥဒိုးနတ်

Sweet Potato Donut

ရောင်​စုံ​ကျောက်​​ကျော

ရောင်စုံကျောက်ကျော
(စပျစ်၊လိမ္မော်၊ပန်းသီးစိမ်း)

ကျောက်ကျောလုပ်စားမယ်ဆိုအုန်းနို့ကျောက်ကျော၊သီးစုံကျောက်ကျော၊ဖျော်၇ည်ကျောက်ကျောတွေဘဲလုပ်ဖြစ်တာမို့ဒီတခါတော့လှလှလေးနဲ့အမြင်လည်းလှအ၇သာတမျိုးဆီကိုလည်းသီးခြားခံစားစေနိုင်မဲ့ကျောက်ကျောလေးကိုလုပ်ဖြစ်ပါတယ်။ပြုလုပ်၇တာအနည်းငယ်လက်ဝင်ပေမဲ့လှလှပပလေးနဲ့တည်ခင်းဧည့်ခံချိန်မှာပိတိဖြစ်၇တော့အမှန်ပါရှင်။လုပ်နည်းလေးကြည့်၇အောင်နော်။
**ကျောက်ကျောအေ၇ာင်စုံပြုလုပ်၇န်အတွက်
ကျောက်ကျောမှုန့် - ၁၀ ဂ၇မ်
လိမ္မော်ဖျော်၇ည် - ၃၀၀ ml
စပျစ်ဖျော်၇ည် - ၃၀၀ ml
Green apple ပန်းသီးစိမ်းဖျော်၇ည် - ၃၀၀ ml
အေ၇ာင်နှင့်အ၇သာမိမိနှစ်သက်၇ာသုံးနိုင်ပါတယ်။ကျောက်ကျောမှုန့်ကို၃ပုံအညီအမျှခွဲပြီးအအေးသုံးမျိုးဖြင့်သုံးခါကျိုပြီးအအေးခံထားပါ။အေးသွားပါကအတုံးသေးလေးများလှီးကာအေ၇ာင်သမအောင်ေ၇ာမွေထားပါ။
**အပြင်အေ၇ာင်ကြည်ပြုလုပ်၇န်
ကျောက်ကျောမှုန့် - ၁၀ ဂရမ်
သကြား - ၂၅၀ ဂရမ်
ေ၇ - တစ်လီတာ
အိုးတခုတွင်ေ၇၊ကျောက်ကျောမှုန့်နှင့်သကြားထည့်ပြီးဆူပွက်အောင်ကျိုပါ။သကြားနှင့်ကျောက်ကျောမှုန့်ပျော်သွားပါကအအေးခံမည့်ဘမ်းတွင်ထည့်ပြီးဆယ်မိနစ်ခန့်ထားပါ။အ၇မ်းမပူသောအနေအထားတွင်ပထမလှီးဖြတ်ပြီးသားကျောက်ကျောတုံးလေးများကိုလျှင်မြန်စွာနှင့်နေ၇ာနှံ့အောင်ဖြန့် ထည့်ပေးပါ။ (အားလုံးထည့်၇န်မလိုပါ)လိုအပ်သောအေ၇ာင်ပမာဏသာလျှင်ထည့်ပြီးအအေးခံထားပါ။ကျောက်ကျောအတုံးငယ်များထည့်လိုက်ပါကလျှင်မြန်စွာခဲသွား၍ဤအဆင့်တွင်အထူးသတိထား၇န်လိုအပ်ပါတယ်။ကျောက်ကျောအကြည်မှာပူလွန်းလျှင်မ၇ပါ။အေးလျှင်လည်းေ၇ာင်စုံကျောက်ကျောတသားထည်းမကျဖြစ်တတ်ပါတယ်။ကျောက်ကျောေ၇ာင်စုံလုံးဝအေးသွားပါကလိုသလိုလှီးဖြတ်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။ေ၇ာင်စုံကျောက်ကျောကိုသုံးဆောင်ချိန်မှာအတွင်းမှလိမ္မော်၊စပျစ်၊ပန်းသီးအ၇သာကိုသီးခြားဆီအ၇သာခံစား၇စေမှာဖြစ်ပါတယ်။

Steam Rice Cake


(发糕 )
ဆန်နဲ့လုပ်ထားတဲ့မုန့်လေးပါ။ပြုလုပ်၇လွယ်ကူပြီးအပြင်မုန့်တွေအမြဲမစားချင်သူတွေအတွက်သန့်ရှင်းပြီးအာဟာလည်းဖြစ်စေမဲ့မုန့်လေးဘဲဖြစ်ပါတယ်။မုန့်ကိုအချိုပြုလုပ်နိုင်သလိုအဆိမ့်ပြုလုပ် ပြီး အုန်းသီးသကြားမှုန့်အနီတို့နဲ့ လည်းတွဲဖက်စားနိုင်ပါတယ်။    
ပါဝင်ပစ္စည်း
*******
ဆန်မှုန့် - ၂၀၀ဂ၇မ်
သကြား - ၁၇၀ ဂ၇မ်
Yeast - လ္ဘက်ဇွန်း တဇွန်း
Baking Powder - ဇွန်းတဝက်
ေ၇ သို့ အုန်းနို့ - ၄၀၀ml
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာပန်းကန်တစ်ခုတွင် yeast ကိုေ၇ကြက်သီးနွေးစားပွဲ တင်၂ဇွန်းခန့်ဖြင့်ဖျော်ထားပါ။
(၂)ဇလုံတခုတွင် ဆန်မှုန့်နှင့် baking powder ကို ဇကာ ချထားပါ။
(၃)ပြီးလျှင်ေ၇ သို့ အုန်းနို့ ထည့်ပါ။ yeast ဖျော်ထားသည် ကိုထည့်ပြီးအားလုံးသမအောင်ေ၇ာမွေပြီးအဖုံးကိုပလပ်စတစ်ဖြင့်လုံအောင်ပိတ်ပြီးပူနွေးသောနေ၇ာတွင်အပွခံထားပါ။ (၂နာ၇ီခန့်)
(၄)မုန့်နှစ်၇ည် နှစ်ဆခန့်ပွလာပါကသကြားထည့်ပြီးမွေပေးပါ။
(၅)ပေါင်းအိုးကိုေ၇ထည့်ပြီးအဆင်သင့်တည်ထားပါ။ပေါင်းမည့်ခွက်သို့ပန်းကန်လုံးလေးများကိုဆီပါးပါးသုတ်ထားပါ။
(၆)အေ၇ာင်ဖြင့်ပြုလုပ်လိုပါကနှစ်သက်၇ာအေ၇ာင်ထည့်ပါ။မုန့်နှစ်ကိုပန်းကန်ခွက်လေးများတွင်သုံးပုံနှစ်ပုံခန့်ထိထည့်ပြီးပေါင်းအိုးတွင်မိနစ်၂၀ခန့် ပေါင်းပေးပါ။
(၇)မုန့်နှစ်ကျက်မကျက်သိစေ၇န်အချွန်တခုဖြင့်ထိုးကြည့်ပြီးမုန့်သားများကပ်မပါလျှင်မုန့်သားကျက်ပြီမို့ပေါင်းအိုးမှချကာအအေးခံထားပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
***မုန့်သားမျက်နှာပြင်ကွဲထွက်လာသည်ကိုလိုချင်ပါကေ၇အနည်းငယ်လျော့ထည့်ပေး၇ပါမယ်။

ပလောပီနံကိတ်


Cassava Cake

ပလောပီနံကိတ်လေးကိုစင်္ကာပူကမလေးမုန့်ဆိုင်တော်တော်များများမှာ ၇နိုင်ပါတယ်။ပြုလုပ်၇လွယ်ကူပြီးအိမ်မှာလုပ်စားနိုင်အောင်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ပလောပီနံ - တကီလို
သကြားအနု - ၂၃၀ ဂ၇မ်
အုန်းနို့ ခ၇င်မ် - ၂၀၀ ml
ဆား - အနည်းငယ်
ထောပတ် - ၃ဇွန်း စားပွဲတင်
ဆွမ်းမွေးရွက်  - ၅၇ွက်
ေ၇ - ၁၀၀ ml
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ပလောပီနံဥကိုအခွံသင်ပြီးခြစ်ဖြင့်နုနုလေး၇အောင်ခြစ်ထားပါ။
(၂)ဆွမ်းမွေး၇ွက်ကိုေ၇ထည့်ပြီးကြိတ်ကာအ၇ည်ညစ်ထားပါ။ဆွမ်းမွေးအနံ့နှင့်ကာလာဖြင့်အစားထိုးနိုင်သည်။မထည့်ဘဲသဘာဝအေ၇ာင်းတိုင်းလည်းပြုလုပ်နိုင်သည်။
(၃)အဆင်သင့်ဖြစ်ပါကခြစ်ပြီးသားပလောပီနီထဲသို့ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးသမအောင်မွေပေးပါ။
(၄)အိုးတခုတွင်ထည့်ပြီးတဝက်ကျက်အနေထားထိလုံးအောင်မွေပေးပါ။တိုက်၇ိုက်ဘမ်းထည်းထည့်ပြီးဖုတ်နိုင်ပါတယ်။အချိန်ပိုကြာကြာဖုတ်၇ပါတယ်။
(၅)လုံးလာပါကဆီသုပ်ထားသောမုန့်ဖုတ်မည့်ဘမ်းတွင်ထည့်ပြီးOvenတွင်၂၀၀'Cဖြင့်မိနစ်၃၀ခန့်ဖုတ်ပြီးအေ၇ာင်၇ပါကထုတ်ယူအအေးခံကာလိုအပ်သလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။

မုန့်​လက်​​ဆောင်​​ကျောက်​​ကျော

Cendol Aga Aga

သစ်​သီးပီဇာ

Fruit Dessert Pizza

ခု Fruit Dessert Pizza လုပ် နည်း လေး ဘဲ ပြော ပြ မယ် နော် သူက ရိုးရိုးပီဇာ နဲ့ လုပ် ပုံ အဆင့် နည်းနည်းကွဲပါတယ် ဒိုးသားကတော့ တူတူပါဘဲ  ပထမ နှပ် နေ ပြီးသားဒိုးကို ဂျုံ မှုန့် ဖြူးပြီးပြန့် အောင် လက် ဖြင့် သော်လည်းကောင်းလိမ့်တုံးဖြင့် သော်လည်းကောင်းမိမိနှစ်သက်ရာ အထူနေထားထိ ဖြန့်ပါ အောက်ခြေတွင် ဂျုံမှုန့်  အနည်းငယ်ဖြူးပါ ပြီးလျှင် ခက်ရင်းတချောင်းဖြင့် အပေါက်လေးများနေ ရာ အနှံ့လိုက်ဖောက်ပေးပါ
(ဖုတ်ချိန်တွင်လေပူဖောင်းမထလာစေရန်)ဖြစ်ပါတယ်
ဘမ်းဖြင့်ဖုတ်မည်ဆိုပါကဘမ်းကိုဆီအနည်းငယ်သုတ်ပြီး ဖြန့် ထားသောဒိုးကို တင်ပါ
ပြီးလျှင် မျက်နှာပြင် အနှံ့ ကို butter ခပ်ပါးပါးသုတ်လိမ်းပြီး oven တွင် ၃ - ၄မိနစ်ခန့် (အပေါ်မီး280'C အောက်မီး200'C)ဖုတ်ပါ တမိနစ်ခဲ့ အ ချိန် တွင် တချက် ဖွင့် ကြည့်ပါ လေပူဖောင်းထလာပါက အချွန်တခု ဖြင့် ထိုးပြီးဖိချပေးပါ အရောင်ရလာပါကဒိုးသားကျက်ပါပြီ  အပြင်ထုတ်ပြီး ဆော့ နဲ့ သစ်သီး ထည့်ပါ့မယ် ခုလုပ်ထားတာကတော့ strawberry Jam နဲ့ sweet cream cheese ကို ရော ထားတဲ့ ဆော့ ကို သုတ် ထားတာပါ အလွယ်တကူ ကိုယ်နှစ်သက်ရာ Jam တခု သုတ်လည်းရပါတယ် ပြီးလျှင်ကိုယ် အဆင်သင့်လှီးထားသော သစ်သီးများကို ကိုယ် စိတ် ကူးရှိသလို ပုံဖော်စီရီ ထည့်ပြီးလှီးဖြတ် သုံးဆောင် နိုင်ပါပြီ ။ ။ ။

Bacon Egg Pizza

Bacon Egg Pizza

Pizza dough
**********
ဂျုံ - 1kg
Yeast - 4 gm
သကြား  - 20gm
ဆား  - 20gm
္တနွားနို့  - 25ml
သံလွင်ဆီ - 40 ml
ရေခဲ - 80 gm
ရေ - 420ml
(ဂျုံ တစ်ကီလို လုပ်လျှင် 12 လက်မ ပုံပါဆိုဒ် ၇ခုရပါတယ်။ အိမ်စားများမိမိပြုလုပ်မည့်အပေါ်ချိန်ဆနိုင်ရန် )
(၁)ဂျုံ နှင့် yeast ကို အရင်သမအောင်မွေ။ (၂)ကျန်ပါဝင်ပစ္စည်းအားလုံးကိုရောပြီး ရေခဲ၊ဆား၊သကြားပျော်အောင်မွေပြီးပါကဂျုံ နှင့်Yeast အရောထည်း ထည့်နှယ်ပါ။
(၃)ဂျုံသားပြောင်ချောလာသည်ထိနှယ်ပေးပါ။ပြီးလျှင်နှစ်သက်ရာဆိုဒ် အလုံးလေးများလုံးကာဆီသုပ်ဂျုံဖြူးထားသောဘမ်းတွင်နှစ်လက်မ လောက်ခြားကာစီထည့်ပြီးပလပ်စတစ်လုံအောင်ပိတ်ကာရေခဲသေတ္တာတွင်နှပ်ထားပါ။ပီဇာမလုပ်ခင်တရက်သို့နေ့ဝက်လောက်ကြိုလုပ်ထားတာကလက်နဲ့ဖြန့်ရတာပိုအဆင်ပြေပါတယ် ။တရက်တည်းမကုန်ရင် ဂျုံကိုရေခဲသေတ္တာတွင်၃ရက်လောက်အထားခံပါတယ် ။
ပီဇာပြုလုပ်နည်း
*********
ပီဇာလုပ်ဖို့ လို အပ်သော အဓိက ပစ္စည်းကတော့ Pizza sauce နဲ့ cheese ဘဲ ဖြစ်ပါတယ်
ကျန်တဲ့Ingredientsတွေကတော့မိမိပြုလုပ်မည့်ပီဇာအမျိုးစားပေါ်မူတည်ပြီး ကွဲပြားသွားမှာပါ။
Breakfast Bacn Egg Pizza အတွက်အောက်ခံ sauce ကို mayonnaise သုံးထားပါတယ်။ Mayonnaise အပေါ်က cheese ထည့်ပါ။ ပြီးတော့ကြက်ဥသုံးလုံးးခွဲထည့်ပါ။ Baconနှင့် ကြက်သွန်မိတ်ဖြူးပြီး oven တွင်အပေါ်မီး၂၈၀ဒီဂရီအောက်မီး၂၀၀ ဒီဂရီ ဖြင့် ၆မိနစ်ခန့်ဖုတ်ပြီး ဂျုံသားကျက်ပါကလှီးဖြတ်ကာသုံးဆောင် နိုင်ပါပြီ ။

ပီဇာ










Pizza dough
**********
ဂျုံ - 1kg
Yeast - 4 gm
သကြား  - 20gm
ဆား  - 20gm
္တနွားနို့  - 25ml
သံလွင်ဆီ - 40 ml
ရေခဲ - 80 gm
ရေ - 420ml
(ဂျုံ တစ်ကီလို လုပ်လျှင် 12 လက်မ ပုံပါဆိုဒ် ၇ခုရပါတယ်။ အိမ်စားများမိမိပြုလုပ်မည့်အပေါ်ချိန်ဆနိုင်ရန် )
(၁)ဂျုံ နှင့် yeast ကို အရင်သမအောင်မွေ။ (၂)ကျန်ပါဝင်ပစ္စည်းအားလုံးကိုရောပြီး ရေခဲ၊ဆား၊သကြားပျော်အောင်မွေပြီးပါကဂျုံ နှင့်Yeast အရောထည်း ထည့်နှယ်ပါ။
(၃)ဂျုံသားပြောင်ချောလာသည်ထိနှယ်ပေးပါ။ပြီးလျှင်နှစ်သက်ရာဆိုဒ် အလုံးလေးများလုံးကာဆီသုပ်ဂျုံဖြူးထားသောဘမ်းတွင်နှစ်လက်မ လောက်ခြားကာစီထည့်ပြီးပလပ်စတစ်လုံအောင်ပိတ်ကာရေခဲသေတ္တာတွင်နှပ်ထားပါ။ပီဇာမလုပ်ခင်တရက်သို့နေ့ဝက်လောက်ကြိုလုပ်ထားတာကလက်နဲ့ဖြန့်ရတာပိုအဆင်ပြေပါတယ် ။တရက်တည်းမကုန်ရင် ဂျုံကိုရေခဲသေတ္တာတွင်၃ရက်လောက်အထားခံပါတယ် ။
ပီဇာပြုလုပ်နည်း
*********
ပီဇာလုပ်ဖို့ လို အပ်သော အဓိက ပစ္စည်းကတော့ Pizza sauce နဲ့ cheese ဘဲ ဖြစ်ပါတယ်
ကျန်တဲ့Ingredientsတွေကတော့မိမိပြုလုပ်မည့်ပီဇာအမျိုးစားပေါ်မူတည်ပြီး ကွဲပြားသွားမှာပါ။
Pizza Sauceပြုလုပ်ရန်***
ခရမ်းချဉ်သီး အခွံ ခွာပြီးသား ready made ဘူးကိုအရည် နည်းနည်းညစ်ထုတ်ပြီးမညက်တညက်ကြိတ်ထားပါ။
ဆား
သကြား
သံလွင်ဆီ
Oregano
တို့ကိုထည့်ပြီးသမအောင်မွေပါ ။
Mozzarella Cheese ကိုသုံးပါတယ်။
(၁)နှပ်ထားပြီးသားဂျုံကိုဂျုံမှုန့်ဖြူးပြီးဖြန့်ကာဆီသုပ်ထားသောဘမ်းသို့ဇကာပေါ်တင်ပါ။
(၂)pizza sauce ကိုဘေးအနားနှစ်စိပ်လောက်ချန်ကာလူးပေးပါ ။ (၃)sauce အပေါ်မှcheese ဖြူးပါ။
(၄)မိမိပြုလုပ်မည့်အစာတို့ကိုထည့်ပါ။
(၅)ပြီးလျှင်အပေါ်မှcheeseအနည်းငယ်အရောင်လှအောင်ထပ်ဖြူးပြီး ovenတွင်အပေါ်၂၈၀ ဒီကရီ ၊ အောက် ၂၀၀ ဒီကရီ မီးဖြင့် ၅မိနစ် ၆မိနစ်ခန့် ခန့်ဖုတ်ပြီး မုန့်အရောင်ရကာမုန့်သားကျက်ပါကလှီးဖြတ် သုံးဆောင်နိုင်ပါပြီ ။

ချောကလတ်​ပီဇာ

Dessert Pizza

ထိုင်းကြက်​ဆီထမင်း



Thai Style Chicken Rice
ကြက်​ဆီထမင်းချက်​ပုံချက်​နည်းပုံစံကွဲ​လေး​တွေရှိ​ပေမဲ့အ​ခြေခံအားဖြင့်​​တော့တူညီကြပြီးပါဝင်​ပစ္စည်းအနည်းငယ်​သာကွဲပြားတတ်​ကြပါတယ်​။ဆိုဖီယာမျှ​ဝေ​ပေးချင်​တာက​တော့ယိုးဒယားကြက်​ဆီထမင်းချက်​နည်း​လေးဘဲဖြစ်​ပါတယ်​။
ယိုးဒယားကြက်ဆီထမင်းချက်ရန်အတွက်ဦးစွာပထမကြက်ဆီအရင်ချက်ရပါတယ်။ကြက်ဆီဖတ်ကိုကိုယ့်အိမ်မှာစုထားတာဖြစ်ဖြစ်၊ဈေးကဖြစ်ဖြစ်ဝယ်ယူလို့ရပါတယ်။
ကြက်​ဆီချက်​၇န်​လိုအပ်​​သောပစ္စည်း
********************
ကြက်ဆီဖတ် -တစ်ကီလို
စပါးလင် - နှစ်ချောင်းထုပြီးထုံးပါ။
ဂျင်း - ခပ်ကြီးကြီးနှစ်တက်ထုပြားထားပါ။
သံပုရာသီးကြီးကြီး - တလုံးထပ်ခြမ်းခြမ်းပါ။
ကြက်သွန်ဖြူ - ဥကြီးကြီး အခွံမသင်ဘဲအလယ်ကနေထပ်ခြမ်းခြမ်းထားပါ။
ကြက်​ဆီချက်​နည်း
**********
(၁)ပါဝင်ပစ္စည်းအားလုံးကိုကြက်ဆီဖတ်နှင့်ရောပြီးမီးပြင်းဖြင့်တည်ပါ။မကြာမကြာ မွေပေးပါ။ (၂)အိုးကပ်လာလျှင်မီးလျော့ပြီးကြက်ဆီဖတ်များကြွပ်လာသည်ထိကြော်ပေးပါ။
(၃)ကြွပ်လာလျှင်ထွက်လာသောဆီများကိုစစ်ထုတ်ပြီးပုလင်းတခုဖြင့်ထည့်ထားပြီးမိမိချက်လိုသောအချိန်တွင်အဆင်သင့်ရှိအောင်သိမ်းထားနိုင်ပါတယ်။
ကြက်ဆီထမင်းချက်နည်း
**************
ဆန် - ၆ခွက် ဆန်ချိန်ခွက်
ကြက်ဆီ - ၁၀၀ ဂရမ်
ဂျင်း - လက်တစ်ဆစ်ပါးပါးလှီး
ကြက်သွန်ဖြူ - ၅မြောင်း ဓားပြားရိုက်
စပါးလင် - တစ်ချောင်း ထုပြီးထုံးထားပါ။
ဆွမ်းမွှေးရွက် - နှစ်ပင် ထုံးထားပါ။
ဆား - တစ်ဇွန်း စားပွဲတင်ဇွန်း
သကြား - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကြက်​ဆီထမင်းချက်​နည်း
**************
(၁)ဦးစွာဆန်ဆေးပြီးရေစစ်ထားပါ။
(၂)ချက်မည့်အိုးတခုတွင်ချက်ပြီးသားကြက်ဆီကိုထည့်ပါ။
(၃)ဂျင်း၊ ကြက်သွန်ဖြူ  ၊စပါးလင်တို့ကိုကြက်ဆီ ဖြင့်ဆီသပ်ပါ။
(၄)အနံ့မွှေးလာလျှင်ဆန်ထည့်ပါ။ဆွမ်းမွေးရွက်ကိုထုံးပြီးထည့်ပါ။
(၅)ကြက်ပြုတ်၇ည်ရ​ရှိ၇န်​အတွက်ြ​ပုလုပ်​နည်းမှာ ကြက်​ကိုဆား၊ဟင်းခပ်​မှုန့်​တို့ဖြင့်​သမ​အောင်​နယ်​ပြီး ၁နာ၇ီခန့်​နှပ်​ထားပြီးဂျင်းလက်​တစ်​ဆစ်​ခန့်​ထည့်​ကာေ၇မြှုပ်​၇ုံထည့်​ပြီးနူးအိသည်​ထိပြုတ်​ထားပြီးဆယ်​ယူအ​အေးခံထားပါ။ကျန်​ရှိ​သောကြက်​ပြုတ်ေ၇ကိုထမင်းချက်​၇ာတွင်​ကြက်ပြုတ်ရေအဖြစ်​အသုံးပြုပါ။ကြက်​ပြုတ်​၇ည်
မရှိလျှင်ကြက်သားမှုန့် ဖြင့်ဖျော်ပြီးသုံးနိုင်ပါတယ်။
(၆)အရသာဆား၊သကြား၊ဟင်းခပ်မှုန့်ထည့်ပြီးတည်ပါ။
(၇)ဆူပွက်လာလျှင်ကြက်ဆီများအပေါ်အောက်နှံ့အောင်နှစ်ခါလောက်မွေပေးပါ။
ကျက်လျှင်ကြက်ပေါင်း၊ကြက်ကင်၊ကြက်ကြော်၊သခွားသီး၊နံနံပင်​ မိမိနှစ်သက်ရာဖြင့်တွဲဖက်သုံးဆောင်
နိုင်ပါပြီ။
တွဲဖက်​စားရန်​​ဆော့စ်​ပြုလုပ်နည်း
******************
ပဲငပိအငံ - အချိုပန်းကန်လုံးတစ်လုံး
ပဲငံပြာရည်အကြည် -၅ဇွန်း စားပွဲတင်ဇွန်း
ဗီနီဂါ - ၅ဇွန်း
ကြက်သွန်ဖြူ - ၅မြောင်း
ဂျင်း - လက်တစ်ဆစ်
သကြား - ၃ဇွန်း
ငရုပ်သီး - ဆယ်တောင့်
နံနံပင်အမြစ် - ဆယ်ပင်
ပါဝင်ပစ္စည်းအားလုံးကိုရောပြီးစက်ဖြင့်ကြိတ်ပါ။အရသာမှာချဉ်ငံစပ်ဖြစ်ပါတယ်။ဆော့ကိုပြုလုပ်ပြီးရေခဲသေတ္တာတွင်တာရှည်​ သိမ်းထားနိုင်ပါတယ်။

30 May 2015

ဒန်​​ပေါက်


ဆန်တပြည် တပြည်
ကြက်သွန်နီ ၃၀သား (ကြက်သွန်ကြော်ပြီးသားခြေထားသောထမင်းစားပန်းကန်လုံးတစ်လုံး)
ဆား  ၁ဇွန်း (ဟင်းစားဇွန်း)
ဒန်ပေါက်မဆလာတဇွန်း
သကြား ၂ဇွန်း
အချိုမှုန့် ဇွန်းတဝက်
ဆီ ၅ကျပ်သား
ထောပတ် ၅ကျပ်သား
သီဟိုဠ်စေ့ တဆယ်သား
စပျစ်ခြောက် ၅ကျပ်သား
ပဲစိမ်းလုံး တဆယ်သား
ကာလာ အစိမ်းရောင်
ကာလာ လိမ္မော်ရောင်
ဆန်ပြုတ်ရန်***
ကရဝေးရွက် ၅ရွက်
သစ်ဂျပိုးခေါက် ၂ချောင်း
ဆား တဇွန်း
ဒန်ပေါက်ချက်နည်းတယောက်နဲ့တယောက်မတူပါဘူး ကိုယ်ကတော့ဒန်ပေါက်ကို ဆီများများအနှစ်များများနဲ့စားရတာမကြိုက်ပါဘူး
ခု ချက်ထားတာကတော့ ကိုယ့်အကြိုက်ချက်ထားတာပါ ကြက်သားနဲ့ ထမင်းကို ခွဲချက်ပါတယ်
ကြက်သားကို အရင် ဆုံး လိုသလို ခုတ်ထစ်ပြီး ဆား ဆနွင်း အရောင်တင် ကြက်သွန်ကြော် ဒိန်ချဉ် ဂျင်းကြက်သွန်ဖြူ ဆီ မဆလာတို့ဖြင့်နှယ်ပြီး နှပ်ထားပါတယ် ကြက်ကို အနှစ်အနည်းငယ်နဲ့ကြက်သားနှပ်ပုံစံချက်ထားပါတယ်
ဒန်ပေါက်အတွက်မဆလာကို ကိုယ့်ဘာသာ စပ်ပါတယ် ဇီယာ၅ကျပ်သားကို ဖာလာ စေ့ ရှစ်စေ့ထည့်ပြီး ကြိတ် ထားပါ ကြက်သွန်နီကြော်ကို အရင် ကြေအောင် ခြေပါ ခြေပြီးပါက ပန်းကန်လုံးတလုံးဖြင့် ချိန်ပြီး ဇလုံ တခု တွင် ထည့် ကာ ဆား ၁ဇွန်း သကြား၂ဇွန်း အချိုမှုန့် ဇွန်းတဝက် ကြိတ်ထားသော မဆလာ ၁ဇွန်းမောက်မောက်ထည့် ကာရောမွေထားပါ
ဆန်ကို နာရီဝက်ခန့် ရေစိမ် ထားပါ
ရေ နွေးအိုးတည်ကာ ပွက်ပါက ကရဝေးရွက်နှင့်သစ်ဂျပိုးခေါက်ထည့်ပါ ဆား၁ဇွန်းထည့်ကာ စိမ်ထားသော ဆန်ကိုရေစစ်ပြီးထည့်ပြုတ်ပါ တဝက်ကျက်အနေထားရပါက ဇကာတွင်ရေစစ်ထားပါ ပြီးလျှင်အဖုံးလုံသည့်အိုးတခုတွင် ဆန်ကို သုံးပုံတပုံ ခန့်ထည့်ပါ အရသာရောစပ်ပြီးသားကြက်သွန်တဝက်ကို ဆန်ပေါ်တွင်ဖြန့်ခင်းပါ အပေါ်မှာ ဆန် တပုံ ထပ်ခင်းပါ ကျန်ကြက်သွန်ကြော်တဝက်ကို ခင်းထည့်ပါ ပြီးလျှင် လက်ကျန် ဆန်များကို ခင်းထည့်ပြီးလျှင် သီဟိုဠ်စေ့ စပျစ်ခြောက် ပဲစိမ်းတို့ကို ထည့်ပါ ထောင့်တနေရာတွင် ကာလာနှစ်ရောင်ကိုနေရာခြားပြီး ရေဖျော်ပြီး ထည့်ပါ ပြီးလျှင် အဖုံးလုံလုံ ဖြင့် ဖုံးပြီး အောက်မီးများများဖြင့် ခဏတည်ကာ အပူ ပေးပါ အငွေ့ ထွက်ပါက အောက်မီးလျော့ချကာ အပေါ်မီးအောက်မီးနည်းနည်းဖြင့်နှပ်ပေးပါ အငွေ့ ကောင်းကောင်းထွက်လာပါက ထမင်းနှပ်ပါပြီ
နှပ်ပြီးသားထမင်းကို မီးဖိုပေါ်မှချကာ (နှပ်ထားသောအိုးကျယ်ကျယ်ပြန့်ပြန့်ရှိပါကအိုးချိန်းရန်မလို ) အိုကြီးကြီးသို့မဟုတ် ဘမ်းကြီးကြီးတခုတွင်သွန်ချပြီး ဆီနှင့် ထောပတ်ထည့်ကာ ဖြေးဖြေးချင်းဆန်လုံးမပျက်အောင်သာသာရောမွေပေးပါ ထမင်းကြက်သွန် အရသာ ကာလာ အားလုံးကိုယောက်မဖြင့်သာသာရောမွေပြီး အိုးတွင်ပြန်ထည့်ပြီး ဖုံးအုပ်ထားပါ ပြီးလျှင်နှပ်ထားသောကြက်သားဖြင့်ပွဲပြင်ပြီး သခွားသီးချဉ် ပူစီနံ ဘာလချောင် တို့ဖြင့် တွဲဖက်သုံးဆောင် နိုင်ပါပြီ

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...